အတ္တလန္တာနောက်ခံလူ ကက်စ်တက်ဂ်နီကို ပေါင် ၂၂ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တဲ့ လက်စတာအသင်း

လက်စတာအသင်းဟာ အတ္တလန္တာနောက်ခံလူ ကက်စ်တက်ဂ်နီကို ပေါင် ၂၂ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ လက်စတာအသင်းနဲ့ (၅) စာချုပ ်ချုပ်ဆိုခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ညာနောက်ခံလူတစ်ယောက်ဖြစ်ပေမယ့် ဘယ်နောက်ခံလူနေရာမှာလည်း ကစားနိုင်စွမ်းရှိသူပါ။

ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနဲ့ (၇) ပွဲကစားထားတဲ့ နောက်ခံကို လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးအသင်းကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့သွားတဲ့ ဘင်ချီဝဲလ်နေရာအတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ စပါးအသင်းကလည်း စီးရီးအေ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်တော့တဲ့ ကက်စ်တက်ဂ်နီကို စိတ်ဝင်စားခဲ့ပေမယ့် လက်စတာအသင်းက မြန်မြန်ဆန်ဆန်ပဲ ခေါ်ယူနိုင်ခဲ့ပါတယ်။

ကက်စ်တက်ဂ်နီဟာ လက်ရှိမှာ ဒိန်းမတ်၊ အိုက်စ်လန်အသင်းတို့ နဲ့ ကစားမယ့် နေရှင်းလိဂ်ပွဲအတွက် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေတာဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ (၃) နှစ်က ဂျန့်အသင်းကနေ အတ္တလန္တာအသင်းကို ရောက်ရှိလာပြီးနောက် အသင်းအတွက် အဓိက ကစားသမား (၁) ယောက်အဖြစ် ခြေစွမ်းပြနေပါတယ်။

နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီကလည်း အတ္တလန္တာအသင်းအတွက် (၃၅) ပွဲကစားခဲ့ပြီး စီးရီးအေအမှတ်ပေးဇယား မှာ အဆင့် (၃) နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အထိ ရောက်အောင် အသင်းကို ကူညီစွမ်းဆောင်ပေးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

အတၱလႏာၱေနာက္ခံလူ ကက္စ္တက္ဂ္နီကို ေပါင္ ၂၂ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္တဲ့ လက္စတာအသင္း

လက္စတာအသင္းဟာ အတၱလႏာၱေနာက္ခံလူ ကက္စ္တက္ဂ္နီကို ေပါင္ ၂၂ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္ပါတယ္။ လက္စတာအသင္းနဲ႔ (၅) စာခ်ဳပ ္ခ်ဳပ္ဆိုခဲ့တဲ့ အသက္ ၂၄ ႏွစ္အရြယ္ ကစားသမားဟာ ညာေနာက္ခံလူတစ္ေယာက္ျဖစ္ေပမယ့္ ဘယ္ေနာက္ခံလူေနရာမွာလည္း ကစားႏိုင္စြမ္းရွိသူပါ။

ဘယ္လ္ဂ်ီယံ လက္ေရြးစင္အသင္းနဲ႔ (၇) ပြဲကစားထားတဲ့ ေနာက္ခံကို လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက ျပီးခဲ့တဲ့အပတ္က ခ်ဲလ္ဆီးအသင္းကို ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေရႊ႕သြားတဲ့ ဘင္ခ်ီ၀ဲလ္ေနရာအတြက္ ေခၚယူခဲ့တာျဖစ္ပါတယ္။ စပါးအသင္းကလည္း စီးရီးေအ ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ေတာ့တဲ့ ကက္စ္တက္ဂ္နီကို စိတ္၀င္စားခဲ့ေပမယ့္ လက္စတာအသင္းက ျမန္ျမန္ဆန္ဆန္ပဲ ေခၚယူႏိုင္ခဲ့ပါတယ္။

ကက္စ္တက္ဂ္နီဟာ လက္ရွိမွာ ဒိန္းမတ္၊ အိုက္စ္လန္အသင္းတို႔ နဲ႔ ကစားမယ့္ ေနရွင္းလိဂ္ပြဲအတြက္ ဘယ္လ္ဂ်ီယံ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းေနတာျဖစ္ပါတယ္။သူဟာ ျပီးခဲ့တဲ့ (၃) ႏွစ္က ဂ်န္႔အသင္းကေန အတၱလႏာၱအသင္းကို ေရာက္ရွိလာျပီးေနာက္ အသင္းအတြက္ အဓိက ကစားသမား (၁) ေယာက္အျဖစ္ ေျခစြမ္းျပေနပါတယ္။

ေနာက္ခံလူဟာ ျပီးခဲ့တဲ့ရာသီကလည္း အတၱလႏာၱအသင္းအတြက္ (၃၅) ပြဲကစားခဲ့ျပီး စီးရီးေအအမွတ္ေပးဇယား မွာ အဆင့္ (၃) နဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္အထိ ေရာက္ေအာင္ အသင္းကို ကူညီစြမ္းေဆာင္ေပးခဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။