အေစီမီလန်ကို ပြောင်းချင်လို့ ယူနိုက်တက် နဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချမယ့် အီတလီလူငယ်ကြယ်ပွင့် တိုနာလီ

အီတလီ လူငယ်ကြယ်ပွင့် တိုနာလီဟာ အေစီမီလန်အသင်းကို ပြောင်းရွှေ့ချင်လို့ ယူနိုက်တက် နဲ့ ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုတွေကို ပယ်ချဖွယ်ရှိနေတယ်လို့ ဘရက်စီယာအသင်း ဥက္ကဌ မက်ဆီမိုစီလင်နိုက ပြောသွားခဲ့တာဖြစ်ပါတယ်။ တိုနာလီဟာ ဆန်စီရိုကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖွယ်ရှိနေလို့ ဥရောပက ကမ်းလှမ်းမှု မှန်သမျှကို လက်ခံသွားမှာ မဟုတ်ပါဘူး။

အသက် ၂၀ အရွယ်ကစားသမားကို ယူနိုက်တက် နဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေတယ်လို့ ဘရက်စီယာအသင်း ဥက္ကဌ စီလင်နိုက ဝန်ခံသွားခဲ့ပြီး အင်တာမီလန်က ကမ်းလှမ်းမှုကိုယ်တိုင် ပယ်ချဖွယ်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ “အင်တာမီလန်အသင်း က တိုနာလီကို တစ်ကယ်ကို လိုချင်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။

အင်တာမီလန်နည်းပြကလည်း သူ့ကို ချီးကျူးထားပါတယ်။ ဒါကြောင့် ကျွန်တော်လည်း သူ့ကိုယ်စားလှယ်က အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိပြီလို့ ထင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အေစီမီလန်က စိတ်ဝင်စားတယ်လို့ ပြသခဲ့ပြီး သူကလည်း ဘယ်အသင်းကမှ ကမ်းလှမ်းမှုကို နားမထောင်ချင်တော့ပါဘူး။ ကျွန်တော် တို့မှာ အေစီမီလန် နဲ့ ပတ်သက်ပြီး ကောင်းတဲ့ ဆက်ဆံရေး သမိုင်းကြောင်းတွေ ရှိထားလို့ ချက်ချင်းပဲ သဘောတူညီမှု ရခဲ့ပါတယ်။ ဘာစီလိုနာ နဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားမှုတွေလည်း ရခဲ့ပေမယ့် သူက အေစီမီလန်ကိုပဲ ပြောင်းချင်နေပါတယ်” လို့ စီလင်နိုက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ေအစီမီလန္ကို ေျပာင္းခ်င္လို႔ ယူႏိုက္တက္ နဲ႔ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈေတြကို ပယ္ခ်မယ့္ အီတလီလူငယ္ၾကယ္ပြင့္ တိုနာလီ

အီတလီ လူငယ္ၾကယ္ပြင့္ တိုနာလီဟာ ေအစီမီလန္အသင္းကို ေျပာင္းေရႊ႕ခ်င္လို႔ ယူႏိုက္တက္ နဲ႔ ဘာစီလိုနာအသင္းက ကမး္လွမ္းမႈေတြကို ပယ္ခ်ဖြယ္ရွိေနတယ္လို႔ ဘရက္စီယာအသင္း ဥကၠဌ မက္ဆီမိုစီလင္ႏိုက ေျပာသြားခဲ့တာျဖစ္ပါတယ္။ တုိနာလီဟာ ဆန္စီရိုကလပ္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖြယ္ရွိေနလို႔ ဥေရာပက ကမ္းလွမ္းမႈ မွန္သမွ်ကို လက္ခံသြားမွာ မဟုတ္ပါဘူး။

အသက္ ၂၀ အရြယ္ကစားသမားကိုု ယူႏိုက္တက္ နဲ႔ ဘာစီလိုနာအသင္းတို႔က စိတ္၀င္စားေနတယ္လို႔ ဘရက္စီယာအသင္း ဥကၠဌ စီလင္ႏိုက ၀န္ခံသြားခဲ့ျပီး အင္တာမီလန္က ကမ္းလွမ္းမႈကိုယ္တိုင္ ပယ္ခ်ဖြယ္ရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။ “အင္တာမီလန္အသင္း က တိုနာလီကို တစ္ကယ္ကို လိုခ်င္ေနတယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။

အင္တာမီလန္နည္းျပကလည္း သူ႔ကို ခ်ီးက်ဴးထားပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္လည္း သူ႔ကိုယ္စားလွယ္က အင္တာမီလန္အသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိျပီလို႔ ထင္ခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ ေအစီမီလန္က စိတ္၀င္စားတယ္လို႔ ျပသခဲ့ျပီး သူကလည္း ဘယ္အသင္းကမွ ကမ္းလွမ္းမႈကို နားမေထာင္ခ်င္ေတာ့ပါဘူး။ ကၽြန္ေတာ္ တို႔မွာ ေအစီမီလန္ နဲ႔ ပတ္သက္ျပီး ေကာင္းတဲ့ ဆက္ဆံေရး သမိုင္းေၾကာင္းေတြ ရွိထားလို႔ ခ်က္ခ်င္းပဲ သေဘာတူညီမႈ ရခဲ့ပါတယ္။ ဘာစီလိုနာ နဲ႔ ယူႏိုက္တက္တို႔က စိတ္၀င္စားမႈေတြလည္း ရခဲ့ေပမယ့္ သူက ေအစီမီလန္ကိုပဲ ေျပာင္းခ်င္ေနပါတယ္” လို႔ စီလင္ႏိုက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။