ဆန်ချိုကိုယ်တိုင်က ဒေါ့မွန်မှာပဲ ဆက်နေတော့မယ်လို့ လူသိရှင်ကြားပြောထားတာတောင် ခေါ်ယူဖို့ လက်မလျော့သေးဘူး လို့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေ ပြောကြား

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစား သမား ဆန်ချိုကိုခေါ်ယူဖို့အတွက် လက်မလျော့သေးကြောင်း ပြောဆိုခဲ့တယ်လို့ Dailymail က ဖော်ပြခဲ့ပါတယ်။ ဆန်ချို ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရခဲ့ပေမယ့် ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဒေါ့မွန်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။


ဒေါ့မွန်က အစောပိုင်းတုန်းက ဆန်ချိုကို မရောင်းချဘူးလို့ ပြောခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွှေ့ ချင်နေတာကြောင့် ပေါင် ၁၀၈ သန်းရရင်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဘဏ္ဍရေးအခြေအနေတွေကြောင့် ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးကို တစ်ကြိမ်တည်းအပြည့်အဝ ပေးချေဖို့ထက် အရစ်ကျပေးဖို့ပဲ အလိုရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ဒေါ့မွန်အသင်းတာဝန်ရှိသူတွေက ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကို ဆန်ချိုကိုခေါ်ယူမယ်ဆိုရင် ရာသီသစ်အတွက် လေ့ကျင့်မှုမပြုလုပ်ခင်မှာ ခေါ်ယူဖို့ ပြောခဲ့ပေမယ့် ယူနိုက်တက်ဘက်က ခေါ်ယူခြင်းမရှိခဲ့တာကြောင့် ဆန်ချိုကို ဒေါ့မွန် ဘက်က အသင်းမှာ တစ်နှစ်ထပ်နေပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဆန်ချိုကိုယ်တိုင်ကလည်း ဒေါ့မွန်မှာဆက်နေဦးမယ်လို့ လူသိရှင်ကြား ပြောခဲ့တာ ဖြစ်ပါတယ်။


ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပေါင် သန်း ၆၀ နဲ့ ၇၀ ကြားမှာသာ အသုံးပြုချင်နေပြီး သူရဲ့စွမ်းဆောင် ရည် အလိုက်အပိုဆုကြေးတွေ ထပ်ပေါင်းသွားဖို့ အလိုရှိနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို မခေါ်ယူနိုင်သေးပေမယ့် အေဂျက်ကစားသမား ဗန်ဒီဘိတ်ခ်ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ အပြီးသတ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

zawgyi version

ဆန္ခ်ိဳကိုယ္တိုင္က ေဒါ့မြန္မွာပဲ ဆက္ေနေတာ့မယ္လို႔ လူသိရွင္ၾကားေျပာထားတာေတာင္ ေခၚယူဖို႔ လက္မေလ်ာ့ေသးဘူး လို႔ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြ ေျပာၾကား
ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာဦးစားေပးပစ္မွတ္ျဖစ္တဲ့ ေဒါ့မြန္ေတာင္ပံကစား သမား ဆန္ခ်ိဳကိုေခၚယူဖို႔အတြက္ လက္မေလ်ာ့ေသးေၾကာင္း ေျပာဆိုခဲ့တယ္လို႔ Dailymail က ေဖာ္ျပခဲ့ပါတယ္။ ဆန္ခ်ိဳ ဟာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔အတြက္ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရခဲ့ေပမယ့္ ကလပ္အသင္းႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးညွိႏႈိင္းမႈ အဆင္မေျပတာေၾကာင့္ ေဒါ့မြန္မွာပဲ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။
ေဒါ့မြန္က အေစာပိုင္းတုန္းက ဆန္ခ်ိဳကို မေရာင္းခ်ဘူးလို႔ ေျပာခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အသင္းေျပာင္းေရႊ႕ ခ်င္ေနတာေၾကာင့္ ေပါင္ ၁၀၈ သန္းရရင္ေရာင္းခ်ဖို႔ ဆံုးျဖတ္ခဲ့တယ္လို႔ The Sun သတင္းစာကေဖာ္ျပခဲ့တာျဖစ္ေပမယ့္ ယူႏိုက္တက္ဘက္ကေတာ့ ဘ႑ေရးအေျခအေနေတြေၾကာင့္ ဆန္ခ်ိဳရဲ႕ေျပာင္းေရႊ႕ေၾကးကို တစ္ႀကိမ္တည္းအျပည့္အဝ ေပးေခ်ဖို႔ထက္ အရစ္က်ေပးဖို႔ပဲ အလိုရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ေဒါ့မြန္အသင္းတာဝန္ရွိသူေတြက ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကို ဆန္ခ်ိဳကိုေခၚယူမယ္ဆိုရင္ ရာသီသစ္အတြက္ ေလ့က်င့္မႈမျပဳလုပ္ခင္မွာ ေခၚယူဖို႔ ေျပာခဲ့ေပမယ့္ ယူႏိုက္တက္ဘက္က ေခၚယူျခင္းမရွိခဲ့တာေၾကာင့္ ဆန္ခ်ိဳကို ေဒါ့မြန္ ဘက္က အသင္းမွာ တစ္ႏွစ္ထပ္ေနေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဆန္ခ်ိဳကိုယ္တိုင္ကလည္း ေဒါ့မြန္မွာဆက္ေနဦးမယ္လို႔ လူသိရွင္ၾကား ေျပာခဲ့တာ ျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ေပါင္ သန္း ၆၀ နဲ႔ ၇၀ ၾကားမွာသာ အသံုးျပဳခ်င္ေနၿပီး သူရဲ႕စြမ္းေဆာင္ ရည္ အလိုက္အပိုဆုေၾကးေတြ ထပ္ေပါင္းသြားဖို႔ အလိုရွိေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို မေခၚယူႏိုင္ေသးေပမယ့္ ေအဂ်က္ကစားသမား ဗန္ဒီဘိတ္ခ္ကို ေပါင္ သန္း ၄၀ နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ ၿပီး ဒီရက္ပိုင္းအတြင္းမွာပဲ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္တယ္လို႔ သိရပါတယ္။