ဒီဘရူနီ တစ်ယောက်တည်း သူထက် ပိုကောင်းတာရှိတယ်ဆိုပြီး မော်ရင်ဟိုရဲ့ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်အသင်းကွင်းလယ်လူ ဖာနန်ဒက်စ်က မော်ရင်ဟိုအနေနဲ့ သူရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်မှုကို ပရီးမီးယားလိဂ်မှာ သူထက်စွမ်းဆောင်ရည်ပိုကောင်းတဲ့ ကွင်းလယ်လူဆိုလို့ မန်စီးတီးကွင်းလယ်လူ ဒီဘရူနီ တစ်ဦး တည်းသာ ရှိတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက ဖာနန်ဒက်စ် ကို ပင်နယ်တီကန်သွင်းဖို့အတွက်ပဲ စွမ်းဆောင်နိုင်တဲ့သူဆိုပြီး ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။


ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပင်နယ်တီသွင်းဂိုးက ၈ ဂိုးအထိရှိခဲ့တာကြောင့် မော်ရင်ဟိုက ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ် က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့သူဆိုလို့ မန်စီးတီးကွင်း လယ်လူ ဒီဘရူနီပဲ ရှိတယ်လို့ ပြောပြီး မော်ရင်ဟိုရဲ့ ဝေဖန်ချက်ကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။


မော်ရင်ဟိုက “ ယူနိုက်တက်ဟာ ဘရူနို ရောက်လာပြီးနောက်မှာ ကစားပုံကောင်းလာပါတယ်။ သူတို့ဟာ ပင်နယ်တီ ကန် သွင်းမှုကောင်းတဲ့သူတစ်ဦးကို ခေါ်ယူခဲ့နိုင်တာပါ။ ပင်နယ်တီသွင်းဂိုးတွေနဲ့ဆိုရင် သူအနေနဲ့ တစ်ရာသီမှာ ဂိုး ၂၀ လောက် တဲ့အထိ သွင်းယူနိုင်မှာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။ဖာနန်ဒက်စ်ကတော့ မော်ရင်ဟိုရဲ့ပြောစကားတွေဟာ သူကို နာကျင် စေမှု မဖြစ်စေဘူးလို့ ပေါ်တူဂီသတင်းစာတစ်စောင်ဖြစ်တဲ့ A Bola ကို ပြောခဲ့ပါတယ်။


ဖာနန်ဒက်စ်အနေနဲ့ လက်ရှိအချိန်မှာတော့ ပေါ်တူဂီအသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်နေတာဖြစ်ပြီး နေးရှင်းလိဂ်ကစားပြီးမှ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘန်လေနဲ့ ပွဲကို ရွှေ့ဆိုင်းထားတာကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှ ဒီရာသီရဲ့ အဖွင့်ပွဲစဉ်ကို စတင်ကစားမှာပဲ ဖြစ်ပါတယ်။

zawgyi version

ဒီဘ႐ူနီ တစ္ေယာက္တည္း သူထက္ ပိုေကာင္းတာရွိတယ္ဆိုၿပီး ေမာ္ရင္ဟိုရဲ႕ ေဝဖန္မႈကို ျပန္လည္တံု႔ျပန္လိုက္တဲ့ ဖာနန္ ဒက္စ္
ယူႏိုက္တက္အသင္းကြင္းလယ္လူ ဖာနန္ဒက္စ္က ေမာ္ရင္ဟိုအေနနဲ႔ သူရဲ႕စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈကို ပရီးမီးယားလိဂ္မွာ သူထက္စြမ္းေဆာင္ရည္ပိုေကာင္းတဲ့ ကြင္းလယ္လူဆိုလို႔ မန္စီးတီးကြင္းလယ္လူ ဒီဘ႐ူနီ တစ္ဦး တည္းသာ ရွိတယ္လို႔ ျပန္လည္တံု႔ျပန္ခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုက ဖာနန္ဒက္စ္ ကို ပင္နယ္တီကန္သြင္းဖို႔အတြက္ပဲ စြမ္းေဆာင္ႏိုင္တဲ့သူဆိုၿပီး ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။
ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ယူႏိုက္တက္ကို ေရာက္ရွိလာၿပီးေနာက္ ၿပိဳင္ပြဲစံု ၂၂ ပြဲမွာ ၁၂ ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္ ပင္နယ္တီသြင္းဂိုးက ၈ ဂိုးအထိရွိခဲ့တာေၾကာင့္ ေမာ္ရင္ဟိုက ေဝဖန္ခဲ့တာပဲဲျဖစ္ပါတယ္။ ဖာနန္ဒက္စ္ က ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဂိုးပါဝင္ပတ္သက္မႈနဲ႔ ပတ္သက္ၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့သူဆိုလို႔ မန္စီးတီးကြင္း လယ္လူ ဒီဘ႐ူနီပဲ ရွိတယ္လို႔ ေျပာၿပီး ေမာ္ရင္ဟိုရဲ႕ ေဝဖန္ခ်က္ကို တံု႔ျပန္ခဲ့တာ ျဖစ္ပါတယ္။
ေမာ္ရင္ဟိုက “ ယူႏိုက္တက္ဟာ ဘ႐ူႏို ေရာက္လာၿပီးေနာက္မွာ ကစားပံုေကာင္းလာပါတယ္။ သူတို႔ဟာ ပင္နယ္တီ ကန္ သြင္းမႈေကာင္းတဲ့သူတစ္ဦးကို ေခၚယူခဲ့ႏိုင္တာပါ။ ပင္နယ္တီသြင္းဂိုးေတြနဲ႔ဆိုရင္ သူအေနနဲ႔ တစ္ရာသီမွာ ဂိုး ၂၀ ေလာက္ တဲ့အထိ သြင္းယူႏိုင္မွာပါ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ဖာနန္ဒက္စ္ကေတာ့ ေမာ္ရင္ဟိုရဲ႕ေျပာစကားေတြဟာ သူကို နာက်င္ ေစမႈ မျဖစ္ေစဘူးလို႔ ေပၚတူဂီသတင္းစာတစ္ေစာင္ျဖစ္တဲ့ A Bola ကို ေျပာခဲ့ပါတယ္။
ဖာနန္ဒက္စ္အေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ေပၚတူဂီအသင္းနဲ႔အတူ ေလ့က်င့္မႈျပဳလုပ္ေနတာျဖစ္ၿပီး ေနးရွင္းလိဂ္ကစားၿပီးမွ ယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ အဖြင့္ပြဲစဥ္ျဖစ္တဲ့ ဘန္ေလနဲ႔ ပြဲကို ေရႊ႕ဆိုင္းထားတာေၾကာင့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွ ဒီရာသီရဲ႕ အဖြင့္ပြဲစဥ္ကို စတင္ကစားမွာပဲ ျဖစ္ပါတယ္။