ဆီဘယ်လော့ ကို မဝယ်ဘဲနဲ့ တစ်နှစ်လောက် အဌားထပ်ခေါ်ဦးမယ့် အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာအနေနဲ့ ရီးရဲလ်ကနေ ပြီးခဲ့တဲ့ရာသီက အဌားနဲ့ လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင် ခဲ့တဲ့ ကွင်းလယ်လူ ဆီဘယ်လော့ကို အပြီးသတ်ခေါ်ယူဖို့ထက် နောက်ထပ်တစ်နှစ် အဌားနဲ့ထပ်ခေါ်ဖို့ပဲ အလိုရှိနေတယ် လို့ သိရပါတယ်။ ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်မရနိုင်တာကြောင့် ဆီဘယ်လော့စ်အနေနဲ့ အသင်းပြောင်းဖို့ရှိနေပြီး အာဆင် နယ်ကို အဌားနဲ့ထပ်မံလာကစားဖို့ သဘောတူညီထားတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။


ဆီဘယ်လော့ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်မှာ ပြိုင်ပွဲစုံ ၃၇ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး သွင်းဂိုးနှစ်ဂိုးသွင်းယူခဲ့နိုင်တာ ရာသီအကုန်မှာ အသင်းနဲ့အတူ အက်ဖ်အေဖလားချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ရီးရဲလ်တာဝန်ရှိသူတွေအနေနဲ့ နည်းပြဇီဒန်း ရဲ့ နည်းစနစ်တွေမှာ အံဝင်မှုမရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဒီကစားသမားတွေထဲမှာ ဆီဘယ်လော့စ်လည်း ပါဝင်နေတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ရီးရဲလ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ ဆီဘယ်လော့ဟာ အသင်းနဲ့ပူး ပေါင်းပြီးလေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ ဆီဘယ်လော့က လာမယ့်နွေရာသီမှာကျင်းပမယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ အတွက် ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အသင်းကိုပြောင်းရွှေ့ကစားချင်တယ်လို့ ပြောထားပြီး အာဆင်နယ်အပြင် ဘက်တစ်က လည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ထွက်နေတဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ လက်စွမ်း ပြနေတဲ့ ဂိုးသမားမာတီနက်ဇ်နဲ့ နောက်ခံလူ ကိုလာဆီနက်စ် တို့နှစ်ယောက်ကို ရှော်ကေးအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်။ ရှော်ကေးကစားသမားဟောင်း ကိုလာဆီနက်စ်အနေနဲ့ အသင်းဟောင်းကို ပြန်ပြောင်းဖို့အတွက် ဆန္ဒရှိနေတယ်လို့ Sky Sport Germany က ဖော်ပြခဲ့ပါတယ်။

zawgyi version

ဆီဘယ္ေလာ့ ကို မဝယ္ဘဲနဲ႔ တစ္ႏွစ္ေလာက္ အဌားထပ္ေခၚဦးမယ့္ အာဆင္နယ္နည္းျပ အာတီတာ
အာဆင္နယ္အသင္းနည္းျပ အာတီတာအေနနဲ႔ ရီးရဲလ္ကေန ၿပီးခဲ့တဲ့ရာသီက အဌားနဲ႔ လာေရာက္ကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ ခဲ့တဲ့ ကြင္းလယ္လူ ဆီဘယ္ေလာ့ကို အၿပီးသတ္ေခၚယူဖို႔ထက္ ေနာက္ထပ္တစ္ႏွစ္ အဌားနဲ႔ထပ္ေခၚဖို႔ပဲ အလိုရွိေနတယ္ လို႔ သိရပါတယ္။ ရီးရဲလ္မွာ ပံုမွန္ပြဲထြက္ခြင့္မရႏိုင္တာေၾကာင့္ ဆီဘယ္ေလာ့စ္အေနနဲ႔ အသင္းေျပာင္းဖို႔ရွိေနၿပီး အာဆင္ နယ္ကို အဌားနဲ႔ထပ္မံလာကစားဖို႔ သေဘာတူညီထားတယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားပါတယ္။
ဆီဘယ္ေလာ့ဟာ ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္မွာ ၿပိဳင္ပြဲစံု ၃၇ ပြဲပါဝင္ကစားခြင့္ရခဲ့ၿပီး သြင္းဂိုးႏွစ္ဂိုးသြင္းယူခဲ့ႏိုင္တာ ရာသီအကုန္မွာ အသင္းနဲ႔အတူ အက္ဖ္ေအဖလားခ်န္ပီယံဆုကို ရရွိခဲ့ပါတယ္။ ရီးရဲလ္တာဝန္ရွိသူေတြအေနနဲ႔ နည္းျပဇီဒန္း ရဲ႕ နည္းစနစ္ေတြမွာ အံဝင္မႈမရွိတဲ့ ကစားသမားေတြကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရၿပီး ဒီကစားသမားေတြထဲမွာ ဆီဘယ္ေလာ့စ္လည္း ပါဝင္ေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ ရီးရဲလ္အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ေတြမွာေတာ့ ဆီဘယ္ေလာ့ဟာ အသင္းနဲ႔ပူး ေပါင္းၿပီးေလ့က်င့္ခဲ့တယ္လို႔ သိရပါတယ္။ ဆီဘယ္ေလာ့က လာမယ့္ေႏြရာသီမွာက်င္းပမယ့္ ယူ႐ိုၿပိဳင္ပြဲမွာ ပါဝင္ခြင့္ရဖို႔ အတြက္ ပံုမွန္ပြဲထြက္ခြင့္ရတဲ့ အသင္းကိုေျပာင္းေရႊ႕ကစားခ်င္တယ္လို႔ ေျပာထားၿပီး အာဆင္နယ္အျပင္ ဘက္တစ္က လည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
အာဆင္နယ္ရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ထြက္ေနတဲ့ေနာက္ထပ္သတင္းတစ္ပုဒ္ကေတာ့ လက္စြမ္း ျပေနတဲ့ ဂိုးသမားမာတီနက္ဇ္နဲ႔ ေနာက္ခံလူ ကိုလာဆီနက္စ္ တို႔ႏွစ္ေယာက္ကို ေရွာ္ေကးအေနနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေန တယ္လို႔ သိရပါတယ္။ ေရွာ္ေကးကစားသမားေဟာင္း ကိုလာဆီနက္စ္အေနနဲ႔ အသင္းေဟာင္းကို ျပန္ေျပာင္းဖို႔အတြက္ ဆႏၵရွိေနတယ္လို႔ Sky Sport Germany က ေဖာ္ျပခဲ့ပါတယ္။