မက်ဆီကို ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းမှာမှကစားတာ မမြင်ချင်ဘူးလို့ ပြောလိုက်တဲ့ လီဗာပူးနောက်ခံလူ ရော်ဘင်ဆန်

လီဗာပူးနောက်ခံလူရော်ဘင်ဆန်က ဘာစီလိုနာကနေထွက်ဖို့ သတင်းတွေထွက်နေတဲ့ မက်ဆီကို ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းမှာမှ ကစားတာကို မမြင်ချင်ဘူးလို့ ပြောခဲ့ပါတယ်။ မက်ဆီဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်တဲ့အနေအထားတွေမှာ ရှိနေတာကြောင့် ရော်ဘင်ဆန်က အခုလို ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်း ပြုလုပ်တဲ့ ဘာစီလိုနာရဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းနဲ့ပူးပေါင်း ခြင်း မရှိတဲ့ မက်ဆီအနေနဲ့ ဘာစီလိုနာက ထွက်ဖို့သတင်းတွေထွက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မက်ဆီရဲ့ဖခင်နဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပေမယ့် မက်ဆီရဲ့အပြောင်းအရွှေ့အတွက်တော့ တိကျတဲ့ သတင်းတွေ ထွက်ပေါ်လာခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။


ဘာစီလိုနာနဲ့ လာလီဂါတာဝန်ရှိသူတွေက လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီအတွက် စာချုပ်ပါ လျော်ကြေး ယူရိုသန်း ၇၀၀ အလိုရှိနေတာဖြစ်ပြီး မန်စီးတီးပိုင်ရှင်တွေပါဝင်တဲ့ CFG (City Football Group) က မက်ဆီ ရဲ့ စာချုပ်ပါလျော်ကြေးကို ပေးချေဖို့ အဆင်သင့်ဖြစ်နေတာကြောင့် မက်ဆီအနေနဲ့ မန်စီးတီးကို ရောက်ရှိဖို့အတွက် နီးစပ် တဲ့အနေအထားမှာ ရှိနေတယ်လို့ သတင်းတွေက ဆက်တိုက်ဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။

စကော့တလန်နောက်ခံလူဖြစ်တဲ့ ရော်ဘင်ဆန်က “ အတ္တကြီးတယ်လို့ ပြောချင်ရင်ပြောလို့ရပါတယ်။ ကျွန်တော်အနေနဲ့ တော့ မက်ဆီရဲ့အသင်းပြောင်းရွှေ့မယ်ကိစ္စ ဖြစ်မလာဖို့ကို မျှော်လင့်ပါတယ်။ သူကို ပရီးမီးယားလိဂ်ရဲ့ ဘယ်ကလပ် အ သင်းမှာမှ ကစားတာကို မမြင်ချင်ပါဘူး။မက်ဆီလို ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ရှိတာ လိဂ်ပြိုင်ပွဲအတွက် ကောင်းတယ်ဆိုပေမယ့် ပြိုင်ဘက်ခံစစ်မှူးတွေအတွက် ဖိအားဖြစ်စေတာကြောင့် သူကို ဘာစီလိုနာမှာပဲ ဆက်ရှိနေစေချင် ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

မက္ဆီကို ပရီးမီးယားလိဂ္ရဲ႕ ဘယ္အသင္းမွာမွကစားတာမျမင္ခ်င္ဘူးလို႔ ေျပာလိုက္တဲ့ လီဗာပူးေနာက္ခံလူ ေရာ္ဘင္ဆန္
လီဗာပူးေနာက္ခံလူေရာ္ဘင္ဆန္က ဘာစီလိုနာကေနထြက္ဖို႔ သတင္းေတြထြက္ေနတဲ့ မက္ဆီကို ပရီးမီးယားလိဂ္ရဲ႕ ဘယ္အသင္းမွာမွ ကစားတာကို မျမင္ခ်င္ဘူးလို႔ ေျပာခဲ့ပါတယ္။ မက္ဆီဟာ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔အတြက္ နီးစပ္တဲ့အေနအထားေတြမွာ ရွိေနတာေၾကာင့္ ေရာ္ဘင္ဆန္က အခုလို ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္း ျပဳလုပ္တဲ့ ဘာစီလိုနာရဲ႕ပထမဆံုးေလ့က်င့္ခန္းအစီအစဥ္မွာ အသင္းနဲ႔ပူးေပါင္း ျခင္း မရွိတဲ့ မက္ဆီအေနနဲ႔ ဘာစီလိုနာက ထြက္ဖို႔သတင္းေတြထြက္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က မက္ဆီရဲ႕ဖခင္နဲ႔ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြ ေတြ႕ဆံုေဆြးေႏြးခဲ့တယ္ဆိုေပမယ့္ မက္ဆီရဲ႕အေျပာင္းအေရႊ႕အတြက္ေတာ့ တိက်တဲ့ သတင္းေတြ ထြက္ေပၚလာျခင္းမရွိေသးတာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာနဲ႔ လာလီဂါတာဝန္ရွိသူေတြက လာမယ့္ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ မက္ဆီအတြက္ စာခ်ဳပ္ပါ ေလ်ာ္ေၾကး ယူ႐ိုသန္း ၇၀၀ အလိုရွိေနတာျဖစ္ၿပီး မန္စီးတီးပိုင္ရွင္ေတြပါဝင္တဲ့ CFG (City Football Group) က မက္ဆီ ရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးကို ေပးေခ်ဖို႔ အဆင္သင့္ျဖစ္ေနတာေၾကာင့္ မက္ဆီအေနနဲ႔ မန္စီးတီးကို ေရာက္ရွိဖို႔အတြက္ နီးစပ္ တဲ့အေနအထားမွာ ရွိေနတယ္လို႔ သတင္းေတြက ဆက္တိုက္ေဖာ္ျပေနၾကတာပဲ ျဖစ္ပါတယ္။
စေကာ့တလန္ေနာက္ခံလူျဖစ္တဲ့ ေရာ္ဘင္ဆန္က “ အတၱႀကီးတယ္လို႔ ေျပာခ်င္ရင္ေျပာလို႔ရပါတယ္။ ကြ်န္ေတာ္အေနနဲ႔ ေတာ့ မက္ဆီရဲ႕အသင္းေျပာင္းေရႊ႕မယ္ကိစၥ ျဖစ္မလာဖို႔ကို ေမွ်ာ္လင့္ပါတယ္။ သူကို ပရီးမီးယားလိဂ္ရဲ႕ ဘယ္ကလပ္ အ သင္းမွာမွ ကစားတာကို မျမင္ခ်င္ပါဘူး။မက္ဆီလို ကမ႓ာ့အေကာင္းဆံုးကစားသမားတစ္ေယာက္ရွိတာ လိဂ္ၿပိဳင္ပြဲအတြက္ ေကာင္းတယ္ဆိုေပမယ့္ ၿပိဳင္ဘက္ခံစစ္မွဴးေတြအတြက္ ဖိအားျဖစ္ေစတာေၾကာင့္ သူကို ဘာစီလိုနာမွာပဲ ဆက္ရွိေနေစခ်င္ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။