၀က်ဖိုဒ့်ကွင်းလယ်လူ ဒိုကူရီ ကို အဲဗာတန်နဲ့ မိုနာကို အပြိုင်စိတ်ဝင်စား

အဲဗာတန် နဲ့ မိုနာကိုအသင်းတို့ဟာ ဝက်ဖိုဒ့်ကွင်းလယ်လူ ဒိုကူရီကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဝက်ဖိုဒ့်အသင်းဟာ တန်းဆင်းခဲ့ရလို့ အသက် ၂၇ နှစ်အရွယ် ဒိုကူရီဟာ အသင်းက ထွက်ခွာချင်နေပြီး အဲဗာတန်အသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လီဂူး ၁ ကလပ် မိုနာကို အသင်းကလည်း ကွင်းလယ်ကစားသမားကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်လာပြီလို့ Evening Standard သတင်းဌာနက အဆိုအရ သိရပါတယ်။ အဲဗာတန်အသင်းဟာ ဒိုကူရီကို ခေါ်ယူရန်အတွက် အသင်းက ကစားသမားတစ်ယောက် ပြန်လည် အငှားချရန် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒိုကူရီကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရပါတယ်။ နည်းပြ အန်စလော့တီဟာ စပါးကို ပြောင်းသွားတဲ့ ဆောက်သမ်တန်က ဟော့ချ်ဘက်ချ် ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒိုကူရီဟာ ဝက်ဖိုဒ့်အသင်းကို ပြီးခဲ့တဲ့ (၄) နှစ်က ရောက်ရှိလာပြီး အသင်းရဲ့ အဓိက ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ပရီးမီးယားလိဂ် (၁) ပွဲသာ လွဲချော်ခဲ့သူဖြစ်ပါတယ်။

၀က္ဖိုဒ့္ကြင္းလယ္လူ ဒိုကူရီ ကို အဲဗာတန္နဲ႔ မိုနာကို အျပိဳင္စိတ္၀င္စား

အဲဗာတန္ နဲ႔ မိုနာကိုအသင္းတို႔ဟာ ၀က္ဖိုဒ့္ကြင္းလယ္လူ ဒိုကူရီကုိ ေခၚယူရန္ အျပိဳင္စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ၀က္ဖုိဒ့္အသင္းဟာ တန္းဆင္းခဲ့ရလို႔ အသက္ ၂၇ ႏွစ္အရြယ္ ဒိုကူရီဟာ အသင္းက ထြက္ခြာခ်င္ေနျပီး အဲဗာတန္အသင္းကလည္း စိတ္၀င္စားေနတာ ျဖစ္ပါတယ္။

လီဂူး ၁ ကလပ္ မိုနာကို အသင္းကလည္း ကြင္းလယ္ကစားသမားကို စိတ္၀င္စားေနတဲ့အသင္းေတြထဲက တစ္သင္းျဖစ္လာျပီလို႔ Evening Standard သတင္းဌာနက အဆိုအရ သိရပါတယ္။ အဲဗာတန္အသင္းဟာ ဒိုကူရီကို ေခၚယူရန္အတြက္ အသင္းက ကစားသမားတစ္ေယာက္ ျပန္လည္ အငွားခ်ရန္ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းဟာ ျပီးခဲ့တဲ့ရာသီက ဒိုကူရီကို ေပါင္သန္း ၃၀ နဲ႔ ကမ္းလွမ္းခဲ့ေသာ္လည္း ပယ္ခ်ျခင္းခံခဲ့ရပါတယ္။ နည္းျပ အန္စေလာ့တီဟာ စပါးကို ေျပာင္းသြားတဲ့ ေဆာက္သမ္တန္က ေဟာ့ခ်္ဘက္ခ်္ ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒိုကူရီဟာ ၀က္ဖိုဒ့္အသင္းကို ျပီးခဲ့တဲ့ (၄) ႏွစ္က ေရာက္ရွိလာျပီး အသင္းရဲ႕ အဓိက ကစားသမားျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီကလည္း ပရီးမီးယားလိဂ္ (၁) ပြဲသာ လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။