ချဲလ်ဆီးအသင်းရဲ့ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွား ပြီဖြစ်တယ်လို့ သိရ

နွေရာသီအပြောင်းအရွှေ့မှာ ငွေကြေးများစွာသုံးစွဲထားပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတဲ့ ချဲလ်ဆီးဟာ နွေရာ သီဦးစားပေးပစ်မှတ်တွေထဲက တစ်ခုဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကိုလည်း အသင်းရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ကိုင်ဟာဗက်ဇ်သာ အပြီးသတ်ရောက်လာခဲ့ပါ က ချဲလ်ဆီးဟာ ဒီနှစ်နွေရာသီမှာ အပြောင်းအရွှေ့စရိတ် အဖြစ်ပေါင်သန်း၂၀၀ ကျော် အသုံးပြုထားမှာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ ကိုင်ဟာဗက်ဇ်ရဲ့အပြောင်းအရွှေ့ ကိစ္စအတွက် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ ကိုင်ဟာဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းဟာ ဂိုးသမားကီပါရဲ့ပြောင်းရွှေ့ကြေးပေါင် ၇၁.၆ သန်းကို ကျော်ခဲ့တာကြောင့် အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာခဲ့ပါတယ်။


လေဗာကူဆင်အသင်းနည်းပြ ပီတာဘော့ဇ်က ကိုင်ဟာဗက်ဇ်အပြင် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဗို့လန်းကိုလည်း မိုနာ ကိုအသင်းကို ပြောင်းရွှေ့ဖို့အတွက် ခွင့်ပြုခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပီတာဘော့ဇ်က “ တကယ်ကို မထင်မှတ်ခဲ့တာတွေ ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ကိုင်ဟာဗက်ဇ်နဲ့ ဗို့လန်းတို့လို အဓိက,ကစားသမားတွေကို ဆုံးရှုံးခဲ့တာကြောင့် ကစားသမား သစ်တွေကို မဖြစ်မနေ ပြန်ခေါ်ရမှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


ချဲလ်ဆီးအသင်းရဲ့ နည်းစနစ်အကြံပေးအဖြစ်ဆောင်ရွက်နေတဲ့ ဂိုးသမားဟောင်း ပီတာချက်ကတော့ ဂိုးသမားကီပါအနေနဲ့ အရင်ကလို လက်စွမ်းမျိုးရအောင် ပြန်ပြီးစွမ်းဆောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်ရာသီအတွက် ပရီးမီး ယားလိဂ်ကလပ်အသင်းတွေထဲမှာ ကစားသမားခေါ်ယူမှု အများဆုံးပြုလုပ်ထားတာဖြစ်ပြီး ကီပါရဲ့နေရာအတွက် ဂိုးသမား တစ်ဦးရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးအသင္းရဲ႕ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ကိုင္ဟာဗက္ဇ္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရသြား ၿပီျဖစ္တယ္လို႔ သိရ
ေႏြရာသီအေျပာင္းအေရႊ႕မွာ ေငြေၾကးမ်ားစြာသံုးစြဲထားၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတဲ့ ခ်ဲလ္ဆီးဟာ ေႏြရာ သီဦးစားေပးပစ္မွတ္ေတြထဲက တစ္ခုျဖစ္တဲ့ ကိုင္ဟာဗက္ဇ္ကိုလည္း အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၇၂ သန္းနဲ႔ေခၚယူဖို႔အတြက္ သေဘာတူညီမႈရရွိသြားၿပီျဖစ္တယ္လို႔ သိရပါတယ္။ ကိုင္ဟာဗက္ဇ္သာ အၿပီးသတ္ေရာက္လာခဲ့ပါ က ခ်ဲလ္ဆီးဟာ ဒီႏွစ္ေႏြရာသီမွာ အေျပာင္းအေရႊ႕စရိတ္အျဖစ္ေပါင္သန္း၂၀၀ ေက်ာ္ အသံုးျပဳထားမွာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့တနလၤာေန႔က ဂ်ာမနီႏိုင္ငံ စတုဂတ္ၿမိဳ႕မွာ ကိုင္ဟာဗက္ဇ္ရဲ႕အေျပာင္းအေရႊ႕ ကိစၥအတြက္ ေတြ႕ဆံုခဲ့ၾကတာျဖစ္ၿပီး သေဘာတူညီမႈရရွိခဲ့ၿပီလို႔သိရပါတယ္။ ကိုင္ဟာဗက္ဇ္ရဲ႕ ေျပာင္းေရႊ႕ေၾကးေပါင္ ၇၂ သန္းဟာ ဂိုးသမားကီပါရဲ႕ေျပာင္းေရႊ႕ေၾကးေပါင္ ၇၁.၆ သန္းကို ေက်ာ္ခဲ့တာေၾကာင့္ အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ျဖစ္လာခဲ့ပါတယ္။
ေလဗာကူဆင္အသင္းနည္းျပ ပီတာေဘာ့ဇ္က ကိုင္ဟာဗက္ဇ္အျပင္ အျခားတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဗို႔လန္းကိုလည္း မိုနာ ကိုအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ခြင့္ျပဳခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ပီတာေဘာ့ဇ္က “ တကယ္ကို မထင္မွတ္ခဲ့တာေတြ ျဖစ္ခဲ့တယ္လို႔ပဲ ဆိုရမွာပါ။ ကိုင္ဟာဗက္ဇ္နဲ႔ ဗို႔လန္းတို႔လို အဓိက,ကစားသမားေတြကို ဆံုးရႈံးခဲ့တာေၾကာင့္ ကစားသမား သစ္ေတြကို မျဖစ္မေန ျပန္ေခၚရမွာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းရဲ႕ နည္းစနစ္အၾကံေပးအျဖစ္ေဆာင္ရြက္ေနတဲ့ ဂိုးသမားေဟာင္း ပီတာခ်က္ကေတာ့ ဂိုးသမားကီပါအေနနဲ႔ အရင္ကလို လက္စြမ္းမ်ိဳးရေအာင္ ျပန္ၿပီးစြမ္းေဆာင္ႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ လာမယ့္ရာသီအတြက္ ပရီးမီး ယားလိဂ္ကလပ္အသင္းေတြထဲမွာ ကစားသမားေခၚယူမႈ အမ်ားဆံုးျပဳလုပ္ထားတာျဖစ္ၿပီး ကီပါရဲ႕ေနရာအတြက္ ဂိုးသမား တစ္ဦးရွာေဖြေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနခဲ့ပါတယ္။