ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး၊ လီဗာပူးတို့ကို ချဲလ်ဆီးအနေနဲ့ ယှဉ်ပြိုင်နိုင်ပြီလို့ ချဲလ်ဆီးကစားသမားသစ် တီမိုဝါနာ ပြောဆို

ချဲလ်ဆီးကစားသမားသစ် တီမိုဝါနာက နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကစားသမားတွေအပြင် အသင်းမှာရှိ တဲ့ ကစားသမားတွေကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး၊လီဗာပူးတို့ကို အသင်းအနေနဲ့ ယှဉ်ပြိုင်လာနိုင်ပြီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါအပြင် တီမိုဝါနာက အသင်းနည်းပြလမ်းပတ်ကလည်း အလုပ်ကိုကြိုးစားသူဖြစ်ပြီးအောင်မြင် မှုရအောင် စွမ်းဆောင်နိုင်မယ်သူလို့ မှတ်ချက်ပြုခဲ့ပါတယ်။


လစ်ပ်ဇစ်ကနေ ချဲလ်ဆီးကို ပေါင် ၄၇.၅ သန်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာတဲ့ တီမိုဝါနာအနေနဲ့ တစ်ပတ်ကို လုပ်ခလစာအဖြစ် ပေါင် ၁၇၀,၀၀၀ ရရှိမှာပဲဖြစ်ပါတယ်။ တီမိုဝါနာဟာ ချဲလ်ဆီးအတွက် ပထမဆုံးကစားပေးခဲ့တဲ့ ဘရိုက် တန်နဲ့ပွဲမှာပဲ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့ မှာ တီမိုဝါနာအပြင် ဇီယက်၊ သီယာဂိုဆေးလ်ဗား၊ဘင်ချီဝဲလ်နဲ့ မာလန်းဆား တို့ကို ခေါ်ယူထားပါတယ်။


ချဲလ်ဆီးအသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် တီမိုဝါနာက “ လမ်းပတ်လို နည်းပြမျိုးနဲ့ အလုပ်အတူတွဲလုပ်ရတာ ကောင်းပါ တယ်။ သူက တစ်သင်းလုံးရဲ့အနေအထားတွေကို ရှင်းပြနိုင်ပါတယ်။ အသင်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း သူ လုပ်ဆောင်ချင်တဲ့အရာတွေ အကြောင်းကို အမြဲပြောလေ့ရှိပါတယ်။ အခုဆိုရင် အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် မန်စီးတီး၊လီဗာပူးတို့ကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထားတွေမှာ ရှိနေပါပြီ” လို့ ပြောခဲ့ပါတယ်။


တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြားအသင်းတွေအနေနဲ့ ငွေကြေးများစွာ သုံးစွဲပြီး ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်ကြပေမယ့် ချဲလ်ဆီးကတော့ ကစားသမားခေါ်ယူမှုတွေ အများအပြားပြုလုပ်ထားပြီး ခေါ်ယူဖို့ နီးစပ် နေတဲ့ ကိုင်ဟာဗက်ဇ် သာရောက်လာခဲ့မယ်ဆိုရင် နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးရဲ့အသုံးစရိတ်က ပေါင်သန်း ၂၀၀ ကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီး၊ လီဗာပူးတို႔ကို ခ်ဲလ္ဆီးအေနနဲ႔ ယွဥ္ၿပိဳင္ႏိုင္ၿပီလို႔ ခ်ဲလ္ဆီးကစားသမားသစ္ တီမိုဝါနာ ေျပာဆို
ခ်ဲလ္ဆီးကစားသမားသစ္ တီမိုဝါနာက ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ ကစားသမားေတြအျပင္ အသင္းမွာရွိ တဲ့ ကစားသမားေတြေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီး၊လီဗာပူးတို႔ကို အသင္းအေနနဲ႔ ယွဥ္ၿပိဳင္လာႏိုင္ၿပီ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါအျပင္ တီမိုဝါနာက အသင္းနည္းျပလမ္းပတ္ကလည္း အလုပ္ကိုႀကိဳးစားသူျဖစ္ၿပီးေအာင္ျမင္ မႈရေအာင္ စြမ္းေဆာင္ႏိုင္မယ္သူလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။
လစ္ပ္ဇစ္ကေန ခ်ဲလ္ဆီးကို ေပါင္ ၄၇.၅ သန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေရာက္ရွိလာတဲ့ တီမိုဝါနာအေနနဲ႔ တစ္ပတ္ကို လုပ္ခလစာအျဖစ္ ေပါင္ ၁၇၀,၀၀၀ ရရွိမွာပဲျဖစ္ပါတယ္။ တီမိုဝါနာဟာ ခ်ဲလ္ဆီးအတြက္ ပထမဆံုးကစားေပးခဲ့တဲ့ ဘ႐ိုက္ တန္နဲ႔ပြဲမွာပဲ အသင္းအတြက္ ပထမဆံုးဂိုးကို သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕ မွာ တီမိုဝါနာအျပင္ ဇီယက္၊ သီယာဂိုေဆးလ္ဗား၊ဘင္ခ်ီဝဲလ္နဲ႔ မာလန္းဆား တို႔ကို ေခၚယူထားပါတယ္။
ခ်ဲလ္ဆီးအသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ တီမိုဝါနာက “ လမ္းပတ္လို နည္းျပမ်ိဳးနဲ႔ အလုပ္အတူတြဲလုပ္ရတာ ေကာင္းပါ တယ္။ သူက တစ္သင္းလံုးရဲ႕အေနအထားေတြကို ရွင္းျပႏိုင္ပါတယ္။ အသင္းရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း သူ လုပ္ေဆာင္ခ်င္တဲ့အရာေတြ အေၾကာင္းကို အၿမဲေျပာေလ့ရွိပါတယ္။ အခုဆိုရင္ အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆု အတြက္ မန္စီးတီး၊လီဗာပူးတို႔ကို ယွဥ္ၿပိဳင္ႏိုင္တဲ့ အေနအထားေတြမွာ ရွိေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
တစ္ကမ႓ာ့လံုးမွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အျခားအသင္းေတြအေနနဲ႔ ေငြေၾကးမ်ားစြာ သံုးစြဲၿပီး ကစားသမား ေခၚယူမႈေတြ မျပဳလုပ္ၾကေပမယ့္ ခ်ဲလ္ဆီးကေတာ့ ကစားသမားေခၚယူမႈေတြ အမ်ားအျပားျပဳလုပ္ထားၿပီး ေခၚယူဖို႔ နီးစပ္ ေနတဲ့ ကိုင္ဟာဗက္ဇ္ သာေရာက္လာခဲ့မယ္ဆိုရင္ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးရဲ႕အသံုးစရိတ္က ေပါင္သန္း ၂၀၀ ေက်ာ္မွာ ရွိေနတယ္လို႔ သိရပါတယ္။