နောက်ခံလူစမောလင်းကို ခေါ်ယူရန် ယူနိုက်တက်ဆီ နောက်တစ်ကြိမ်ကမ်းလှမ်းလာတဲ့ ရိုးမား

ရိုးမားအသင်းဟာ ယူနိုက်တက်နောက်ခံလူ စမောလင်းကို ကမ်းလှမ်းမှု အသစ်နဲ့ နောက်တစ်ကြိမ် ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ အငှားသွားရောက်ကစားခဲ့စဉ်က ပုံစံကောင်းပြသခဲ့ပြီး (၃၇) ပွဲအထိ ကစားခဲ့သူဖြစ်လို့ ရိုးမားအသင်းက သူ့ကို အပြီးသတ်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အောက်တိုဘာလအပြောင်းအရွှေ့မပိတ်ခင် စမောလင်းရဲ့ လက်မှတ်ကို ရရန် ယခုအခါ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလို့ အီတလီက သတင်းများအရ သိရပါတယ်။ စမောလင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအပြီးမှာ အိုးထရက်ဖိုဒ့်ကို ပြန်လာခဲ့ပြီး ရိုးမားအသင်းရဲ့ သြဂုတ်လက ယူရိုပါလိဂ်ပြိုင်ပွဲကိုတောင်ကစားခဲ့ရခြင်းမရှိပါဘူး။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဗဟိုနောက်ခံလူရဲ့အနာဂတ်ဟာ ယူနိုက်တက်မှာ ရှိနေသေးတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော့်အထင် စမောလင်းဟာ ယူနိုက်တက်အသင်းအတွက် တန်ဖိုးရှိသေးတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ သူဟာ ရိုးမားကို သွားခဲ့ပြီး ဗဟိုနောက်ခံလူ တစ်ယောက်အနေနဲ့ သူဘယ်လောက်ကောင်းသလဲ ပြသနိုငခဲ့ပါတယ်။ ကျွန်တော့်မှာ မက်ဂွဲရား၊ လင်ဒီလော့ဖ် နဲ့ တွမ်ဇီဘီ တို့ ကို အခွင့်အရေးပေးချင်နေလို့ သူ့ကို ရိုးမားကို ပို့ခဲ့တာပါ။ အခု သူပြန်လာပါပြီ။ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူနဲ့ ကျွန်တော် စကားပြောသွားမှာပါ” လို့ နောဝေးလူမျိုးက ပြောသွားခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားဟာ မနှစ်က ပရီးမီးယားလိဂ် အဆင့် (၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အသင်းရဲ့ လူစာရင်းကို ထပ်မံတောင့်တင်းအောင် လုပ်နေဆဲဖြစ်ပါတယ်။

ေနာက္ခံလူစေမာလင္းကို ေခၚယူရန္ ယူႏိုက္တက္ဆီ ေနာက္တစ္ႀကိမ္ကမ္းလွမ္းလာတဲ့ ႐ိုးမား

ရိုးမားအသင္းဟာ ယူႏိုက္တက္ေနာက္ခံလူ စေမာလင္းကို ကမ္းလွမ္းမႈ အသစ္နဲ႔ ေနာက္တစ္ၾကိမ္ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၃၀ အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက စီးရီးေအမွာ အငွားသြားေရာက္ကစားခဲ့စဥ္က ပံုစံေကာင္းျပသခဲ့ျပီး (၃၇) ပြဲအထိ ကစားခဲ့သူျဖစ္လို႔ ရိုးမားအသင္းက သူ႔ကို အျပီးသတ္ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

ရိုးမားအသင္းဟာ ေအာက္တိုဘာလအေျပာင္းအေရႊ႕မပိတ္ခင္ စေမာလင္းရဲ႕ လက္မွတ္ကို ရရန္ ယခုအခါ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနျပီလုိ႔ အီတလီက သတင္းမ်ားအရ သိရပါတယ္။ စေမာလင္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီအျပီးမွာ အိုးထရက္ဖိုဒ့္ကို ျပန္လာခဲ့ျပီး ရိုးမားအသင္းရဲ႕ ၾသဂုတ္လက ယူရိုပါလိဂ္ျပိဳင္ပြဲကိုေတာင္ကစားခဲ့ရျခင္းမရွိပါဘူး။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ဗဟိုေနာက္ခံလူရဲ႕အနာဂတ္ဟာ ယူႏိုက္တက္မွာ ရွိေနေသးတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။

“ကြၽန္ေတာ့္အထင္ စေမာလင္းဟာ ယူႏိုက္တက္အသင္းအတြက္ တန္ဖိုးရွိေသးတယ္ဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာ သူဟာ ႐ိုးမားကို သြားခဲ့ၿပီး ဗဟိုေနာက္ခံလူ တစ္ေယာက္အေနနဲ႔ သူဘယ္ေလာက္ေကာင္းသလဲ ျပသႏိုငခဲ့ပါတယ္။ ကြၽန္ေတာ့္မွာ မက္ဂြဲရား၊ လင္ဒီေလာ့ဖ္ နဲ႔ တြမ္ဇီဘီ တို႔ ကို အခြင့္အေရးေပးခ်င္ေနလို႔ သူ႔ကို ႐ိုးမားကို ပို႔ခဲ့တာပါ။ အခု သူျပန္လာပါျပီ။ သူ႔ရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး သူနဲ႔ ကြၽန္ေတာ္ စကားေျပာသြားမွာပါ” လို႔ ေနာေဝးလူမ်ိဳးက ေျပာသြားခဲ့ပါတယ္။ နည္းျပဆိုးလ္ရွားဟာ မႏွစ္က ပရီးမီးယားလိဂ္ အဆင့္ (၃) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ျပီး အသင္းရဲ႕ လူစာရင္းကို ထပ္မံေတာင့္တင္းေအာင္ လုပ္ေနဆဲျဖစ္ပါတယ္။