ဂွမ်ဒူဇီကို ခေါ်ယူရန် လုံး၀ စိတ်မဝင်စားဘူးလို့ ဆိုလိုက်တဲ့ ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းက ဂွမ်ဒူဇီကို ခေါ်ယူရန် လုံး၀ စိတ်မဝင်စားဘူးလို့ သတင်းများ ထွက်ပေါ်လာပါတယ်။ အသက် ၂၁ နှစ်အရွယ် ပြင်သစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းနဲ့ ပွဲမှာ တစ်ဖက်အသင်းက ကစားသမား မြူပေး နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာတီတာ ရဲ့ မျက်နှာပေးခြင်းမခံရတော့သူ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ရရှိခဲ့လို့ ဒီရာသီမတိုင်ခင် ကစားခဲ့တဲ့ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်း သူဟာ လူစာရင်းကနေ ချန်လှပ်ထားခံခဲ့ရပါတယ်။

The Telegraph က အဆိုအရ အာဆင်နယ်အသင်းဟာ ဂွမ်ဒူဇီကို စိတ်မဝင်စားသော်လည်း ညာနောက်ခံလူ ဘယ်လာရင်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သောမတ်စ်တူချယ်ရဲ့အသင်းဟာ စပိန်နောက်ခံလူ ဘယ်လာရင်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူရန်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ လန်ဒန်ကလပ်အသင်းဟာ အသက် ၂၅ နှစ်အရွယ်ကစားသမားကို မဆုံးရှုံးချင်ပေမယ့်လည်း အသင်းရဲ့ ကျန်တဲ့ နေရာကို တိုးတက်အောင်လုပ်ရန် အသုံးစရိတ်လိုအပ်နေပါတယ်။

ဂျူဗင်တပ်စ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ဘယ်လာရင်ကို စိတ်ဝင်စားနေကြပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ပထမဆုံး ကမ်းလှမ်းတော့မှာ ဖြစ်ပါတယ်။ ဘယ်လာရင်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိ ရှိနေပေမယ့် သူကိုယ်တိုင်ကလည်း စိန်ခေါ်မှု လိုချင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘယ်လာရင်အတွက် ပေါင် ၂၅ သန်း နဲ့ ကနဦး ကမ်းလှမ်းသွားမှာဖြစ်ပြီး အပိုဆုကြေးအနေနဲ့ ပေါင် ၅ သန်း ထပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဂြမ္ဒူဇီကို ေခၚယူရန္ လံုး၀ စိတ္မ၀င္စားဘူးလို႔ ဆိုလိုက္တဲ့ ပီအက္စ္ဂ်ီအသင္း

ပီအက္စ္ဂ်ီအသင္းဟာ အာဆင္နယ္အသင္းက ဂြမ္ဒူဇီကို ေခၚယူရန္ လံုး၀ စိတ္မ၀င္စားဘူးလို႔ သတင္းမ်ား ထြက္ေပၚလာပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ဘရိုက္တန္အသင္းနဲ႔ ပြဲမွာ တစ္ဖက္အသင္းက ကစားသမား ျမဴေပး နဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့ျပီးေနာက္ပိုင္း အာတီတာ ရဲ႕ မ်က္ႏွာေပးျခင္းမခံရေတာ့သူ ျဖစ္ပါတယ္။ အက္ဖ္ေအဖလား ရရွိခဲ့လို႔ ဒီရာသီမတိုင္ခင္ ကစားခဲ့တဲ့ လီဗာပူးလ္အသင္းကို အႏိုင္ရခဲ့တဲ့ ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲမွာလည္း သူဟာ လူစာရင္းကေန ခ်န္လွပ္ထားခံခဲ့ရပါတယ္။

The Telegraph က အဆိုအရ အာဆင္နယ္အသင္းဟာ ဂြမ္ဒူဇီကို စိတ္မ၀င္စားေသာ္လည္း ညာေနာက္ခံလူ ဘယ္လာရင္ကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ေသာမတ္စ္တူခ်ယ္ရဲ႕အသင္းဟာ စပိန္ေနာက္ခံလူ ဘယ္လာရင္ကို ေပါင္သန္း ၃၀ နဲ႔ ေခၚယူရန္ေဆြးေႏြးေနျပီ ျဖစ္ပါတယ္။ လန္ဒန္ကလပ္အသင္းဟာ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားကို မဆံုးရႈံးခ်င္ေပမယ့္လည္း အသင္းရဲ႕ က်န္တဲ့ ေနရာကို တိုးတက္ေအာင္လုပ္ရန္ အသံုးစရိတ္လိုအပ္ေနပါတယ္။

ဂ်ဴဗင္တပ္စ္ နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ကလည္း ဘယ္လာရင္ကို စိတ္၀င္စားေနၾကေပမယ့္ ပီအက္စ္ဂ်ီအသင္းကေတာ့ ပထမဆံုး ကမ္းလွမ္းေတာ့မွာ ျဖစ္ပါတယ္။ ဘယ္လာရင္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္အထိ ရွိေနေပမယ့္ သူကိုယ္တိုင္ကလည္း စိန္ေခၚမႈ လုိခ်င္တယ္လို႔ ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဘယ္လာရင္အတြက္ ေပါင္ ၂၅ သန္း နဲ႔ ကနဦး ကမ္းလွမ္းသြားမွာျဖစ္ျပီး အပိုဆုေၾကးအေနနဲ႔ ေပါင္ ၅ သန္း ထပ္ေပးသြားမွာ ျဖစ္ပါတယ္။