အပြောင်းအရွှေ့မှာ နောက်ထပ် ကစားသမား ၄ ၊ ၅ယောက်လောက်ဝယ်မှ ယူနိုက်တက်အနေနဲ့ ချန်ပီယံဆုကို ရည်မှန်း နိုင်မယ်လို့ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ် ပြောဆို

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင်တော့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားကောင်း ၄၊ ၅ယောက်လောက် ထပ်ခေါ်ရမယ်လို့ ပြော ခဲ့ပါတယ်။ ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ လူခေါ်ယူ မှုတွေကို ကြည့်ပြီး အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။


Sky Sports သတင်းဌာနရဲ့ ဘောလုံးပွဲတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်က “ အသင်းမှာရှိတဲ့ လက်ရှိလူအင်အားနဲ့ တော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အသင်းကို ပိုကောင်းတဲ့အဆင့်ရောက်အောင် စွမ်းဆောင်နိုင် တဲ့ ကစားသမား ၄၊ ၅ ဦးလောက် ခေါ်ယူမှ ချန်ပီယံဖြစ်နိုင်မှာပါ။ မန်စီးတီးဆိုရင် ပြီးခဲ့တဲ့ရာသီက ဒုတိယနေရာပဲ ရခဲ့တာ ကြောင့် အသင်းအတွက် လိုအပ်တဲ့ကစားသမားတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။


ဂယ်ရီနဗီးလ်က အသင်းဖော်ဟောင်းဖြစ်ပြီး လက်ရှိယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဆိုးလ်ရှားအနေ နဲ့ ခေါ်ယူဖို့ ရည်မှန်းထားတဲ့ကစားသမားတွေကို ခေါ်ယူရမှာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်ပေးရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အဆင့်-၃ နေရာရခဲ့တာကြောင့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားရဖို့ရှိနေတာကြောင့် ကစားသမားကောင်းတွေ လိုအပ်တယ်လို့လည်း ဂယ်ရီနဗီးလ်က ပြောခဲ့ပါတယ်။


ဂယ်ရီနဗီးလ်က အသင်းအနေနဲ့ ဗဟိုနောက်ခံလူ၊ ဘယ်နောက်ခံလူ၊ကွင်းလယ်၊ ညာတောင်ပံတိုက်စစ်နဲ့ အထောင် တိုက်စစ်နေရာတွေအတွက် ကစားသမားခေါ်ယူမှုတွေပြုလုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော့ ယူနိုက်တက်ဟာ အေဂျက် ကွင်းလယ်လူ ဗန်ဒီဘိတ်ခ်ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိ ထားပြီ ဖြစ်ပါတယ်။

zawgyi version

အေျပာင္းအေရႊ႕မွာ ေနာက္ထပ္ ကစားသမား ၄ ၊ ၅ေယာက္ေလာက္ဝယ္မွ ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံဆုကို ရည္မွန္း ႏိုင္မယ္လို႔ အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္ ေျပာဆို
ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူခ်င္တယ္ဆိုရင္ေတာ့ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားေကာင္း ၄၊ ၅ေယာက္ေလာက္ ထပ္ေခၚရမယ္လို႔ ေျပာ ခဲ့ပါတယ္။ ဂယ္ရီနဗီးလ္က ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ လူေခၚယူ မႈေတြကို ၾကည့္ၿပီး အခုလိုေျပာခဲ့တာပဲ ျဖစ္ပါတယ္။
Sky Sports သတင္းဌာနရဲ႕ ေဘာလံုးပြဲတင္ဆက္သူတစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္က “ အသင္းမွာရွိတဲ့ လက္ရွိလူအင္အားနဲ႔ ေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ အသင္းကို ပိုေကာင္းတဲ့အဆင့္ေရာက္ေအာင္ စြမ္းေဆာင္ႏိုင္ တဲ့ ကစားသမား ၄၊ ၅ ဦးေလာက္ ေခၚယူမွ ခ်န္ပီယံျဖစ္ႏိုင္မွာပါ။ မန္စီးတီးဆိုရင္ ၿပီးခဲ့တဲ့ရာသီက ဒုတိယေနရာပဲ ရခဲ့တာ ေၾကာင့္ အသင္းအတြက္ လိုအပ္တဲ့ကစားသမားေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂယ္ရီနဗီးလ္က အသင္းေဖာ္ေဟာင္းျဖစ္ၿပီး လက္ရွိယူႏိုက္တက္နည္းျပအျဖစ္ တာဝန္ယူေဆာင္ရြက္ေနတဲ့ ဆိုးလ္ရွားအေန နဲ႔ ေခၚယူဖို႔ ရည္မွန္းထားတဲ့ကစားသမားေတြကို ေခၚယူရမွာျဖစ္ၿပီး အသင္းတာဝန္ရွိသူေတြအေနနဲ႔ လုပ္ေဆာင္ေပးရမွာ ျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက အဆင့္-၃ ေနရာရခဲ့တာေၾကာင့္ လာမယ့္ရာသီမွာ ခ်န္ ပီယံလိဂ္ ကစားရဖို႔ရွိေနတာေၾကာင့္ ကစားသမားေကာင္းေတြ လိုအပ္တယ္လို႔လည္း ဂယ္ရီနဗီးလ္က ေျပာခဲ့ပါတယ္။
ဂယ္ရီနဗီးလ္က အသင္းအေနနဲ႔ ဗဟိုေနာက္ခံလူ၊ ဘယ္ေနာက္ခံလူ၊ကြင္းလယ္၊ ညာေတာင္ပံတိုက္စစ္နဲ႔ အေထာင္ တိုက္စစ္ေနရာေတြအတြက္ ကစားသမားေခၚယူမႈေတြျပဳလုပ္ဖို႔ လိုအပ္တယ္လို႔ ေထာက္ျပသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ေတာ့ ယူႏိုက္တက္ဟာ ေအဂ်က္ ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္ကို ေပါင္ သန္း ၄၀ နဲ႔ ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိ ထားၿပီ ျဖစ္ပါတယ္။