ယူနိုက်တက်ကို ပြောင်းရွှေ့တော့မယ် နယ်သာလန်အသင်းဖော် ဗန်ဒီဘိခ်ချီးကျူးစကားပြောကြားလိုက်တဲ့ ဗန်ဒိုက်ချ်

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ချ်က ယူနိုက်တက်ကို ပြောင်းရွှေ့တော့မယ့် နယ်သာလန်အသင်းဖော် ဗန်ဒီဘိခ်ကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အေဂျက်ကွင်းလယ်လူဟာ ဟော်လန်မှာ ဆေးစစ်မှုခံယူပြီးနောက် အိုးထရက်ဖိုဒ့်ကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ဒီနွေရာသီ ပထမဆုံးခေါ်ယူမှုလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အခါးသီးဆုံးပြိုင်ဘက် ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သော်လည်း ဗန်ဒိုက်ချ်က သူ့ရဲ့ လက်ရွေးစင်အသင်းဖော် ကစားသမား အတွက် ချီးကျူးသွားခဲ့ပါတယ်။ “ဒွန်နီ အကောင်းဆုံးဖြစ်ပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေးပါတယ်။ ဒါဟာ သူ့အတွက်ကော လက်ရွေးစင်အသင်းအတွက်ပါ ကောင်းပါတယ်။ ယူနိုက်တက်ဟာ ကြီးကျယ်တဲ့အသင်းတစ်သင်းဖြစ်လို့ ဒွန်နီအတွက် ကောင်းတဲ့ ခြေလှမ်းဖြစ်ပါတယ်။ မန်စီးတီးကို ပြောင်းခဲ့တဲ့ နသန်အကီလည်း အတူတူပါပဲ” လို့ ဗန်ဒိုက်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ဟော်လန်အသင်းရဲ့ လာမယ့် ပိုလန်အသင်းနဲ့ အီတလီအသင်းတို့နဲ့ ကစားမယ့် နေရှင်းလိဂ်ပြိုင်ပွဲ လူစာရင်းမှာ ရွေးချယ်ခြင်းခံရပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ့် ဆေးစစ်မှု ခံယူနေရလို့ နောက်မှသာ ပူးပေါင်းမယ်လို့သိရပါတယ်။အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ လက်ရှိ တစ်ပတ် ပေါင် ၃ သောင်းလစာရရှိနေသူဖြစ်ပါတယ်။ သူအဖေဖြစ်သူ အန်ဒရေဗန်ဒီဘိခ်ကလည်း အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သူ့သားဖြစ်သူရဲ့ အိပ်မက်တွေ တစ်ကယ်ဖြစ်လာပြီလို့ ပြောသွားခဲ့ပါတယ်။

ယူႏိုက္တက္ကို ေျပာင္းေရႊ႕ေတာ့မယ္ နယ္သာလန္အသင္းေဖာ္ ဗန္ဒီဘိခ္ခ်ီးက်ဴးစကားေျပာၾကားလိုက္တဲ့ ဗန္ဒိုက္ခ်္

လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ခ်္က ယူႏိုက္တက္ကို ေျပာင္းေရႊ႕ေတာ့မယ့္ နယ္သာလန္အသင္းေဖာ္ ဗန္ဒီဘိခ္ကို ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ေအဂ်က္ကြင္းလယ္လူဟာ ေဟာ္လန္မွာ ေဆးစစ္မႈခံယူျပီးေနာက္ အိုးထရက္ဖိုဒ့္ကို ေျပာင္းေရႊ႕ေတာ့မွာျဖစ္ပါတယ္။ သူဟာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ ဒီေႏြရာသီ ပထမဆံုးေခၚယူမႈလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ အခါးသီးဆံုးျပိဳင္ဘက္ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခဲ့ေသာ္လည္း ဗန္ဒိုက္ခ်္က သူ႔ရဲ႕ လက္ေရြးစင္အသင္းေဖာ္ ကစားသမား အတြက္ ခ်ီးက်ဴးသြားခဲ့ပါတယ္။ “ဒြန္နီ အေကာင္းဆံုးျဖစ္ပါေစလို႔ စိတ္ထဲကေန ဆုေတာင္းေပးပါတယ္။ ဒါဟာ သူ႔အတြက္ေကာ လက္ေရြးစင္အသင္းအတြက္ပါ ေကာင္းပါတယ္။ ယူႏိုက္တက္ဟာ ၾကီးက်ယ္တဲ့အသင္းတစ္သငး္ျဖစ္လို႔ ဒြန္နီအတြက္ ေကာင္းတဲ့ ေျခလွမ္းျဖစ္ပါတယ္။ မန္စီးတီးကို ေျပာင္းခဲ့တဲ့ နသန္အကီလည္း အတူတူပါပဲ” လို႔ ဗန္ဒိုက္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ ေဟာ္လန္အသင္းရဲ႕ လာမယ့္ ပိုလန္အသင္းနဲ႔ အီတလီအသင္းတို႔နဲ႔ ကစားမယ့္ ေနရွင္းလိဂ္ျပိဳင္ပြဲ လူစာရင္းမွာ ေရြးခ်ယ္ျခင္းခံရေပမယ့္ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕မယ့္ ေဆးစစ္မႈ ခံယူေနရလို႔ ေနာက္မွသာ ပူးေပါင္းမယ္လို႔သိရပါတယ္။အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ လက္ရွိ တစ္ပတ္ ေပါင္ ၃ ေသာင္းလစာရရွိေနသူျဖစ္ပါတယ္။ သူအေဖျဖစ္သူ အန္ဒေရဗန္ဒီဘိခ္ကလည္း အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ျပီး သူ႔သားျဖစ္သူရဲ႕ အိပ္မက္ေတြ တစ္ကယ္ျဖစ္လာျပီလို႔ ေျပာသြားခဲ့ပါတယ္။