ရပ်ရှ်ဖိုဒ့် နဲ့ ဟယ်ရီဝင့်ခ်ကို ထုတ်ပြီး ဂျက်ဂရီလစ်ရှ်ကို ရွေးချယ်လိုက်တဲ့ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ အိုက်စလန် နဲ့ ဒိန်းမတ် တို့ နဲ့ ကစားမယ့် လူစာရင်းကနေ ရပ်ရှ်ဖိုဒ့် နဲ့ ဟယ်ရီဝင်ခ့် တို့ကို ထုတ်လိုက်ပြီး ဂျက်ဂရီလစ်ရှ်ကို ပထမဆုံးအကြိမ် ရွေးချယ်သွားခဲ့ပါတယ်။ ဂျက်ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားတဲ့ ကွင်းလယ်ကစားသမား ဖြစ်ပါတယ်။ သို့သော်လည်း ရပ်ရှ်ဖိုဒ့်ကို ချန်လှပ်ထားလိုက်မှသာ အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဟာ ရွေးချယ်ခြင်းခံခဲ့ရတာပါ။

ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကပဲ ပြန်လည်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်လည်း လူစာရင်းကနေ ချန်ထားခံလိုက်ရပေမယ့် ဘာကြောင့်လဲဆိုတာ အက်ဖ်အေက ပြောသွားခဲ့ခြင်းမရှိပါဘူး။

သတင်းများအရ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ထုတ်ပယ်လိုက်တာလို့ ပြောဆိုနေကြတာဖြစ်ပါတယ်။ မကြာသေးခင်တုန်းက စစ်ဆေးချက်အရ ပရီးမီးယားလိဂ်က (၄) ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။နည်းပြဆောက်ဂိတ်ကလည်း ကစားသမားတွေကို (၂) ကြိမ် စစ်ဆေးသွားမှာဖြစ်ပြီး အတတ်နိုင်ဆုံး ရောဂါ မဖြစ်ရန် မျှော်လင့်နေတာဖြစ်ပါတယ်။

ရပ္ရွ္ဖိုဒ့္ နဲ႔ ဟယ္ရီ၀င့္ခ္ကို ထုတ္ျပီး ဂ်က္ဂရီလစ္ရွ္ကို ေရြးခ်ယ္လိုက္တဲ့ အဂၤလန္လက္ေရြးစင္နည္းျပ ေဆာက္ဂိတ္

အဂၤလန္လက္ေရြးစင္နည္းျပ ေဆာက္ဂိတ္ဟာ အိုက္စလန္ နဲ႔ ဒိန္းမတ္ တို႔ နဲ႔ ကစားမယ့္ လူစာရင္းကေန ရပ္ရွ္ဖိုဒ့္ နဲ႔ ဟယ္ရီ၀င္ခ့္ တို႔ကို ထုတ္လိုက္ျပီး ဂ်က္ဂရီလစ္ရွ္ကို ပထမဆံုးအၾကိမ္ ေရြးခ်ယ္သြားခဲ့ပါတယ္။ ဂ်က္ဂရီလစ္ရွ္ဟာ ျပီးခဲ့တဲ့ရာသီက အက္စတြန္ဗီလာအသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ေပးထားတဲ့ ကြင္းလယ္ကစားသမား ျဖစ္ပါတယ္။ သုိ႔ေသာ္လည္း ရပ္ရွ္ဖိုဒ့္ကို ခ်န္လွပ္ထားလိုက္မွသာ အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ဟာ ေရြးခ်ယ္ျခင္းခံခ့ဲရတာပါ။

ရပ္ရွ္ဖိုဒ့္ဟာ ျပီးခဲ့တဲ့ရာသီကုန္ကတည္းက ရရွိခဲ့တဲ့ ေျခက်င္း၀တ္ဒဏ္ရာကပဲ ျပန္လည္ဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။ စပါးအသင္းရဲ႕ ကြင္းလယ္လူ ဟယ္ရီ၀င့္ခ္လည္း လူစာရင္းကေန ခ်န္ထားခံလိုက္ရေပမယ့္ ဘာေၾကာင့္လဲဆိုတာ အက္ဖ္ေအက ေျပာသြားခဲ့ျခင္းမရွိပါဘူး။

သတင္းမ်ားအရ ကိုဗစ္-၁၉ ေရာဂါပိုးေၾကာင့္ ထုတ္ပယ္လိုက္တာလို႔ ေျပာဆိုေနၾကတာျဖစ္ပါတယ္။ မၾကာေသးခင္တုန္းက စစ္ေဆးခ်က္အရ ပရီးမီးယားလိဂ္က (၄) ေယာက္ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။နည္းျပေဆာက္ဂိတ္ကလည္း ကစားသမားေတြကို (၂) ၾကိမ္ စစ္ေဆးသြားမွာျဖစ္ျပီး အတတ္ႏိုင္ဆံုး ေရာဂါ မျဖစ္ရန္ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။