ဂါဘရီရယ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ ကြေညာလိုက်တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ လိုင်လီက ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကို ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်လိုက်ပြီလို့ လူမှုကွန်ယက်မှတစ်ဆင့် ကြေညာသွားခဲ့ပါတယ်။ ဘရာဇီးကစားသမားဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် (၆) ကို ဝတ်ဆင်မှာဖြစ်ပြီး ကာလရှည်စာချုပ်တစ်ရပ် ချုပ်သွားခဲ့တာဖြစ်ပါတယ်။ နာပိုလီ၊ ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေတဲ့ ဂါဘရီရယ်ကို အာဆင်နယ်အသင်းက ဒီလအစောပိုင်းလောက်ကတည်းက ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က သူဟာ လန်ဒန်မှာ ရှိနေခဲ့ပြီး ဆေးစစ်မှု အပြီးသတ်ခံယူခဲ့ပေမယ့် ကွာရာတင်း (၁၄) ရက် မဖြစ်မနေရ ဝင်ရောက်ခဲ့ရလို့ အာဆင်နယ်အသင်းရဲ့ လူစာရင်းနဲ့ပူးပေါင်းရန် စောင့်ဆိုင်းခဲ့ရပါတယ်။ဂါဘရီရယ်ဟာ လိုင်လီအသင်းနဲ့ စွမ်းဆောင်ရည်ကောင်းတွေပြထားလို့ ဥရောပရဲ့ အလားအလာရှိတဲ့ နောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းခံထားရသူဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပါဘလိုမာရီ နဲ့ စီဒရစ်တို့ကိုလည်း ဖလာမင်ဂို နဲ့ ဆောက်သမ်တန်အသင်းတို့ကနေ ဒီနွေရာသီမှာ အသီးသီးအပြီးသတ်ခေါ်ယူခဲ့ပြီး ဝီလီယံကိုလည်း ချဲလ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဂါဘရီရယ္ကို အျပီးသတ္ေခၚယူလိုက္ျပီလို႔ ေၾကညာလိုက္တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ လိုင္လီက ဘရာဇီးေနာက္ခံလူ ဂါဘရီရယ္ကို ေပါင္ ၂၇ သန္းနဲ႔ အျပီးသတ္ေခၚလိုက္ျပီလုိ႔ လူမႈကြန္ယက္မွတစ္ဆင့္ ေၾကညာသြားခဲ့ပါတယ္။ ဘရာဇီးကစားသမားဟာ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္ (၆) ကို ၀တ္ဆင္မွာျဖစ္ျပီး ကာလရွည္စာခ်ဳပ္တစ္ရပ္ ခ်ဳပ္သြားခဲ့တာျဖစ္ပါတယ္။ နာပိုလီ၊ ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကလည္း စိတ္၀င္စားေနတဲ့ ဂါဘရီရယ္ကို အာဆင္နယ္အသင္းက ဒီလအေစာပိုင္းေလာက္ကတည္းက ေခၚယူႏိုင္ရန္ ေရပန္းအစားဆံုးျဖစ္ခဲ့တာပါ။

ျပီးခဲ့တဲ့အပတ္က သူဟာ လန္ဒန္မွာ ရွိေနခဲ့ျပီး ေဆးစစ္မႈ အျပီးသတ္ခံယူခဲ့ေပမယ့္ ကြာရာတင္း (၁၄) ရက္ မျဖစ္မေနရ ၀င္ေရာက္ခဲ့ရလို႔ အာဆင္နယ္အသင္းရဲ႕ လူစာရင္းနဲ႔ပူးေပါင္းရန္ ေစာင့္ဆိုင္းခဲ့ရပါတယ္။ဂါဘရီရယ္ဟာ လိုင္လီအသင္းနဲ႔ စြမ္းေဆာင္ရည္ေကာင္းေတြျပထားလို႔ ဥေရာပရဲ႕ အလားအလာရွိတဲ့ ေနာက္ခံလူတစ္ေယာက္အျဖစ္ သတ္မွတ္ထားျခင္းခံထားရသူျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ပါဘလိုမာရီ နဲ႔ စီဒရစ္တို႔ကိုလည္း ဖလာမင္ဂို နဲ႔ ေဆာက္သမ္တန္အသင္းတို႔ကေန ဒီေႏြရာသီမွာ အသီးသီးအျပီးသတ္ေခၚယူခဲ့ျပီး ၀ီလီယံကိုလည္း ခ်ဲလ္ဆီးအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။