ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိသွားတဲ့ လီဗာပူးလ် ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်း

ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိသွားတဲ့ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ စပိန်က သတင်းများအရ သိရပါတယ်။ ဒက်ချ်ကွင်းလယ်လူကို လက်ရှိဘာစီလိုနာနည်းပြသစ်ဖြစ်တဲ့ ဟော်လန်နည်းပြဟောင်း ရော်နယ်ကိုးမန်းက ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

ဝိုင်နယ်လ်ဒမ်းဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သော်လည်း စာချုပ်သစ် ဆွေးနွေးရာမှာ ကြန့်ကြာနေပြီး အင်္ဂလန်ကနေ စပိန်ကို ပြောင်းကစားချင်နေတယ်လို့ သတင်းများအရ သိရပါတယ်။သတင်းများက ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသက် ၂၉ နှစ်အရွယ်ကစားသမားအတွက် ပေါင် ၁၈ သန်းထက် ပိုမပေးရန် ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဝိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေလို့ အဲ့ဒီတန်ကြေးပဲ ဘာစီလိုနာက သတ်မှတ်ထားတာပါ။

ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုမှာလည်း အဓိက ကစားသမားဖြစ်ခဲ့ပြီး တစ်ပွဲပဲ လွဲချော်ခဲ့သူပါ။ရှေ့တစ်နှစ်က ချန်ပီယံလိဂ်မှာ လီဗာပူးလ်အသင်းက ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ (၄-ဝ) နဲ့ ပြန်လည်အနိုင်ရခဲ့တဲ့ပွဲမှာလည်း သူဟာ အန်ဖီးလ်မှာ လီဗာပူးလ်အသင်းအတွက် (၂) ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။

ဝိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်အသင်းကို ပြီးခဲ့တဲ့ (၄) နှစ်ကတည်းက နယူးကာဆယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၈၇) ပွဲကစားပြီး (၁၉) ဂိုးသွင်းပေးထားပါတယ်။ လီဗာပူးလ်အသင်းဘက်ကလည်း နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးမယ့်အစား ဒီအပြောင်းအရွှေ့မှာပဲ ရောင်းချသွားဖွယ်ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို ကိုလည်း ဆက်သွယ်မှုတွေ များစွာလုပ်ထားတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင္းနဲ႔ သေဘာတူညီမႈ ရရွိသြားတဲ့ လီဗာပူးလ္ ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္း

ဘာစီလိုနာအသင္းနဲ႔ သေဘာတူညီမႈ ရရွိသြားတဲ့ ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္းဟာ လီဗာပူးလ္အသင္းကေန ထြက္ခြာေတာ့မယ္လို႔ စပိန္က သတင္းမ်ားအရ သိရပါတယ္။ ဒက္ခ်္ကြင္းလယ္လူကို လက္ရွိဘာစီလိုနာနည္းျပသစ္ျဖစ္တဲ့ ေဟာ္လန္နည္းျပေဟာင္း ေရာ္နယ္ကိုးမန္းက ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။

၀ုိင္နယ္လ္ဒမ္းဟာ ျပီးခဲ့တဲ့ရာသီက လီဗာပူးလ္အသင္းရဲ႕ အဓိက ကစားသမားျဖစ္ေသာ္လည္း စာခ်ဳပ္သစ္ ေဆြးေႏြးရာမွာ ၾကန္႔ၾကာေနျပီး အဂၤလန္ကေန စပိန္ကို ေျပာင္းကစားခ်င္ေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။သတင္းမ်ားက ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားအတြက္ ေပါင္ ၁၈ သန္းထက္ ပိုမေပးရန္ ျပင္ဆင္ထားတာျဖစ္ပါတယ္။ ၀ုိင္နယ္လ္ဒမ္းဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ကို ေရာက္ေနလို႔ အဲ့ဒီတန္ေၾကးပဲ ဘာစီလိုနာက သတ္မွတ္ထားတာပါ။

ကြင္းလယ္ကစားသမားဟာ ျပီးခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈမွာလည္း အဓိက ကစားသမားျဖစ္ခဲ့ျပီး တစ္ပြဲပဲ လြဲေခ်ာ္ခဲ့သူပါ။ေရွ႕တစ္ႏွစ္က ခ်န္ပီယံလိဂ္မွာ လီဗာပူးလ္အသင္းက ဘာစီလိုနာအသင္းကို အိမ္ကြင္းမွာ (၄-၀) နဲ႔ ျပန္လည္အႏိုင္ရခဲ့တဲ့ပြဲမွာလည္း သူဟာ အန္ဖီးလ္မွာ လီဗာပူးလ္အသင္းအတြက္ (၂) ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။

၀ိုင္နယ္လ္ဒမ္းဟာ လီဗာပူးလ္အသင္းကို ျပီးခဲ့တဲ့ (၄) ႏွစ္ကတည္းက နယူးကာဆယ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့တာျဖစ္ျပီး အသင္းအတြက္ ျပိဳင္ပြဲစံု (၁၈၇) ပြဲကစားျပီး (၁၉) ဂိုးသြင္းေပးထားပါတယ္။ လီဗာပူးလ္အသင္းဘက္ကလည္း ေနာက္ရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဆံုးရႈံးမယ့္အစား ဒီအေျပာင္းအေရႊ႕မွာပဲ ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။ လီဗာပူးလ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို ကိုလည္း ဆက္သြယ္မႈေတြ မ်ားစြာလုပ္ထားတာ ျဖစ္ပါတယ္။