အာဆင်နယ်ကို အပြီးသတ်ရောက်လာတဲ့ ဂါဘရီရယ်က ဟာဇက်၊နီကိုးလက်စ်ပီပီ တို့ရဲ့ အကယ်ဒမီဂျူနီယာဖြစ်ပြီး သူရဲ့ စံပြကစားသမားက နေမာလို့ ပြောခဲ့

အာဆင်နယ်ကို အပြီးသတ်ရောက်ရှိလာခဲ့တဲ့ ဘရာဇီးနောက်ခံလူ ဂါဘရီရယ်က ရီးရဲလ်တိုက်စစ်မှူး ဟာဇက်၊ အာဆင် နယ်တိုက်စစ်မှူး နီကိုးလက်စ်ပီပီတို့လိုမျိုး လိုင်လီအကယ်ဒမီက ပေါ်ထွက်လာတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့စံပြ ကစားသမားက ဘရာဇီးလက်ရွေးစင်အသင်းက နေမာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်ဟာ ဂါဘရီရယ်ကို နွေရာ သီ အပြောင်းအရွှေ့မှာ ဦးစားပေးပစ်မှတ်ထားခဲ့ပြီး ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


အရပ် ၆ပေ၃ လက်မရှိပြီး ဘယ်သန်ဖြစ်တဲ့ ဂါဘရီရယ်ဟာ ဗဟိုနောက်ခံလူအပြင် ဘယ်နောက်ခံလူအဖြစ်ပါကစားနိုင်တဲ့ သူလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက လိုင်လီကိုရောက်ရှိနေခဲ့တဲ့ ဂါဘရီရယ်ဟာ ထရိုယက်စ်၊ ဒိုင်နမိုဇာဂရက် အသင်းတွေကို အဌားချခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ လိုင်လီမှာ ခြေစွမ်းပြခဲ့တာကြောင့် အသင်းကြီးတွေရဲ့စိတ်ဝင် စားမှုကိုခံခဲ့ရသူ ဖြစ်ပါတယ်။


ချဲလ်ဆီးနည်းပြ လမ်းပတ်က လိုင်လီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂါဘရီရယ်ရဲ့ခြေစွမ်းကိုတွေ့ရှိခဲ့ပြီးနောက် ခေါ်ယူ ဖို့ ဆန္ဒရှိခဲ့တယ်လို့လည်း သိရပြီး ယူနိုက်တက်ကလည်း ဂါဘရီရယ်ကိုခေါ်ယူဖို့ စိတ်ဝင်စားမှုရှိခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ လိုင်လီအသင်းပိုင်ရှင် ဂျရတ်လိုပက်ဇ်ကတော့ ဂါဘရီရယ်အနေနဲ့ အသင်းမှာ ဆက်ရှိနေဦးမယ်ဆိုရင် ဟာဇက်၊ နီကိုးလက်စ်ပီပီ တို့လို အသင်းအတွက် ငွေကြေးများစွာ ရှာပေးမယ့်သူတစ်ဦးလို့ မှတ်ချက်ပြုခဲ့ပါတယ်။


အာဆင်နယ်ရဲ့ နွေရာသီနောက်ထပ်ပစ်မှတ်တစ်ခုဖြစ်တဲ့ အက်သလက်တီကိုကွင်းလယ်လူပါတေးကလည်း အာဆင်နယ် ကို ပြောင်းရွှေ့ကစားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ အက်သလက်တီကိုအသင်းတာဝန်ရှိသူတွေကတော့ ကွင်းလယ် ကစားသမားရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၄၅ သန်းရမှာ လက်လွှတ်ခံမယ်လို့ ပြောထားတာကြောင့် အာဆင်နယ် အနေနဲ့ ပါတေးကို ခေါ်ယူဖို့အတွက် နှောင့်နှေးနေတာပဲ ဖြစ်ပါတယ်။

