လန်ဒန်မြို့က စားသောက်ဆိုင်မှာ ဂျိမ်းရိုဒရီဂွတ်ဇ်ကို တွေ့ခဲ့တာကြောင့် အဲဗာတန်ကို ပြောင်းရွှေ့ဖို့ သေချာနေပြီဆိုတဲ့ သတင်းတွေ ခိုင်မာနေပြီလို့ ဖော်ပြ

ရီးရဲလ်ကနေ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူလိုတဲ့အသင်းတွေက စောင့် ကြည့်နေကြပေမယ့် အန်ဆယ်လော့တီကိုင်တွယ်နေတဲ့ အဲဗာတန်ကိုပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက် ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို လန်ဒန်မြို့ရဲ့စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ တွေ့ခဲ့တာ ကြောင့် အဲဗာတန်ကိုပြောင်းဖို့ သေချာသွားခဲ့ပြီလို့ သတင်းတွေ အခိုင်အမာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။


ဂျိမ်းရိုဒရီဂွတ်ဇ်ကို တွေ့ရှိခဲ့တဲ့ စားသောက်ဆိုင်ကတော့ အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်လုဇ်နဲ့ ဝီလီယံတို့ ပေါင်းပြီး ဖွင့်ထားတဲ့ Babbo စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ကြာသပတေးနေ့ အစောပိုင်းမှာတော့ ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ အဲဗာတန်အသင်းနဲ့ ဆေးစစ်ဖို့အတွက် အင်္ဂလန်မြေကို ရောက်ရှိလာတာဖြစ်တယ်ဆိုပြီး သတင်းတွေက ရေးသားဖော်ပြခဲ့ ကြပါတယ်။


အဲဗာတန်အသင်းအနေနဲ့ တနင်္လာနေ့ကတည်းက ဂျိမ်းရိုဒရီဂွတ်ဇ်ကို ၃ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီချက်ရထားပြီ လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အပြီးသတ်စာချုပ်ချုပ်ဆိုဖို့သာ လိုအပ်တော့တာဖြစ်ပါတယ်။ဂျိမ်းရိုဒရီဂွတ်ဇ်ကို ခေါ်ယူ ပြီးနောက်မှာ အဲဗာတန်အနေနဲ့ နာပိုလီကွင်းလယ်လူ အယ်လန်ကိုလည်း ပေါင် ၂၁ သန်းနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ဖော်နေခဲ့ပါတယ်။


ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ ၂၀၁၄ ခုနှစ်က မိုနာကိုကနေ ရီးရဲလ်ကို ပြောင်းရွှေ့ကစားခဲ့တဲ့သူဖြစ်ပြီး ရီးရဲလ်နည်းပြဇီဒန်း လက် အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို ၂ နှစ်အဌားနဲ့ သွားရောက်ကစားခဲ့ရ ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ကို ပြန်ရောက်ခဲ့ပေမယ့် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရီးရဲလ်နည်းပြဟောင်း အန်ဆယ်လော့တီကိုင်တွယ်နေတဲ့ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တာပဲ ဖြစ်ပါ တယ်။

zawgyi version

လန္ဒန္ၿမိဳ႕က စားေသာက္ဆိုင္မွာ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေတြ႕ခဲ့တာေၾကာင့္ အဲဗာတန္ကို ေျပာင္းေရႊ႕ဖို႔ ေသခ်ာေနၿပီဆိုတဲ့ သတင္းေတြ ခိုင္မာေနၿပီလို႔ ေဖာ္ျပ
ရီးရဲလ္ကေန အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူလိုတဲ့အသင္းေတြက ေစာင့္ ၾကည့္ေနၾကေပမယ့္ အန္ဆယ္ေလာ့တီကိုင္တြယ္ေနတဲ့ အဲဗာတန္ကိုေျပာင္းေရႊ႕ဖို႔ နီးစပ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ ေဖာ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာေတာ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို လန္ဒန္ၿမိဳ႕ရဲ႕စားေသာက္ဆိုင္ႀကီးတစ္ဆိုင္မွာ ေတြ႕ခဲ့တာ ေၾကာင့္ အဲဗာတန္ကိုေျပာင္းဖို႔ ေသခ်ာသြားခဲ့ၿပီလို႔ သတင္းေတြ အခိုင္အမာထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။
ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေတြ႕ရွိခဲ့တဲ့ စားေသာက္ဆိုင္ကေတာ့ အာဆင္နယ္ကစားသမားေတြျဖစ္တဲ့ ေဒးဗစ္လုဇ္နဲ႔ ဝီလီယံတို႔ ေပါင္းၿပီး ဖြင့္ထားတဲ့ Babbo စားေသာက္ဆိုင္ပဲ ျဖစ္ပါတယ္။ၾကာသပေတးေန႔ အေစာပိုင္းမွာေတာ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္အေနနဲ႔ အဲဗာတန္အသင္းနဲ႔ ေဆးစစ္ဖို႔အတြက္ အဂၤလန္ေျမကို ေရာက္ရွိလာတာျဖစ္တယ္ဆိုၿပီး သတင္းေတြက ေရးသားေဖာ္ျပခဲ့ ၾကပါတယ္။
အဲဗာတန္အသင္းအေနနဲ႔ တနလၤာေန႔ကတည္းက ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ၃ ႏွစ္စာခ်ဳပ္နဲ႔ေခၚယူဖို႔ သေဘာတူညီခ်က္ရထားၿပီ လို႔ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔သာ လိုအပ္ေတာ့တာျဖစ္ပါတယ္။ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေခၚယူ ၿပီးေနာက္မွာ အဲဗာတန္အေနနဲ႔ နာပိုလီကြင္းလယ္လူ အယ္လန္ကိုလည္း ေပါင္ ၂၁ သန္းနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္ ဆိုတဲ့ သတင္းေတြ ထြက္ေဖာ္ေနခဲ့ပါတယ္။
ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ ၂၀၁၄ ခုႏွစ္က မိုနာကိုကေန ရီးရဲလ္ကို ေျပာင္းေရႊ႕ကစားခဲ့တဲ့သူျဖစ္ၿပီး ရီးရဲလ္နည္းျပဇီဒန္း လက္ ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းကို ၂ ႏွစ္အဌားနဲ႔ သြားေရာက္ကစားခဲ့ရ ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္ကို ျပန္ေရာက္ခဲ့ေပမယ့္ ပြဲထြက္ခြင့္အတြက္ ႐ုန္းကန္ေနရတာေၾကာင့္ အသင္းေျပာင္းဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ၿပီး ရီးရဲလ္နည္းျပေဟာင္း အန္ဆယ္ေလာ့တီကိုင္တြယ္ေနတဲ့ အဲဗာတန္ကို ေျပာင္းေရႊ႕ခဲ့တာပဲ ျဖစ္ပါ တယ္။