၀က်စ်ဟမ်းတောင်ပံကစားသမား ဖီလစ်ပီအန်ဒါဆန်ကို ခေါ်ယူရန် စဉ်းစားနေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းက တောင်ပံကစားသမား ဖီလစ်ပီအန်ဒါဆန်ကို ဒီနွေရာသီမှာ ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ကလည်း ဒေးဗစ်မိုယက်စ်လက်ထက်မှာ အသင်းမှာ ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားကို ရောင်းချပြီး အသုံးစရိတ် ရရှိလိုနေတာဖြစ်ပါတယ်။

အန်ဒါဆန်ဟာ ပရီးမီးယားလိဂ် အစကနေ စပြီး ပွဲ (၂၀) လောက်အထိ ကစားခွင့်ရနေပြီး ဖေဖော်ဝါရီ ၂၅ နောက်ပိုင်းမှာ ဒေးဗစ်မိုယက်စ်က ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ခေါ်ယူခဲ့တဲ့ ဘိုဝန် ကိုသာ ပိုပြီး အသုံးပြုနေခဲ့ပါတယ်။ Football Insider က အဆိုအရ အာဆင်နယ်နည်းပြ အာတီတာဟာ ဘရာဇီးကစားသမားရဲ့ အမာခံ ပရိသတ်ဖြစ်လို့ ဝက်စ်ဟမ်းအသင်းက အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းရင် ပယ်ချဖွယ်မရှိဘူးလို့ သိရပါတယ်။

အာတီတာဟာ ဒီနွေရာသီမှာ အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းနေပြီး အန်ဒါဆန်ကိုလည်း အဓိက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အန်ဒါဆန်ကို ၂၀၁၈ ခုနှစ်က လာဇီယိုအသင်းကနေ ကလပ်စံချန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းပေးပြီး ခေါ်ယူခဲ့ရလိုပ အဲ့ဒီလောက် ပြန်ရလိုနေတယ်လို့ သိရပါတယ်။ အန်ဒါဆန်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး အသင်းဘက်က တစ်နှစ်ထပ်မံ စာချုပ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။

၀က္စ္ဟမ္းေတာင္ပံကစားသမား ဖီလစ္ပီအန္ဒါဆန္ကို ေခၚယူရန္ စဥ္းစားေနတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ၀က္စ္ဟမ္းအသင္းက ေတာင္ပံကစားသမား ဖီလစ္ပီအန္ဒါဆန္ကို ဒီေႏြရာသီမွာ ေခၚယူရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ၀က္စ္ဟမ္းအသင္းဟာ ကလည္း ေဒးဗစ္မိုယက္စ္လက္ထက္မွာ အသင္းမွာ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနတဲ့ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားကို ေရာင္းခ်ျပီး အသံုးစရိတ္ ရရွိလိုေနတာျဖစ္ပါတယ္။

အန္ဒါဆန္ဟာ ပရီးမီးယားလိဂ္ အစကေန စျပီး ပြဲ (၂၀) ေလာက္အထိ ကစားခြင့္ရေနျပီး ေဖေဖာ္၀ါရီ ၂၅ ေနာက္ပိုင္းမွာ ေဒးဗစ္မိုယက္စ္က ဇန္န၀ါရီ အေျပာင္းအေရႊ႕တုန္းက ေခၚယူခဲ့တဲ့ ဘို၀န္ ကိုသာ ပိုျပီး အသံုးျပဳေနခဲ့ပါတယ္။ Football Insider က အဆိုအရ အာဆင္နယ္နည္းျပ အာတီတာဟာ ဘရာဇီးကစားသမားရဲ႕ အမာခံ ပရိသတ္ျဖစ္လို႔ ၀က္စ္ဟမ္းအသင္းက အာဆင္နယ္အသင္းဘက္က ကမ္းလွမ္းရင္ ပယ္ခ်ဖြယ္မရွိဘူးလို႔ သိရပါတယ္။

အာတီတာဟာ ဒီေႏြရာသီမွာ အသင္းရဲ႕ တိုက္စစ္အင္အားကို ျဖည့္တင္းေနျပီး အန္ဒါဆန္ကိုလည္း အဓိက ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ၀က္စ္ဟမ္းအသင္းဟာ အန္ဒါဆန္ကို ၂၀၁၈ ခုႏွစ္က လာဇီယိုအသင္းကေန ကလပ္စံခ်န္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၆ သန္းေပးျပီး ေခၚယူခဲ့ရလိုပ အဲ့ဒီေလာက္ ျပန္ရလိုေနတယ္လို႔ သိရပါတယ္။ အန္ဒါဆန္ဟာ ၀က္စ္ဟမ္းအသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၂) ႏွစ္ပဲ က်န္ရွိေတာ့တာျဖစ္ျပီး အသင္းဘက္က တစ္ႏွစ္ထပ္မံ စာခ်ဳပ္သက္တမ္းတိုးခြင့္ရွိေနတာျဖစ္ပါတယ္။