အာဆင်နယ်အသင်းရဲ့ စပိန်နောက်ခံလူ ဘယ်လာရင်ကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းတော့မယ့် ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းက စပိန်နောက်ခံလူ ဘယ်လာရင် ကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းရန် ဆွေးနွေနေပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အသက် ၂၅ နှစ်အရွယ်ကစားသမားကို မရောင်းချချင်ပေမယ့် လက်ခံလို့ရမယ့် ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖွယ်ရှိပြီး အသင်းရဲ့ အခြားနေရာတွေကို တိုးတက်အောင် လုပ်သွားမယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ဘယ်လာရင်ကို စိတ်ဝင်စားနေကြပေမယ့် ပီအက်စ်ဂျီအသင်းက ပထမဆုံး လှုပ်ရှားမှာ ဖြစ်ပါတယ်။ ဘယ်လာရင်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးပေမယ့် သူကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်လိုချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကနဦး ပေါင် ၂၅ သန်း နဲ့ ခေါ်ယူပြီး အပိုဆုကြေး (၅) သန်း သတ်မှတ်မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘယ်လာရင်ကို ရောင်းချပြီး မစ်လန်းနိုင်းစ်ကို အသင်းမှာ ဆက်ပြီးထားဖွယ်ရှိနေပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ အက်သလက်တီကိုမက်ဒရစ်က သောမတ်စ်ပါတေး နဲ့ လိုင်ယွန်က ဟောက်ဆန်အဝါး တို့ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က စီဘယ်လော့စ်ကို ထပ်ပြီး အငှားခေါ်ယူထားပါတယ်။



