ပူလီဆစ်ဟာ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် အသင်းမျိုးမှာ ကစားနိုင်စွမ်းရှိတဲ့ ကစားသမားလို့ ဆိုလိုက်တဲ့ အမေရိကန်နည်းပြ

ချဲလ်ဆီးတောင်ပံကစားသမား ပူလီဆစ်ဟာ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာလို အသင်းကြီးမျိုးမှ ကစားနိုင်စွမ်းရှိတဲ့ ကစားသမား ဖြစ်တယ်လို့ အမေရိကန်နည်းပြ ဘာဟယ်တာ က ပြောသွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ကိုဗစ်-၁၉ ကာလအပြီး ပြန်လည်စတင်တဲ့ ပရီးမီးယားလိဂ်ပွဲများမှာ နည်းပြလမ်းပတ်ရဲ့ အသင်းမှာ ပုံမှန်ပွဲကစားခွင့်ရရှိလာပြီး အသင်းကို ချန်ပီယံလိဂ် တစ်နေရာ ရအောင် အဓိက စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ဂိုးသွင်းပြီး (၅) ဂိုးဖန်တီးထားတဲ့ ပူလီဆစ်ဟာ အင်္ဂလန်မှာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ်လို့ အမေရိကန်နည်းပြ ဘာဟယ်တာက ယုံကြည်ထားပြီး ကမ္ဘာ့အကောင်းဆုံးအသင်းမှာ မကြာခင် ကစားနိုင်မယ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“အသက် ၂၁ နှစ်အရွယ် ပူလီဆစ်ဟာ ချဲလ်ဆီးအသင်းမှာခေါင်းဆောင်တစ်ယောက်ဖြစ်နေပါပြီ။ ဘွန်ဒက်စ်လီဂါက ကစားသမားတစ်ယောက်က အင်္ဂလန်ထိပ်သီးကလပ်အသင်းမှာ ချက်ချင်းခြေစွမ်းပြဖို့ဆိုတာ မလွယ်ကူပါဘူး။ ပူလီဆစ်ကတော့ သူ့ရဲ့ အမြန်နှုန်း နဲ့ ကြံ့ခိုင်မှုတွေကြောင့် အထိုင်ကျန်ပါပြီ။ သူဟာ အမေရိကန် က ကစားသမားတွေအားလုံးအတွက် စံပြဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ခရစ္စတီယန်က ချဲလ်ဆီးအတွက် ပြီးပြည့်စုံပါတယ်။ သူဟာ ဂိုးလည်းသွင်းနိုင်ပြီး ဖန်တီးမှုလည်း လုပ်နိုင်ပါတယ်။ ခရစ္စတီယန်သာ ဒီခြေစွမ်းကို ထိန်းသိမ်းနိုင်မယ်ဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်မှာလည်း ဘာအခက်အခဲမှ မရှိပဲ ကစားနိုင်မှာပါ” လို့ နည်းပြက ဂျာမန်သတင်းစာ Bild ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်ဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၆၁) ပွဲကစားခဲ့ပြီး တောက်ပလာသူတစ်ယောက်ပါ။ သူ့ရဲ့ ခြေစွမ်းကြောင့် အသင်းကြီးတွေဟာ စိတ်ဝင်စားခဲ့ပေမယ့် ချဲလ်ဆီးအသင်းက လျင်လျင်မြန်မြန်ပဲ ပေါင် ၅၈ သန်းနဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ပူလီဆစ္ဟာ ဘာစီလိုနာ နဲ႔ ရီးရဲလ္မက္ဒရစ္ အသင္းမ်ိဳးမွာ ကစားႏိုင္စြမ္းရွိတဲ့ ကစားသမားလို႔ ဆိုလိုက္တဲ့ အေမရိကန္နည္းျပ

ခ်ဲလ္ဆီးေတာင္ပံကစားသမား ပူလီဆစ္ဟာ ရီးရဲလ္မက္ဒရစ္ နဲ႔ ဘာစီလိုနာလို အသင္းၾကီးမ်ိဳးမွ ကစားႏိုင္စြမ္းရွိတဲ့ ကစားသမား ျဖစ္တယ္လို႔ အေမရိကန္နည္းျပ ဘာဟယ္တာ က ေျပာသြားခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ကိုဗစ္-၁၉ ကာလအျပီး ျပန္လည္စတင္တဲ့ ပရီးမီးယားလိဂ္ပြဲမ်ားမွာ နည္းျပလမ္းပတ္ရဲ႕ အသင္းမွာ ပံုမွန္ပြဲကစားခြင့္ရရွိလာျပီး အသင္းကို ခ်န္ပီယံလိဂ္ တစ္ေနရာ ရေအာင္ အဓိက စြမ္းေဆာင္ေပးထားသူလည္း ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းအတြက္ ျပိဳင္ပြဲစံု (၁၁) ဂိုးသြင္းျပီး (၅) ဂိုးဖန္တီးထားတဲ့ ပူလီဆစ္ဟာ အဂၤလန္မွာ ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာမယ္လို႔ အေမရိကန္နည္းျပ ဘာဟယ္တာက ယုံၾကည္ထားျပီး ကမာၻ႕အေကာင္းဆံုးအသင္းမွာ မၾကာခင္ ကစားႏိုင္မယ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“အသက္ ၂၁ ႏွစ္အရြယ္ ပူလီဆစ္ဟာ ခ်ဲလ္ဆီးအသင္းမွာေခါင္းေဆာင္တစ္ေယာက္ျဖစ္ေနပါျပီ။ ဘြန္ဒက္စ္လီဂါက ကစားသမားတစ္ေယာက္က အဂၤလန္ထိပ္သီးကလပ္အသင္းမွာ ခ်က္ခ်င္းေျခစြမ္းျပဖို႔ဆိုတာ မလြယ္ကူပါဘူး။ ပူလီဆစ္ကေတာ့ သူ႔ရဲ႕ အျမန္ႏႈန္း နဲ႔ ၾကံ့ခိုင္မႈေတြေၾကာင့္ အထိုင္က်န္ပါျပီ။ သူဟာ အေမရိကန္ က ကစားသမားေတြအားလံုးအတြက္ စံျပျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

ခရစၥတီယန္က ခ်ဲလ္ဆီးအတြက္ ျပီးျပည့္စံုပါတယ္။ သူဟာ ဂိုးလည္းသြင္းႏိုင္ျပီး ဖန္တီးမႈလည္း လုပ္ႏိုင္ပါတယ္။ ခရစၥတီယန္သာ ဒီေျခစြမ္းကို ထိန္းသိမ္းႏိုင္မယ္ဆိုရင္ သူဟာ ကမာၻ႕အေကာင္းဆံုး အသင္းေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္မွာလည္း ဘာအခက္အခဲမွ မရွိပဲ ကစားႏိုင္မွာပါ” လို႔ နည္းျပက ဂ်ာမန္သတင္းစာ Bild ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ပူလီဆစ္ဟာ ေဒါ့မြန္အသင္းအတြက္ ျပိဳင္ပြဲစံု (၁၆၁) ပြဲကစားခဲ့ျပီး ေတာက္ပလာသူတစ္ေယာက္ပါ။ သူ႔ရဲ႕ ေျခစြမ္းေၾကာင့္ အသင္းၾကီးေတြဟာ စိတ္၀င္စားခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းက လ်င္လ်င္ျမန္ျမန္ပဲ ေပါင္ ၅၈ သန္းနဲ႔ ေခၚယူလိုက္တာျဖစ္ပါတယ္။