ပရီးမီးယားလိဂ်မှာ အံ့မဝင်တဲ့ အန်ဒွန်ဘီလီ ကို ရောင်းချချင်နေတဲ့ စပါးနည်းပြ မော်ရင်ဟို

ပြီးခဲ့တဲ့ နွေရာသီက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၄ သန်းပေးပြီး ခေါ်ယူခဲ့တဲ့ အန်ဒွန်ဘီလီကို စပါးအသင်းဟာ ရောင်းချချင်နေတယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမားကို ပိုချက်တီနိုက ခေါ်ယူခဲ့တာဖြစ်ပေမယ့် မော်ရင်ဟိုရောက်လာပြီးနောက်ပိုင်း ခြေစွမ်းမပြနိုင်လို့ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရသူဖြစ်ပါတယ်။

သတင်းများအရ မော်ရင်ဟိုဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူမယ့် အသင်းရှိလာပါက ရောင်းချချင်နေတယ်လို့ သိရပါတယ်။ စပါးနည်းပြဟာ အန်ဒွန်ဘီလီဟာ ပရီးမီးယားလိဂ် နဲ့ အံ့ဝင်မှာ မဟုတ်ဘူးလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပေးခဲ့ရတဲ့ တန်ကြေး ပြန်ရမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရှိထားတာဖြစ်ပါတယ်။ အန်ဒွန်ဘီလီဟာ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရလို့ ပြင်သစ်မှာ ကွာရာတင်းဝင်ရောက်နေရပါတယ်။ မော်ရင်ဟိုဟာ အန်ဒွန်ဘီလီကို သူ့ရဲ့ အစီအစဉ်ကနေ ထုတ်ပယ်ခြင်းမရှိသေးပေမယ့် အပြောင်းအရွှေ့က အောက်တိုဘာလ ၅ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်လို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဝုလ်ဗ်က ဒိုဟာတီကို ခေါ်ယူနိုင်ခဲ့လို့ အသင်းက နောက်ခံလူ အော်ရီရာကို ရောင်းချချင်နေပါတယ်။ ဒါ့အပြင် အာဂျင်တီးနား ဗဟိုနောက်ခံလူ ဖို့တ်ကိုလည်း စိတ်ဝင်စားကမ်းလှမ်းမှုတွေ ခံထားရပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် အရန်အဖြစ် အထောင်တိုက်စစ်မှူးတစ်ယောက်ကို အဓိက ခေါ်ယူလိုဆဲ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဘရိုက်တန်က အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး နူနက်ဇ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ္မွာ အံ့မ၀င္တဲ့ အန္ဒြန္ဘီလီ ကို ေရာင္းခ်ခ်င္ေနတဲ့ စပါးနည္းျပ ေမာ္ရင္ဟို

ျပီးခဲ့တဲ့ ေႏြရာသီက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၄ သန္းေပးျပီး ေခၚယူခဲ့တဲ့ အန္ဒြန္ဘီလီကို စပါးအသင္းဟာ ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။ ကြင္းလယ္ကစားသမားကို ပိုခ်က္တီႏိုက ေခၚယူခဲ့တာျဖစ္ေပမယ့္ ေမာ္ရင္ဟိုေရာက္လာျပီးေနာက္ပိုင္း ေျခစြမ္းမျပႏိုင္လို႔ အရန္ခံုမွာပဲ အခ်ိန္ကုန္ခဲ့ရသူျဖစ္ပါတယ္။

သတင္းမ်ားအရ ေမာ္ရင္ဟိုဟာ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ေခၚယူမယ့္ အသင္းရွိလာပါက ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။ စပါးနည္းျပဟာ အန္ဒြန္ဘီလီဟာ ပရီးမီးယားလိဂ္ နဲ႔ အံ့၀င္မွာ မဟုတ္ဘူးလို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။ စပါးအသင္းဟာ ျပီးခဲ့တဲ့ေႏြရာသီက ေပးခဲ့ရတဲ့ တန္ေၾကး ျပန္ရမယ္ဆိုရင္ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အသင္းဟာ ကိုရုိနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဘ႑ာေရး ထိခိုက္ဆံုးရႈံးမႈေတြ ရွိထားတာျဖစ္ပါတယ္။ အန္ဒြန္ဘီလီဟာ လက္ရွိမွာ ကိုဗစ္-၁၉ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ရလို႔ ျပင္သစ္မွာ ကြာရာတင္း၀င္ေရာက္ေနရပါတယ္။ ေမာ္ရင္ဟိုဟာ အန္ဒြန္ဘီလီကို သူ႔ရဲ႕ အစီအစဥ္ကေန ထုတ္ပယ္ျခင္းမရွိေသးေပမယ့္ အေျပာင္းအေရႊ႕က ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ကုန္ဆံုးမွာျဖစ္လို႔ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ၀ုလ္ဗ္က ဒိုဟာတီကို ေခၚယူႏိုင္ခဲ့လို႔ အသင္းက ေနာက္ခံလူ ေအာ္ရီရာကို ေရာင္းခ်ခ်င္ေနပါတယ္။ ဒါ့အျပင္ အာဂ်င္တီးနား ဗဟိုေနာက္ခံလူ ဖို႔တ္ကိုလည္း စိတ္၀င္စားကမ္းလွမ္းမႈေတြ ခံထားရပါတယ္။ စပါးအသင္းဟာ ဟယ္ရီကိန္းအတြက္ အရန္အျဖစ္ အေထာင္တိုက္စစ္မွဴးတစ္ေယာက္ကို အဓိက ေခၚယူလိုဆဲ ျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ ဘရိုက္တန္က အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္မွဴး ႏူနက္ဇ္ကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။