ပင်နန်ဒက်စ်လို့ ခေါ်ခံရဖို့အတွက် ပင်နယ်တီကန်တာကို အမြဲတမ်းလေ့ကျင့်ခဲ့ရတယ်လို့ ပြောခဲ့တဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်အသင်းကွင်းလယ်လူ ဖာနန်ဒက်စ်က အသင်းဟောင်း ဘိုအာဗစ္စတာကို အလည်အပတ်အဖြစ် အားလပ်ရက် မှာသွားရောက်ခဲ့ပြီး သူရဲ့ ပင်နယ်တီကန်သွင်းမှုများ အစမ်းပြုလုပ်ပြခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီကလပ်ဖြစ်တဲ့ အသင်းဟောင်း ဘိုအားဗစ္စတာမှာ လူငယ်ကစားသမားဘဝကို ၈ နှစ်တာကစားခဲ့ သူ ဖြစ်ပါတယ်။


အားလပ်ရက်အနားယူဖို့အတွက် ပေါ်တူဂီကို ပြန်ရောက်နေတာဖြစ်ပေမယ့် ဖာနန်ဒက်စ်ဟာ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ဘိုအာဗစ္စတာဂိုးသမား ရာဖေးလ်ဖလိုရက်စ်နဲ့ လေ့ကျင့်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ပင်နယ်တီကန်သွင်းခဲ့ရာမှာ အလုံးတိုင်းကို ဝင်အောင်ကန်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ်ဟာ သူရဲ့အမှတ်အသားဖြစ်တဲ့ ပင်နယ်တီကန်သွင်းခါနီးမှာ ခုန်ပြီးမှ အလုံးတိုင်းကို ကန်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။


ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက်မှာ ခြေစွမ်းပြနိုင်ခဲ့ပေ မယ့် ပရိသတ်အချို့ကတော့ သူရဲ့နာမည် ဖာနန်ဒက်စ်ကို အမည်တစ်မျိုးပြောင်းလဲပြီး ပင်နန်ဒက်စ်လို့ ခေါ်ဆိုကြတာတွေ ရှိခဲ့ကြပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် ပင်နယ်တီ ၈ ကြိမ်ကန်သွင်းခဲ့ရာမှာ ၈ ကြိမ်စ လုံး ဂိုးရရှိအောင် ကန်သွင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက တစ်ရာသီအတွင်းပြိုင်ပွဲစုံမှာ ပင်နယ်တီ ၂၂ ကြိမ်အထိရခဲ့ပြီး ဥရောပထိပ်သီး လိဂ် ၅ခုမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဆီဗီလာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အပြီးမှာတော့ ပရိသတ်အချို့ဟာ Wikipedia ရဲ့ ဖာနန်ဒက်စ် ကိုယ်ရေးအချက်အလက်တွေမှာ ပရော်ဖက်ရှင်နယ်ပင်နယ်တီကန်သွင်းသူလို့ လေးစားမှုမဲ့စွာ ဝင်ရောက်ရေးခဲ့ကြတာကြောင့် ဖာနန်ဒက်စ်က ဒီလိုဖြစ်ဖို့ အမြဲလေ့ကျင့်ခဲ့ရတယ်ဆိုပြီး ပြန်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ပင္နန္ဒက္စ္လို႔ ေခၚခံရဖို႔အတြက္ ပင္နယ္တီကန္တာကို အၿမဲတမ္းေလ့က်င့္ခဲ့ရတယ္လို႔ ေျပာခဲ့တဲ့ ဖာနန္ဒက္စ္
ယူႏိုက္တက္အသင္းကြင္းလယ္လူ ဖာနန္ဒက္စ္က အသင္းေဟာင္း ဘိုအာဗစၥတာကို အလည္အပတ္အျဖစ္ အားလပ္ရက္ မွာသြားေရာက္ခဲ့ၿပီး သူရဲ႕ ပင္နယ္တီကန္သြင္းမႈမ်ား အစမ္းျပဳလုပ္ျပခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဖာနန္ဒက္စ္ဟာ ေပၚတူဂီကလပ္ျဖစ္တဲ့ အသင္းေဟာင္း ဘိုအားဗစၥတာမွာ လူငယ္ကစားသမားဘဝကို ၈ ႏွစ္တာကစားခဲ့ သူ ျဖစ္ပါတယ္။
အားလပ္ရက္အနားယူဖို႔အတြက္ ေပၚတူဂီကို ျပန္ေရာက္ေနတာျဖစ္ေပမယ့္ ဖာနန္ဒက္စ္ဟာ အသက္ ၁၇ ႏွစ္ပဲ ရွိေသးတဲ့ ဘိုအာဗစၥတာဂိုးသမား ရာေဖးလ္ဖလိုရက္စ္နဲ႔ ေလ့က်င့္မႈျပဳလုပ္ခဲ့တာျဖစ္ၿပီး ပင္နယ္တီကန္သြင္းခဲ့ရာမွာ အလံုးတိုင္းကို ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဖာနန္ဒက္စ္ဟာ သူရဲ႕အမွတ္အသားျဖစ္တဲ့ ပင္နယ္တီကန္သြင္းခါနီးမွာ ခုန္ၿပီးမွ အလံုးတိုင္းကို ကန္သြင္းခဲ့တာပဲ ျဖစ္ပါတယ္။
ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာၿပီးေနာက္မွာ ေျခစြမ္းျပႏိုင္ခဲ့ေပ မယ့္ ပရိသတ္အခ်ိဳ႕ကေတာ့ သူရဲ႕နာမည္ ဖာနန္ဒက္စ္ကို အမည္တစ္မ်ိဳးေျပာင္းလဲၿပီး ပင္နန္ဒက္စ္လို႔ ေခၚဆိုၾကတာေတြ ရွိခဲ့ၾကပါတယ္။ ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ ပင္နယ္တီ ၈ ႀကိမ္ကန္သြင္းခဲ့ရာမွာ ၈ ႀကိမ္စ လံုး ဂိုးရရွိေအာင္ ကန္သြင္းႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက တစ္ရာသီအတြင္းၿပိဳင္ပြဲစံုမွာ ပင္နယ္တီ ၂၂ ႀကိမ္အထိရခဲ့ၿပီး ဥေရာပထိပ္သီး လိဂ္ ၅ခုမွာ အမ်ားဆံုးျဖစ္ခဲ့ပါတယ္။ ဆီဗီလာနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္အၿပီးမွာေတာ့ ပရိသတ္အခ်ိဳ႕ဟာ Wikipedia ရဲ႕ ဖာနန္ဒက္စ္ ကိုယ္ေရးအခ်က္အလက္ေတြမွာ ပေရာ္ဖက္ရွင္နယ္ပင္နယ္တီကန္သြင္းသူလို႔ ေလးစားမႈမဲ့စြာ ဝင္ေရာက္ေရးခဲ့ၾကတာေၾကာင့္ ဖာနန္ဒက္စ္က ဒီလိုျဖစ္ဖို႔ အၿမဲေလ့က်င့္ခဲ့ရတယ္ဆိုၿပီး ျပန္ေျပာခဲ့တာပဲ ျဖစ္ပါတယ္။