တီမိုဝါနာကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူထားသော်လည်း ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဂျီရူး

ဂျီရူးက ချဲလ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ တီမိုဝါနာကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူလိုက်သော်လည်း သူ့ကို စိုးရိမ်စိတ်မဖြစ်စေဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ တီမိုဝါနာဟာ ကြာသပတေးနေ့က နေရှင်းလိဂ်ပြိုင်ပွဲမှာ ဂျာမနီ နဲ့ စပိန် (၁-၁) သရေကျခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းပြီး သူ့ရဲ့ အဆင့်အတန်းကို ပြသွားခဲ့သူဖြစ်ပါတယ်။

သို့သော်လည်း ဂျီရူးက စတန်းဖိုဒ့်ဘရစ်ချ်က သူ့ရဲ့ အခြေအနေတွေအပေါ်မှာ စိတ်အေးလက်အေးရှိနေတယ်လို့ ပြောသွားခဲ့ပါတယ်။

“ အသင်းကြီးတိုင်းမှာ ပြိုင်ဆိုင်မှုဆိုတာ ရှိပါတယ်။ အဲ့ဒါက ကျွန်တော်ရဲ့ ပွဲထွက်ခွင့်အတွက် ပိုပြီး တိုက်ပွဲဝင်ချင်စိတ်ကို တက်ကြွစေပါတယ်။ အခုကျွန်တော်က အတွေ့အကြုံမရှိတော့တဲ့ အရွယ်မဟုတ်လို့ အသင်းက တီမိုဝါနာကို ဘာကြောင့် ခေါ်ယူခဲ့တာလဲဆိုတာ ကို ကျွန်တေ်ာ သိပါတယ်။

သေချာတာတစ်ခုကတော့ ကျွန်တော်တို့ဟာ တူညီတဲ့ ပုံစံမဟုတ်ပါဘူး။ တစ်ကယ်တိုက်စစ်မှူး တစ်ယောက်က တစ်ယောက်နဲ့ ပုံစံတူတယ်ဆိုရင်တောင် ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ဟာ မတူညီတဲ့ ပွဲတွေ အသင်းတွေနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ နည်းပြက နည်းစနစ်ပိုင်းကို ကြည့်ပြီး လူရွေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါကိုလည်း မနှစ်က ကျွန်တော် လုပ်ပြခဲ့ပါတယ်” လို့ ဂျီရူးက ပြောသွားခဲ့တာဖြစ်ပါတယ်။

မနှစ်က ချဲလ်ဆီးအသင်းရဲ့ အထောင်တိုက်စစ်မှာ ဂျီရူး နဲ့ အေဘရာဟမ်တို့ (၂) ယောက်က တာဝန်ယူခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကြောင့် ဘောလုံးပွဲတွေ နားခဲ့ရပြီးနောက်မှာ ပြင်သစ်တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းရဲ့ (၁၂) ပွဲမှာ (၇) ဂိုးသွင်းပြီး ပထမပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

တီမို၀ါနာကို ေပါင္ ၅၃ သန္းနဲ႔ ေခၚယူထားေသာ္လည္း ခ်ဲလ္ဆီးအသင္းမွာ ပြဲထြက္ခြင့္ တစ္ေနရာအတြက္ တိုက္ပြဲ၀င္သြားမွာျဖစ္တယ္လို႔ ဆိုလိုက္တဲ့ ဂ်ီရူး

ဂ်ီရူးက ခ်ဲလ္ဆီးအသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ တီမို၀ါနာကို ေပါင္ ၅၃ သန္းနဲ႔ ေခၚယူလိုက္ေသာ္လည္း သူ႔ကို စိုးရိမ္စိတ္မျဖစ္ေစဘူးလို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ တီမို၀ါနာဟာ ၾကာသပေတးေန႔က ေနရွင္းလိဂ္ျပိဳင္ပြဲမွာ ဂ်ာမနီ နဲ႔ စပိန္ (၁-၁) သေရက်ခဲ့တဲ့ပြဲမွာ တစ္ဂိုးသြင္းျပီး သူ႔ရဲ႕ အဆင့္အတန္းကို ျပသြားခဲ့သူျဖစ္ပါတယ္။

သုိ႔ေသာ္လည္း ဂ်ီရူးက စတန္းဖိုဒ့္ဘရစ္ခ်္က သူ႔ရဲ႕ အေျခအေနေတြအေပၚမွာ စိတ္ေအးလက္ေအးရွိေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ အသင္းၾကီးတိုင္းမွာ ျပိဳင္ဆိုင္မႈဆိုတာ ရွိပါတယ္။ အဲ့ဒါက ကၽြန္ေတာ္ရဲ႕ ပြဲထြက္ခြင့္အတြက္ ပိုျပီး တိုက္ပြဲ၀င္ခ်င္စိတ္ကို တက္ၾကြေစပါတယ္။ အခုကၽြန္ေတာ္က အေတြ႕အၾကံဳမရွိေတာ့တဲ့ အရြယ္မဟုတ္လို႔ အသင္းက တီမို၀ါနာကို ဘာေၾကာင့္ ေခၚယူခဲ့တာလဲဆိုတာ ကို ကၽြန္ေတ္ာ သိပါတယ္။

ေသခ်ာတာတစ္ခုကေတာ့ ကၽြန္ေတာ္တို႔ဟာ တူညီတဲ့ ပံုစံမဟုတ္ပါဘူး။ တစ္ကယ္တိုက္စစ္မွဴး တစ္ေယာက္က တစ္ေယာက္နဲ႔ ပံုစံတူတယ္ဆိုရင္ေတာင္ ကၽြန္ေတာ္ မစိုးရိမ္ပါဘူး။ ကၽြန္ေတာ္တို႔ဟာ မတူညီတဲ့ ပြဲေတြ အသင္းေတြနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။ နည္းျပက နည္းစနစ္ပိုင္းကို ၾကည့္ျပီး လူေရြးမယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဒါကိုလည္း မႏွစ္က ကၽြန္ေတာ္ လုပ္ျပခဲ့ပါတယ္” လို႔ ဂ်ီရူးက ေျပာသြားခဲ့တာျဖစ္ပါတယ္။

မႏွစ္က ခ်ဲလ္ဆီးအသင္းရဲ႕ အေထာင္တိုက္စစ္မွာ ဂ်ီရူး နဲ႔ ေအဘရာဟမ္တို႔ (၂) ေယာက္က တာ၀န္ယူခဲ့ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ေၾကာင့္ ေဘာလံုးပြဲေတြ နားခဲ့ရျပီးေနာက္မွာ ျပင္သစ္တိုက္စစ္မွဴးဟာ ခ်ဲလ္ဆီးအသင္းရဲ႕ (၁၂) ပြဲမွာ (၇) ဂိုးသြင္းျပီး ပထမပြဲထြက္ လူစာရင္းမွာ ပါ၀င္ခြင့္ရခဲ့တာျဖစ္ပါတယ္။