မက်ဂွဲရား နဲ့ တွဲကစားဖို့ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို လိုချင်နေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။နည်းပြ ဆိုးလ်ရှားဟာ ဒီတစ်ပတ်မှာ အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူရန် သဘောတူညီမှု ရပြီးနောက် အသင်းရဲ့ လူစာရင်းနေရာတော်တော်များများကို တိုးတက်အောင်လုပ်ချင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဟာ အသင်းခေါင်းဆောင် မက်ဂွဲရားနဲ့ နောက်တန်းမှာ တွဲကစားရန် ဗဟိုနောက်ခံလူတစ်ယောက်ကိုလည်း အဓိက ရှာဖွေသွားမယ်လို့ သိရပါတယ်။ ESPN က အဆိုအရ ဆိုးလ်ရှားဟာ အောက်တိုဘာလ (၅) ရက်နေ့ အပြောင်းအရွှေ့မပိတ်ခင်မှာ အူပါမီကာနိုကို ခေါ်ယူသွားရန် ယုံကြည်မှု ရှိနေတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ပြင်သစ်ကစားသမားဟာ မကြာသေးခင်ကမှ ဘွန်ဒက်စ်လီဂါ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် အဓိက စွမ်းဆောင်ပေးထားသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အူပါမီကာနိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၅၃ သန်းဖြစ်ပေမယ့် လက်ရှိအနေအထားအရ ပေါင် ၃၇ သန်းအထိ လျော့ချသွားဖွယ်ရှိနေပါတယ်။

ပြင်သစ်နောက်ခံလူဟာ လိုက်ပ်ဇစ်ကို ၂၀၁၇ ခုနှစ်ကတည်းက ဆဲလ်ဘက်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၁၂) ပွဲကစားထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း သူဟာ (၃၇) ပွဲအထိ ကစားပေးခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူတွေနေရာမှာ အဲရစ်ဘာယီ နဲ့ လင်ဒီလောဖ့်တို့ဟာ မက်ဂွဲရား နဲ့ တွဲကစားရာမှာ အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဖီးလ်ဂျုံးစ်ကလည်း အိုးထရက်ဖိုဒ့်က ထွက်ခွာရန် နီးစပ်နေပါတယ်။

မက္ဂြဲရား နဲ႔ တြဲကစားဖို႔ လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို လိုခ်င္ေနတဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္အသင္းဟာ ဒီေႏြရာသီမွာ လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူရန္ စိတ္ဝင္စားလာတယ္လို႔ သတင္းမ်ားထြက္ေပၚလာပါတယ္။နည္းျပ ဆိုးလ္ရွားဟာ ဒီတစ္ပတ္မွာ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရၿပီးေနာက္ အသင္းရဲ႕ လူစာရင္းေနရာေတာ္ေတာ္မ်ားမ်ားကို တိုးတက္ေအာင္လုပ္ခ်င္ေနတာျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပဟာ အသင္းေခါင္းေဆာင္ မက္ဂြဲရားနဲ႔ ေနာက္တန္းမွာ တြဲကစားရန္ ဗဟိုေနာက္ခံလူတစ္ေယာက္ကိုလည္း အဓိက ရွာေဖြသြားမယ္လို႔ သိရပါတယ္။ ESPN က အဆိုအရ ဆိုးလ္ရွားဟာ ေအာက္တိုဘာလ (၅) ရက္ေန႔ အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ အူပါမီကာႏိုကို ေခၚယူသြားရန္ ယုံၾကည္မႈ ရွိေနတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ျပင္သစ္ကစားသမားဟာ မၾကာေသးခင္ကမွ ဘြန္ဒက္စ္လီဂါ ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ၿပီး လိုက္ပ္ဇစ္အသင္းကို ဆီမီးဖိုင္နယ္ေရာက္ေအာင္ အဓိက စြမ္းေဆာင္ေပးထားသူေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ေပါင္ ၅၃ သန္းျဖစ္ေပမယ့္ လက္ရွိအေနအထားအရ ေပါင္ ၃၇ သန္းအထိ ေလ်ာ့ခ်သြားဖြယ္ရွိေနပါတယ္။

ျပင္သစ္ေနာက္ခံလူဟာ လိုက္ပ္ဇစ္ကို ၂၀၁၇ ခုႏွစ္ကတည္းက ဆဲလ္ဘက္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစုံ (၁၁၂) ပြဲကစားထားသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း သူဟာ (၃၇) ပြဲအထိ ကစားေပးခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ ဗဟိုေနာက္ခံလူေတြေနရာမွာ အဲရစ္ဘာယီ နဲ႔ လင္ဒီေလာဖ့္တို႔ဟာ မက္ဂြဲရား နဲ႔ တြဲကစားရာမွာ အခက္အခဲေတြရွိေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ဖီးလ္ဂ်ဳံးစ္ကလည္း အိုးထရက္ဖိုဒ့္က ထြက္ခြာရန္ နီးစပ္ေနပါတယ္။