အက်သလက်တီကိုမက်ဒရစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန် ချဉ်းကပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီကတည်းက အသင်းရဲ့ လူစာရင်းဟာ လျော့နည်းနေတာဖြစ်သော်လည်း ဝုလ်ဗ်အသင်းဟာ စက်တင်ဘာလ ၁၄ ရက်နေ့ ဘောလုံးပွဲတွေ ပြန်လည်စတင်လာခါနီးအချိန်အထိ အသင်းအတွက် ကစားသမား တစ်ယောက်မှ ခေါ်ယူထားခြင်း မရှိသေးဘူး ဖြစ်ပါတယ်။

သို့သော်လည်း ယခုအခါ ဝုလ်ဗ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်က သောမတ်စ်လီမာကို ခေါ်ယူရန် စောင့်ကြည့်နေတယ်လို့ AS သတင်းဌာနက အဆိုအရ သိရပါတယ်။အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘောလုံးပွဲနားရာမှ ပြန်လည်စတင်လာတဲ့အချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် (၅) ပွဲသာ ကစားခဲ့ရသူဖြစ်ပြီး အသင်းကလည်း ပြင်သစ်လက်ရွေးစင်ကစားသမား နဲ့ လမ်းခွဲချင်နေတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သောမတ်စ်လီမာအတွက် ကာလတန်ကြေး ပေါင် ၂၇ သန်းရရင် လက်ခံသွားမှာဖြစ်လို့ ဝုလ်ဗ်အပြင် သူ့ကို ပရီးမီးယားလိဂ်က အဲဗာတန်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ မိုနာကို ကြယ်ပွင့်ဟောင်းကလည်း အခြားသော ဘောလုံးလိဂ်တွေထက် ပရီးမီးယားလိဂ်ကိုပဲ ပိုပြီး ပြောင်းရွှေ့ချင်နေသူ ဖြစ်ပါတယ်။

အက္သလက္တီကိုမက္ဒရစ္ေတာင္ပံကစားသမား ေသာမတ္စ္လီမာကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ ၀ုလ္ဗ္အသင္း

၀ုလ္ဗ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္ေတာင္ပံကစားသမား ေသာမတ္စ္လီမာကို ေခၚယူရန္ ခ်ဥ္းကပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ျပီးခဲ့တဲ့ရာသီကတည္းက အသင္းရဲ႕ လူစာရင္းဟာ ေလ်ာ့နည္းေနတာျဖစ္ေသာ္လည္း ၀ုလ္ဗ္အသင္းဟာ စက္တင္ဘာလ ၁၄ ရက္ေန႔ ေဘာလံုးပြဲေတြ ျပန္လည္စတင္လာခါနီးအခ်ိန္အထိ အသင္းအတြက္ ကစားသမား တစ္ေယာက္မွ ေခၚယူထားျခင္း မရွိေသးဘူး ျဖစ္ပါတယ္။

သို႔ေသာ္လည္း ယခုအခါ ၀ုလ္ဗ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္က ေသာမတ္စ္လီမာကို ေခၚယူရန္ ေစာင့္ၾကည့္ေနတယ္လို႔ AS သတင္းဌာနက အဆိုအရ သိရပါတယ္။အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေဘာလံုးပြဲနားရာမွ ျပန္လည္စတင္လာတဲ့အခ်ိန္မွာ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ (၅) ပြဲသာ ကစားခဲ့ရသူျဖစ္ျပီး အသင္းကလည္း ျပင္သစ္လက္ေရြးစင္ကစားသမား နဲ႔ လမ္းခြဲခ်င္ေနတာျဖစ္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ေသာမတ္စ္လီမာအတြက္ ကာလတန္ေၾကး ေပါင္ ၂၇ သန္းရရင္ လက္ခံသြားမွာျဖစ္လို႔ ၀ုလ္ဗ္အျပင္ သူ႔ကို ပရီးမီးယားလိဂ္က အဲဗာတန္အသင္းကလည္း စိတ္၀င္စားေနပါတယ္။ မိုနာကို ၾကယ္ပြင့္ေဟာင္းကလည္း အျခားေသာ ေဘာလံုးလိဂ္ေတြထက္ ပရီးမီးယားလိဂ္ကိုပဲ ပိုျပီး ေျပာင္းေရႊ႕ခ်င္ေနသူ ျဖစ္ပါတယ္။