ဂါဘရီရယ်လ်ကို ခေါ်ယူပြီးလို့ အသင်းက နောက်ခံလူတွေကို ရောင်းချတော့မယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ လိုင်လီအသင်းက ဘရာဇီးနောက်ခံလူ ဂါဘရီရယ်လ်ကို အပြီးသတ်ခေါ်ယူပြီးလို့ ပထမအသင်းက နောက်ခံလူ အချို့ ကို လာမယ့် အပတ်အတွင်းမှာ ရောင်းချတော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် အသင်းရဲ့ နောက်တန်းအတွက် ဂါဘရီရယ်လ်ကို အင်အားဖြည့်တင်းထားပြီး အငှားချထားတဲ့ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ဆာလီဘာ ကိုလည်း ပြန်လည်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

Evening Standard က အဆိုအရ လန်ဒန်ကလပ်အသင်းဟာ အသင်းရဲ့ လူစာရင်းကို မျှတအောင် လုပ်ချင်နေပြီး အပြောင်းအရွှေ့ရာသီမပိတ်သိမ်းခင် ပထမအသင်းက နောက်ခံလူ (၄) ယောက်လောက်အထိကို ရောင်းချချင်နေတယ်လို့ သိရပါတယ်။ သတင်းများအရ အဆိုပါ နောက်ခံလူတွေဟာ ဟိုးလ်ဒင်း၊ ဆိုခရာ့တစ် တို့အပြင် ကိုလာစီနက် လည်းပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းရဲ့ ညာနောက်ခံလူ ဘယ်လာရင်ကိုလည်း ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းက ဟိုးလ်ဒင်းကို အငှားနဲ့ ခေါ်ယူရန် ရေပန်းစားနေပြီး နာပိုလီအသင်းကတော့ ဆိုခရာ့တစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဂါဘရီရယ္လ္ကို ေခၚယူျပီးလို႔ အသင္းက ေနာက္ခံလူေတြကို ေရာင္းခ်ေတာ့မယ့္ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ လိုင္လီအသင္းက ဘရာဇီးေနာက္ခံလူ ဂါဘရီရယ္လ္ကို အျပီးသတ္ေခၚယူျပီးလို႔ ပထမအသင္းက ေနာက္ခံလူ အခ်ိဳ႕ ကို လာမယ့္ အပတ္အတြင္းမွာ ေရာင္းခ်ေတာ့မယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ အသင္းရဲ႕ ေနာက္တန္းအတြက္ ဂါဘရီရယ္လ္ကို အင္အားျဖည့္တင္းထားျပီး အငွားခ်ထားတဲ့ အသက္ ၁၉ ႏွစ္အရြယ္ ေနာက္ခံလူ ဆာလီဘာ ကိုလည္း ျပန္လည္ေခၚယူသြားမွာ ျဖစ္ပါတယ္။

Evening Standard က အဆိုအရ လန္ဒန္ကလပ္အသင္းဟာ အသင္းရဲ႕ လူစာရင္းကို မွ်တေအာင္ လုပ္ခ်င္ေနျပီး အေျပာင္းအေရႊ႕ရာသီမပိတ္သိမ္းခင္ ပထမအသင္းက ေနာက္ခံလူ (၄) ေယာက္ေလာက္အထိကို ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။ သတင္းမ်ားအရ အဆုိပါ ေနာက္ခံလူေတြဟာ ဟုိးလ္ဒင္း၊ ဆိုခရာ့တစ္ တို႔အျပင္ ကိုလာစီနက္ လည္းပါ၀င္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အသင္းရဲ႕ ညာေနာက္ခံလူ ဘယ္လာရင္ကိုလည္း ပီအက္စ္ဂ်ီအသင္းက စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ နယူးကာဆယ္အသင္းက ဟိုးလ္ဒင္းကို အငွားနဲ႔ ေခၚယူရန္ ေရပန္းစားေနျပီး နာပိုလီအသင္းကေတာ့ ဆိုခရာ႔တစ္ကို ေခၚယူရန္ စိတ္၀င္စားေနတာ ျဖစ္ပါတယ္။