မက်ဆီ ကို မန်စီးတီးက ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းတော့မယ်လို့ အသင်းဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်း အတည်ပြုခဲ့

မန်စီးတီးအနေနဲ့ ဘာစီလိုနာကနေ ထွက်တော့မယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့အတွက် ၂နှစ် စာချုပ်ရှိတဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ စတင်ကမ်းလှမ်းတော့မယ်လို့ အသင်းဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းက အတည်ပြုခဲ့ ပါတယ်။ Cadena Ser သတင်းဌာနကတော့ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ရဖို့အတွက် မက်ဆီကိုခေါ်ယူဖို့ စတင်ဆောင် ရွက်နေပြီလို့ ဖော်ပြခဲ့ပါတယ်။


တစ်ဆက်နည်းမှာပဲ မန်စီးတီးအသင်းဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းအနေနဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့အတွက် ဘာစီ လိုနာမြို့ကိုရောက်ရှိနေပြီလို့လည်း ဖော်ပြခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ဘာစီ လိုနာမှာ အတူလက်တွဲလုပ်ဆောင်ခဲ့ဖူးတဲ့ နည်းပြဂွါဒီယိုလာနဲ့ ပြန်လည်လက်တွဲခွင့်ရရှိမှာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ အစောပိုင်းမှာ မက်ဆီကို ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပေမယ့် စာချုပ်သက်တမ်းတိုးဖို့အတွက်လည်း လုပ်ဆောင်ထား တယ်လို့ သိရပါတယ်။


ဘာစီလိုနာအသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေကို မက်ဆီ လာရောက်ခြင်းမရှိတာကြောင့် အသင်းပြောင်းရွှေ့ ဖို့ သတင်းတွေက ပိုပြီးခိုင်မာနေခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာနဲ့ ၂၀၂၁ ခုနှစ်ဇွန်လ ကုန်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သူရဲ့စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ကြောင့် ခေါ်ယူလိုတဲ့အသင်း တွေအနေနဲ့ အဆင်မပြေဖြစ်နေတာပဲ ဖြစ်ပါတယ်။


မက်ဆီအနေနဲ့ ဘာစီလိုနာရဲ့ ရာသီကြိုပြင်ဆင်မှုတွေမှာ အသင်းနဲ့ပူးပေါင်းခဲ့ခြင်းမရှိတာကြောင့် ပေါင် ၁.၁သန်း ဒဏ်ကြေး ပေးဆောင်ရဖို့ ရှိနေလို့ သတင်းတွေထွက်နေပြီး မက်ဆီကတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဘာစီလိုနာအသင်းတာဝန်ရှိသူ တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းပရိသတ်တွေကလည်း မက်ဆီကို အသင်းမှာဆက်ရှိဖို့အတွက် တာဝန်ရှိသူတွေကို ဖိအားပေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

zawgyi version

မက္ဆီ ကို မန္စီးတီးက ၂ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းေတာ့မယ္လို႔ အသင္းေဘာလံုးဒါ႐ိုက္တာ ဘီဂီရီစတိန္း အတည္ျပဳခဲ့
မန္စီးတီးအေနနဲ႔ ဘာစီလိုနာကေန ထြက္ေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ တိုက္စစ္မွဴး မက္ဆီကို ေခၚယူဖို႔အတြက္ ၂ႏွစ္ စာခ်ဳပ္ရွိတဲ့ ကမ္းလွမ္းမႈတစ္ရပ္နဲ႔ စတင္ကမ္းလွမ္းေတာ့မယ္လို႔ အသင္းေဘာလံုးဒါ႐ိုက္တာ ဘီဂီရီစတိန္းက အတည္ျပဳခဲ့ ပါတယ္။ Cadena Ser သတင္းဌာနကေတာ့ မန္စီးတီးအေနနဲ႔ ခ်န္ပီယံလိဂ္ရဖို႔အတြက္ မက္ဆီကိုေခၚယူဖို႔ စတင္ေဆာင္ ရြက္ေနၿပီလို႔ ေဖာ္ျပခဲ့ပါတယ္။
တစ္ဆက္နည္းမွာပဲ မန္စီးတီးအသင္းေဘာလံုးဒါ႐ိုက္တာ ဘီဂီရီစတိန္းအေနနဲ႔ အေျပာင္းအေရႊ႕ေဆြးေႏြးဖို႔အတြက္ ဘာစီ လိုနာၿမိဳ႕ကိုေရာက္ရွိေနၿပီလို႔လည္း ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ မန္စီးတီးကို ေျပာင္းေရႊ႕ျဖစ္ခဲ့မယ္ဆိုရင္ ဘာစီ လိုနာမွာ အတူလက္တြဲလုပ္ေဆာင္ခဲ့ဖူးတဲ့ နည္းျပဂြါဒီယိုလာနဲ႔ ျပန္လည္လက္တြဲခြင့္ရရွိမွာျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ အေစာပိုင္းမွာ မက္ဆီကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားေပမယ့္ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္လည္း လုပ္ေဆာင္ထား တယ္လို႔ သိရပါတယ္။
ဘာစီလိုနာအသင္းရဲ႕ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြကို မက္ဆီ လာေရာက္ျခင္းမရွိတာေၾကာင့္ အသင္းေျပာင္းေရႊ႕ ဖို႔ သတင္းေတြက ပိုၿပီးခိုင္မာေနခဲ့တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာနဲ႔ ၂၀၂၁ ခုႏွစ္ဇြန္လ ကုန္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။ သူရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ိုသန္း ၇၀၀ ေၾကာင့္ ေခၚယူလိုတဲ့အသင္း ေတြအေနနဲ႔ အဆင္မေျပျဖစ္ေနတာပဲ ျဖစ္ပါတယ္။
မက္ဆီအေနနဲ႔ ဘာစီလိုနာရဲ႕ ရာသီႀကိဳျပင္ဆင္မႈေတြမွာ အသင္းနဲ႔ပူးေပါင္းခဲ့ျခင္းမရွိတာေၾကာင့္ ေပါင္ ၁.၁သန္း ဒဏ္ေၾကး ေပးေဆာင္ရဖို႔ ရွိေနလို႔ သတင္းေတြထြက္ေနၿပီး မက္ဆီကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္အတြင္း ဘာစီလိုနာအသင္းတာဝန္ရွိသူ ေတြနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းပရိသတ္ေတြကလည္း မက္ဆီကို အသင္းမွာဆက္ရွိဖို႔အတြက္ တာဝန္ရွိသူေတြကို ဖိအားေပးမႈေတြ ျပဳလုပ္ေနတယ္လို႔လည္း သိရပါတယ္။