အားကစားလောကမှာ တစ်ဦးချင်းလစာငွေအများဆုံးနဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့မက်ဆီသဘောတူညီမှုရသွားပြီလို့ The Sun သတင်းစာက ဖော်ပြခဲ့

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံးလို့ ဆိုရမယ့် မက်ဆီရဲ့အပြောင်းအရွှေ့ကတော့ ပြီး ဆုံးသွားခဲ့ပြီးလို့ ဆိုရမှာဖြစ်ပြီး မက်ဆီအနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ The Sun သတင်းစာ က ဖော်ပြခဲ့ပါတယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ မက်ဆီအနေနဲ့ မန်စီးတီးကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာဖြစ်ပြီး စာချုပ်အရ သူရရှိမယ့်လုပ်ခလစာငွေ စုစုပေါင်းဟာ ယူရို သန်း ၇၀၀ (ပေါင် ၆၂၃ သန်း)အထိ ရှိတယ်လို့ သိရပါတယ်။ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၆ ကြိမ်ရထားတဲ့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကို အသင်းကထွက်ဖို့တောင်းဆိုထားသလို နောက်ဆုံးစာချုပ် ချုပ်ဆိုခဲ့တုန်းက စာချုပ်သက်တမ်းနောက်ဆုံးနှစ်ရောက်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ပြုရမယ်ဆိုတဲ့ အချက်နဲ့ထပ်ပြီး တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ မက်ဆီ ဟာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တာကြောင့် အားကစားလောကမှာ တစ်ဦးချင်းလစာငွေအများဆုံးရတဲ့ ကစားသမား ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။မက်ဆီအနေနဲ့ မန်စီးတီးမှာ တစ်နှစ်ကို လုပ်ခလစာပေါင် ၁၂၄.၆ သန်း ရရှိမှာဖြစ်ပြီး တစ်လကိုပေါင် ၁၀.၄ သန်းရရှိမှာဖြစ် ပါတယ်။ တစ်ပတ်ကိုပေါင် ၂.၄ သန်းရရှိမှာဖြစ်တာကြောင့် သူရဲ့တစ်ရက်လုပ်ခလစာက ပေါင် ၃၄၁,၀၀၀ ဖြစ်နေပြီး တစ် နာရီလုပ်ခလစာကတော့ ပေါင် ၁၄၂,၀၀ ရရှိမှာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ၅ နှစ်စာချုပ်အရ မန်စီးတီးမှာ ၃ နှစ်နဲ့ မန်စီး တီးရဲ့ အကျိုးတူအသင်းဖြစ်တဲ့ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးမှာ ၂ နှစ်မှာ ဖြစ်တယ်လို့လည်း The Sun ကဖော် ပြခဲ့ပါတယ်။ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက မက်ဆီအနေနဲ့ အသင်းကထွက်ချင်နေတာကြောင့် ထွက်ခွင့်ပြုလိုက်တာက ပို ကောင်းတယ်ဆိုပြီး ပြောခဲ့ပါတယ်။မက်ဆီရဲ့ ဖခင်လည်းဖြစ်ပြီး အေးဂျင့်လည်းဖြစ်တဲ့ ဂျော့မက်ဆီက မနေ့က အာဂျင်တီး နားကနေ စပိန်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လာရောက်ခဲ့ပြီး ဒီနေ့မှာ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေနဲ့ အပြောင်းအ ရွှေ့အတွက် ညှိနှိုင်းမှုတွေပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။