ဗန်ဒီဘိခ်ကို ခေါ်ယူလိုက်လို့ လင်ဂတ် နဲ့ ပါရဲရားတို့ကို ရောင်းချတော့မယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ နေရာလွတ်ထားရန် အတွက် လင်ဂတ် နဲ့ ပါရဲရား တို့ကို ရောင်းချတော့မယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ အေဂျက်ကြယ်ပွင့် ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပါတယ်။ ဒက်ချ်ကွင်းလယ်လူဟာ ဒီနွေရာသီမှာ နည်းပြ ဆိုးလ်ရှားရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်ပြီး ပုဂ္ဂိုလ်ရေးသဘောတူညီချက်အရ (၅) နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

ဆိုလ်းရှားဟာ အောက်တိုဘာလ (၅) ရက်နေ့ပိတ်သိမ်းမယ့် အပြောင်းအရွှေ့ရာသီမပြီးခင်အထိ ကွင်းလယ်လူ တစ်ယောက်၊ ညာတောင်ပံတစ်ယောက် နဲ့ တိုက်စစ်မှူး တစ်ယောက်ခေါ်ယူသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းပြဆိုးလ်ရှားဟာ အသင်းမှာ ခြေစွမ်းပျောက်ဆုံးနေတဲ့ လင်ဂတ် နဲ့ ပါရဲရားတို့ကို ရောင်းချတော့မယ်လို့ သိရပါတယ်။

ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဘာ ၊ ဘရူနိုဖာနန်ဒက်စ် ၊ ဖရက်ဒ် ၊ မာတစ်၊ တွမ်မီနေး နဲ့ မာတာ တို့ ရှိနေတဲ့ ကွင်းလယ်ကို ဗန်ဒီဘိခ်ဟာ ပူးပေါင်းမှာဖြစ်ပါတယ်။ပါရဲရား နဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ခြေစွမ်းမပြနိုင်ခဲ့ပဲ ဘရူနိုဖာနန်ဒက်စ်ကိုပါ ခေါ်ယူလိုက်ပြီးနောက် ကစားခွင့် လုံး၀ ပျောက်ဆုံးခဲ့ရပါတယ်။

လင်ဂတ်ဟာ ယူနိုက်တက်ကို အသက် (၇) နှစ်အရွယ်ကတည်းက ရောက်လာခဲ့သူဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ နှစ်စကတည်းက ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့် မရတော့တာဖြစ်ပါတယ်။ပါရဲရားကတော့ ယူနိုက်တက်ကို အသက် ၁၅ နှစ်အရွယ် ၂၀၁၁ မှာ ရောက်လာခဲံပေမယ့် သူဟာ ဖေဖော်ဝါရီလကတည်းက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပါတယ်။

ဗန္ဒီဘိခ္ကို ေခၚယူလိုက္လို႔ လင္ဂတ္ နဲ႔ ပါရဲရားတို႔ကို ေရာင္းခ်ေတာ့မယ့္ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ ေနရာလြတ္ထားရန္ အတြက္ လင္ဂတ္ နဲ႔ ပါရဲရား တို႔ကို ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ ေအဂ်က္ၾကယ္ပြင့္ ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူရန္ နီးစပ္ေနျပီျဖစ္ပါတယ္။ ဒက္ခ်္ကြင္းလယ္လူဟာ ဒီေႏြရာသီမွာ နည္းျပ ဆိုးလ္ရွားရဲ႕ ပထမဆံုးေခၚယူမႈ ျဖစ္ျပီး ပုဂၢိဳလ္ေရးသေဘာတူညီခ်က္အရ (၅) ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမယ္လို႔ သိရပါတယ္။

ဆိုလး္ရွားဟာ ေအာက္တိုဘာလ (၅) ရက္ေန႔ပိတ္သိမ္းမယ့္ အေျပာင္းအေရႊ႕ရာသီမျပီးခင္အထိ ကြင္းလယ္လူ တစ္ေယာက္၊ ညာေတာင္ပံတစ္ေယာက္ နဲ႔ တုိက္စစ္မွဴး တစ္ေယာက္ေခၚယူသြားမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ နည္းျပဆိုးလ္ရွားဟာ အသင္းမွာ ေျခစြမ္းေပ်ာက္ဆံုးေနတဲ့ လင္ဂတ္ နဲ႔ ပါရဲရားတို႔ကို ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။

ယူႏိုက္တက္ကြင္းလယ္မွာ ေပါ့ဘာ ၊ ဘရူႏိုဖာနန္ဒက္စ္ ၊ ဖရက္ဒ္ ၊ မာတစ္၊ တြမ္မီေနး နဲ႔ မာတာ တို႔ ရွိေနတဲ့ ကြင္းလယ္ကို ဗန္ဒီဘိခ္ဟာ ပူးေပါင္းမွာျဖစ္ပါတယ္။ပါရဲရား နဲ႔ လင္ဂတ္ဟာ ျပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းမျပႏိုင္ခဲ့ပဲ ဘရူႏိုဖာနန္ဒက္စ္ကိုပါ ေခၚယူလိုက္ျပီးေနာက္ ကစားခြင့္ လံုး၀ ေပ်ာက္ဆံုးခဲ့ရပါတယ္။

လင္ဂတ္ဟာ ယူႏိုက္တက္ကို အသက္ (၇) ႏွစ္အရြယ္ကတည္းက ေရာက္လာခဲ့သူျဖစ္ေပမယ့္ အဂၤလန္လက္ေရြးစင္ကစားသမားေဟာင္းဟာ ႏွစ္စကတည္းက ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားခြင့္ မရေတာ့တာျဖစ္ပါတယ္။ပါရဲရားကေတာ့ ယူႏိုက္တက္ကို အသက္ ၁၅ ႏွစ္အရြယ္ ၂၀၁၁ မွာ ေရာက္လာခဲံေပမယ့္ သူဟာ ေဖေဖာ္၀ါရီလကတည္းက အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆံုးခဲ့ရပါတယ္။