ဒီရာသီ မန်စီးတီးမှာ ဆက်နေပေမယ့် စာချုပ်သက်တမ်းတိုးသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ နောက်ခံလူ အဲရစ်ဂါစီယာ

မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာက ဒီရာသီမှာ အသင်းမှာ ဆက်နေပေမယ့် စာချုပ်သက်တမ်းတိုးသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ လူငယ်နောက်ခံလူ အဲရစ်ဂါစီယာကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ သို့သော်လည်း အဲရစ်ဂါစီယာဟာ နောက်နွေရာသီမှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွာသွားမယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ် အသင်းကို ကျွန်တော် ၂၀၂၁ ကျော်တာနဲ့ စာချုပ်သက်တမ်းမတိုးချင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့ နိုင်ငံပွဲတွေပြီးရင် မန်စီးတီးကို ပြန်သွားပြီး နောက်ရာသီအတွက် အာရုံစိုက်သွားမှာပါ” လို့ အဲရစ်ဂါစီယာက မာကာ သတင်းဌာနကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲရစ်ဂါစီယာဟာ ဂျာမနီ နဲ့ ယူကရိန်းတို့ နဲ့ ကစားမယ့် စပိန်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံး ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ဂါွဒီယိုလာရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်ခဲ့လို့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးတော့မလားဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲရစ်ဂါစီယာဟာ မန်စီးတီးအသင်းအတွက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၂၂) ပွဲကစားပြီး သူပွဲထွက်ပါဝင်ကစားခဲ့တဲ့ (၁၃) ပွဲမှာ မန်စီးတီးအသင်းဟာ (၂) ပွဲသာ ရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီ မန္စီးတီးမွာ ဆက္ေနေပမယ့္ စာခ်ဳပ္သက္တမ္းတိုးသြားမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ေနာက္ခံလူ အဲရစ္ဂါစီယာ

မန္စီးတီးေနာက္ခံလူ အဲရစ္ဂါစီယာက ဒီရာသီမွာ အသင္းမွာ ဆက္ေနေပမယ့္ စာခ်ဳပ္သက္တမ္းတိုးသြားမွာ မဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ လူငယ္ေနာက္ခံလူ အဲရစ္ဂါစီယာကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း အဲရစ္ဂါစီယာဟာ ေနာက္ေႏြရာသီမွာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ျပီး အသင္းကေန ထြက္ခြာသြားမယ္လို႔ သိရပါတယ္။

“ဟုတ္ပါတယ္ အသင္းကို ကၽြန္ေတာ္ ၂၀၂၁ ေက်ာ္တာနဲ႔ စာခ်ဳပ္သက္တမ္းမတိုးခ်င္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ဟာ စပိန္လက္ေရြးစင္အသင္းနဲ႔ ႏိုင္ငံပြဲေတြျပီးရင္ မန္စီးတီးကို ျပန္သြားျပီး ေနာက္ရာသီအတြက္ အာရံုစိုက္သြားမွာပါ” လို႔ အဲရစ္ဂါစီယာက မာကာ သတင္းဌာနကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

အဲရစ္ဂါစီယာဟာ ဂ်ာမနီ နဲ႔ ယူကရိန္းတို႔ နဲ႔ ကစားမယ့္ စပိန္လက္ေရြးစင္အသင္းၾကီးမွာ ပထမဆံုး ေရြးခ်ယ္ေခၚယူျခင္းခံခဲ့ရပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းမွာ ဂါြဒီယိုလာရဲ႕ ႏွစ္သက္ျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။

သူဟာ လိုင္ယြန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာလည္း ပါ၀င္ခဲ့လို႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးေတာ့မလားဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ အဲရစ္ဂါစီယာဟာ မန္စီးတီးအသင္းအတြက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ျပိဳင္ပြဲစံု (၂၂) ပြဲကစားျပီး သူပြဲထြက္ပါ၀င္ကစားခဲ့တဲ့ (၁၃) ပြဲမွာ မန္စီးတီးအသင္းဟာ (၂) ပြဲသာ ရႈံးခဲ့ရတာျဖစ္ပါတယ္။