zawgyi version

အာဆင္နယ္ကို အၿပီးသတ္ေရာက္လာတဲ့ ဂါဘရီရယ္က ဟာဇက္၊နီကိုးလက္စ္ပီပီ တို႔ရဲ႕ အကယ္ဒမီဂ်ဴနီယာျဖစ္ၿပီး သူရဲ႕ စံျပကစားသမားက ေနမာလို႔ ေျပာခဲ့
အာဆင္နယ္ကို အၿပီးသတ္ေရာက္ရွိလာခဲ့တဲ့ ဘရာဇီးေနာက္ခံလူ ဂါဘရီရယ္က ရီးရဲလ္တိုက္စစ္မွဴး ဟာဇက္၊ အာဆင္ နယ္တိုက္စစ္မွဴး နီကိုးလက္စ္ပီပီတို႔လိုမ်ိဳး လိုင္လီအကယ္ဒမီက ေပၚထြက္လာတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး သူရဲ႕စံျပ ကစားသမားက ဘရာဇီးလက္ေရြးစင္အသင္းက ေနမာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္ဟာ ဂါဘရီရယ္ကို ေႏြရာ သီ အေျပာင္းအေရႊ႕မွာ ဦးစားေပးပစ္မွတ္ထားခဲ့ၿပီး ေပါင္ ၂၇ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
အရပ္ ၆ေပ၃ လက္မရွိၿပီး ဘယ္သန္ျဖစ္တဲ့ ဂါဘရီရယ္ဟာ ဗဟိုေနာက္ခံလူအျပင္ ဘယ္ေနာက္ခံလူအျဖစ္ပါကစားႏိုင္တဲ့ သူလည္း ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ကတည္းက လိုင္လီကိုေရာက္ရွိေနခဲ့တဲ့ ဂါဘရီရယ္ဟာ ထ႐ိုယက္စ္၊ ဒိုင္နမိုဇာဂရက္ အသင္းေတြကို အဌားခ်ခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ရာသီကေတာ့ လိုင္လီမွာ ေျခစြမ္းျပခဲ့တာေၾကာင့္ အသင္းႀကီးေတြရဲ႕စိတ္ဝင္ စားမႈကိုခံခဲ့ရသူ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က လိုင္လီနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဂါဘရီရယ္ရဲ႕ေျခစြမ္းကိုေတြ႕ရွိခဲ့ၿပီးေနာက္ ေခၚယူ ဖို႔ ဆႏၵရွိခဲ့တယ္လို႔လည္း သိရၿပီး ယူႏိုက္တက္ကလည္း ဂါဘရီရယ္ကိုေခၚယူဖို႔ စိတ္ဝင္စားမႈရွိခဲ့တယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။ လိုင္လီအသင္းပိုင္ရွင္ ဂ်ရတ္လိုပက္ဇ္ကေတာ့ ဂါဘရီရယ္အေနနဲ႔ အသင္းမွာ ဆက္ရွိေနဦးမယ္ဆိုရင္ ဟာဇက္၊ နီကိုးလက္စ္ပီပီ တို႔လို အသင္းအတြက္ ေငြေၾကးမ်ားစြာ ရွာေပးမယ့္သူတစ္ဦးလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။
အာဆင္နယ္ရဲ႕ ေႏြရာသီေနာက္ထပ္ပစ္မွတ္တစ္ခုျဖစ္တဲ့ အက္သလက္တီကိုကြင္းလယ္လူပါေတးကလည္း အာဆင္နယ္ ကို ေျပာင္းေရႊ႕ကစားဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။ အက္သလက္တီကိုအသင္းတာဝန္ရွိသူေတြကေတာ့ ကြင္းလယ္ ကစားသမားရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၄၅ သန္းရမွာ လက္လႊတ္ခံမယ္လို႔ ေျပာထားတာေၾကာင့္ အာဆင္နယ္ အေနနဲ႔ ပါေတးကို ေခၚယူဖို႔အတြက္ ေႏွာင့္ေႏွးေနတာပဲ ျဖစ္ပါတယ္။