အင်တာမီလန်ပစ်မှတ် ကန်တေကို ပေါင်သန်း ၈၀ သတ်မှတ်လိုက်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ကန်တေကို ပေါင်သန်း ၈၀ လောက်ရမှသာ ရောင်းချသွားမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ကွင်းလယ်လူဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဒဏ်ရာ မကြာခဏ ရနေပြီး ပွဲကစားချိန်နည်းပါးခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းပြလမ်းပတ်က သူ့ကို ရောင်းချရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်းများအရ ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအများအပြားကို ခေါ်ယူထားတာဖြစ်လို့ အသင်းက ကွင်းလယ်လူတစ်ယောက်ကို ရောင်းချချင်နေတယ်လို့ သိရပါတယ်။သို့သော်လည်း The Mirrrorက အဆိုအရ ချဲလ်ဆီးအသင်းဟာ အသက် ၂၉ နှစ်အရွယ်ကစားသမားကို ပေါင်သန်း ၈၀ ရမှသာ ရောင်းချမှာဖြစ်ပါတယ်။

အင်တာမီလန်နည်းပြ ကွန်တီဟာ တပည့်ဟောင်း ကန်တေကို လုံး၀ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သို့သော်လည်း စီးရီးအေ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက (၂၇) ပွဲပဲ ကစားခဲ့ရတဲ့ ကန်တေအတွက် ဒီလောက်ငွေပမာဏကို အသုံးမပြုနိုင်ဘူးလို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

အင္တာမီလန္ပစ္မွတ္ ကန္ေတကို ေပါင္သန္း ၈၀ သတ္မွတ္လိုက္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ကြင္းလယ္လူ ကန္ေတကို ေပါင္သန္း ၈၀ ေလာက္ရမွသာ ေရာင္းခ်သြားမယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ကမာၻ႕ဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့ ကြင္းလယ္လူဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ဒဏ္ရာ မၾကာခဏ ရေနျပီး ပြဲကစားခ်ိန္နည္းပါးခဲ့သူျဖစ္ပါတယ္။ ဒါ့ေၾကာင့္ နည္းျပလမ္းပတ္က သူ႔ကို ေရာင္းခ်ရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

သတင္းမ်ားအရ ခ်ဲလ္ဆီးအသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားအမ်ားအျပားကို ေခၚယူထားတာျဖစ္လုိ႔ အသင္းက ကြင္းလယ္လူတစ္ေယာက္ကို ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။သို႔ေသာ္လည္း The Mirrrorက အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားကို ေပါင္သန္း ၈၀ ရမွသာ ေရာင္းခ်မွာျဖစ္ပါတယ္။

အင္တာမီလန္နည္းျပ ကြန္တီဟာ တပည့္ေဟာင္း ကန္ေတကို လံုး၀ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ သုိ႔ေသာ္လည္း စီးရီးေအ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ခဲ့တဲ့ အင္တာမီလန္အသင္းဟာ ျပီးခဲ့တဲ့ရာသီက (၂၇) ပြဲပဲ ကစားခဲ့ရတဲ့ ကန္ေတအတြက္ ဒီေလာက္ေငြပမာဏကို အသံုးမျပဳႏိုင္ဘူးလို႔ ေျပာဆိုေနၾကတာျဖစ္ပါတယ္။