မန်စီးတီးအသင်းပိုင်ရှင်တွေက ၁၀ သင်းမြောက်ပိုင်ဆိုင်မှုအဖြစ် လီဂူး-၂ ကလပ် ထရိုယက်စ်အသင်းကို ဝယ်ယူ

မန်စီးတီးအသင်းပိုင်ရှင်တွေဖြစ်တဲ့ CFG (City Football Group) ဟာ သူတို့ရဲ့ ၁၀ သင်းမြောက်ဘောလုံးကလပ်အဖြစ် လီဂူး-၂ က ထရိုယက်စ်အသင်းကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ CFG ဟာ ဒီနှစ်အစောပိုင်းတုန်းက ပြင်သစ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ နန်စီအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပြီး နောက်ပိုင်းမှာမှ ထရိုယက်စ်အသင်းကို ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။


၂၀၀၁ ခုနှစ်က အင်တာတိုတိုဖလားကို ရရှိခဲ့ဖူးတဲ့ ထရိုယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက လီဂူး-၂ မှာ အဆင့်-၄ နေရာမှာ ရှိနေ ခဲ့တာကြောင့် လီဂူး-၁ကို တန်းတက်ခွင့်မရခဲ့ပါဘူး။ CFG လုပ်ငန်းစုဟာ ထရိုယက်စ်အသင်းပိုင်ရှင်ဟောင်းဖြစ်တဲ့ ဒန်နီရယ် မက်ဆိုနီဆီက ရှယ်ယာတွေကိုဝယ်ယူလိုက်တာကြောင့် အသင်းပိုင်ရှင်သစ်ဖြစ်လာခဲ့တာပါ။ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ မက်ဆီမီရေးကလည်း ထရိုယက်စ်အသင်းရဲ့ ရှယ်ယာအချို့ကို ဝယ်ယူထားတယ်လို့လည်း သိရပါတယ်။


ထရိုယက်စ်ဟာ CFG ရဲ့ အသင်းသစ်ဖြစ်လာတဲ့အတွက် အမေရိကန်မှာရှိတဲ့ နယူးယောက်၊ မဲလ်ဘုန်း ကလပ်တွေအပြင် အင်္ဂလန်၊ ဂျပန်၊ တရုတ်၊ စပိန်၊ ဥရုဂွေး၊ အိန္ဒိယနဲ့ ဘယ်ဂျီယံတို့မှာရှိတဲ့ CFG ပိုင်အသင်းတွေနဲ့ ပိုင်ရှင်တူအသင်းဖြစ်လာခဲ့ ပါတယ်။ ပြင်သစ်နိုင်ငံက လာတဲ့ သတင်းတွေအရတော့ CFG လုပ်ငန်းစုအနေနဲ့ ထရိုယက်စ်အသင်းကို ပေါင် ၉ သန်း ထက်နည်းတဲ့ ငွေကြေးပမဏာနဲ့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန်စီတီးအသင်းရဲ့ အမှုဆောင်ချုပ်လည်းဖြစ်ပြီး CFG ရဲ့ အမှုဆောင်ချုပ်လည်းဖြစ်တဲ့ ဆိုရီယာနိုက “ ပြင်သစ်ဘောလုံး လောကကို ကျွန်တော်တို့အနေနဲ့ စိတ်ဝင်စားနေခဲ့တာ ကြာပါပြီ။ အခုတော့ ထရိုယက်စ်အသင်းကို ဝယ်ယူနိုင်ခဲ့ပါပြီ။ထရို ယက်စ် ဟာ CFG လုပ်ငန်းစုက ပိုင်ဆိုင်တဲ့ ၁၀ သင်းမြောက်ကလပ်လည်း ဖြစ်လာတဲ့အတွက် နှစ်ဘက်စလုံးအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

မန္စီးတီးအသင္းပိုင္ရွင္ေတြက ၁၀ သင္းေျမာက္ပိုင္ဆိုင္မႈအျဖစ္ လီဂူး-၂ ကလပ္ ထ႐ိုယက္စ္အသင္းကို ဝယ္ယူ
မန္စီးတီးအသင္းပိုင္ရွင္ေတြျဖစ္တဲ့ CFG (City Football Group) ဟာ သူတို႔ရဲ႕ ၁၀ သင္းေျမာက္ေဘာလံုးကလပ္အျဖစ္ လီဂူး-၂ က ထ႐ိုယက္စ္အသင္းကို ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။ CFG ဟာ ဒီႏွစ္အေစာပိုင္းတုန္းက ျပင္သစ္ကလပ္ အသင္းတစ္သင္းျဖစ္တဲ့ နန္စီအသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားခဲ့တယ္လို႔ သိရၿပီး ေနာက္ပိုင္းမွာမွ ထ႐ိုယက္စ္အသင္းကို ဝယ္ယူခဲ့တာပဲ ျဖစ္ပါတယ္။
၂၀၀၁ ခုႏွစ္က အင္တာတိုတိုဖလားကို ရရွိခဲ့ဖူးတဲ့ ထ႐ိုယက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက လီဂူး-၂ မွာ အဆင့္-၄ ေနရာမွာ ရွိေန ခဲ့တာေၾကာင့္ လီဂူး-၁ကို တန္းတက္ခြင့္မရခဲ့ပါဘူး။ CFG လုပ္ငန္းစုဟာ ထ႐ိုယက္စ္အသင္းပိုင္ရွင္ေဟာင္းျဖစ္တဲ့ ဒန္နီရယ္ မက္ဆိုနီဆီက ရွယ္ယာေတြကိုဝယ္ယူလိုက္တာေၾကာင့္ အသင္းပိုင္ရွင္သစ္ျဖစ္လာခဲ့တာပါ။ ျပင္သစ္စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးျဖစ္တဲ့ မက္ဆီမီေရးကလည္း ထ႐ိုယက္စ္အသင္းရဲ႕ ရွယ္ယာအခ်ိဳ႕ကို ဝယ္ယူထားတယ္လို႔လည္း သိရပါတယ္။
ထ႐ိုယက္စ္ဟာ CFG ရဲ႕ အသင္းသစ္ျဖစ္လာတဲ့အတြက္ အေမရိကန္မွာရွိတဲ့ နယူးေယာက္၊ မဲလ္ဘုန္း ကလပ္ေတြအျပင္ အဂၤလန္၊ ဂ်ပန္၊ တ႐ုတ္၊ စပိန္၊ ဥ႐ုေဂြး၊ အိႏၵိယနဲ႔ ဘယ္ဂ်ီယံတို႔မွာရွိတဲ့ CFG ပိုင္အသင္းေတြနဲ႔ ပိုင္ရွင္တူအသင္းျဖစ္လာခဲ့ ပါတယ္။ ျပင္သစ္ႏိုင္ငံက လာတဲ့ သတင္းေတြအရေတာ့ CFG လုပ္ငန္းစုအေနနဲ႔ ထ႐ိုယက္စ္အသင္းကို ေပါင္ ၉ သန္း ထက္နည္းတဲ့ ေငြေၾကးပမဏာနဲ႔ ဝယ္ယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
မန္စီတီးအသင္းရဲ႕ အမႈေဆာင္ခ်ဳပ္လည္းျဖစ္ၿပီး CFG ရဲ႕ အမႈေဆာင္ခ်ဳပ္လည္းျဖစ္တဲ့ ဆိုရီယာႏိုက “ ျပင္သစ္ေဘာလံုး ေလာကကို ကြ်န္ေတာ္တို႔အေနနဲ႔ စိတ္ဝင္စားေနခဲ့တာ ၾကာပါၿပီ။ အခုေတာ့ ထ႐ိုယက္စ္အသင္းကို ဝယ္ယူႏိုင္ခဲ့ပါၿပီ။ထ႐ို ယက္စ္ ဟာ CFG လုပ္ငန္းစုက ပိုင္ဆိုင္တဲ့ ၁၀ သင္းေျမာက္ကလပ္လည္း ျဖစ္လာတဲ့အတြက္ ႏွစ္ဘက္စလံုးအတြက္ ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။