ဘင်ချီဝဲလ်နေရာ အစားထိုးရန် အတ္တလန္တာနောက်ခံလူ တီမိုတီကက်စ်တဂ်နီ ကို ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်တဲ့ လက်စတာအသင်း

လက်စတာအသင်းဟာ အတ္တလန္တာနောက်ခံလူ တီမိုတီကက်စ်တဂ်နီကို ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ပုံမှန်အားဖြင့် ညာနောက်ခံလူအဖြစ်သာ ကစားခဲ့ပေမယ့် ဘယ်နောက်ခံလူနေရာမှာလည်း ကစားနိုင်စွမ်းရှိလို့ လက်စတာအသင်းဟာ အသင်းက ထွက်ခွာသွားတဲ့ ဘင်ချီဝဲလ်နေရာမှာ အစားထိုးရန် ရည်ရွယ်ထားပါတယ်။ စပါးအသင်းကလည်း အတ္တလန္တာအသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်တော့တဲ့ ကက်တဂ်နီ ကို စိတ်ဝင်စားနေပေမယ့် စီးရီးအေ ကလပ်အသင်းနဲ့ လက်စတာအသင်းဟာ ဆွေးနွေးနေပြီဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား ကက်စ်တဂ်နီဟာ အတ္တလန္တာအသင်းနဲ့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၃၃) ပွဲကစားထားပြီး (၂) ဂိုးသွင်းကာ ပုံစံကောင်းပြထားပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ လက်ရွေးစင်အသင်းအတွက်လည်း (၇) ပွဲအထိ ကစားပြီးပါပြီ။ လက်စတာအသင်းဟာ ကွင်းလယ်ကော ဘယ်နောက်ခံလူနေရာမှာပါ ကစားနိုင်တဲ့ ကက်စ်တဂ်နီ ရဲ့ အသင်းဖော် ရိုဘင်ဂိုဆန်စ် ကိုလည်း စဉ်းစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် အေဂျက်ဘယ်နောက်ခံလူ တာ့ဂ်လီယာဖီကို ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ နည်းပြဘရန်ဒန်ရော်ဂျာဟာ နွေရာသီအပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူတစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက်ကိုလည်း ခေါ်ယူသွားရန် မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဘင္ခ်ီ၀ဲလ္ေနရာ အစားထိုးရန္ အတၱလႏာၱေနာက္ခံလူ တီမိုတီကက္စ္တဂ္နီ ကို ေခၚယူရန္ ေဆြးေႏြးေနျပီျဖစ္တဲ့ လက္စတာအသင္း

လက္စတာအသင္းဟာ အတၱလႏာၱေနာက္ခံလူ တီမိုတီကက္စ္တဂ္နီကို ေခၚယူရန္ ေဆြးေႏြးေနျပီျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ပံုမွန္အားျဖင့္ ညာေနာက္ခံလူအျဖစ္သာ ကစားခဲ့ေပမယ့္ ဘယ္ေနာက္ခံလူေနရာမွာလည္း ကစားႏိုင္စြမ္းရွိလို႔ လက္စတာအသင္းဟာ အသင္းက ထြက္ခြာသြားတဲ့ ဘင္ခ်ီ၀ဲလ္ေနရာမွာ အစားထုိးရန္ ရည္ရြယ္ထားပါတယ္။ စပါးအသင္းကလည္း အတၱလႏာၱအသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ေတာ့တဲ့ ကက္တဂ္နီ ကို စိတ္၀င္စားေနေပမယ့္ စီးရီးေအ ကလပ္အသင္းနဲ႔ လက္စတာအသင္းဟာ ေဆြးေႏြးေနျပီျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေရြးစင္ကစားသမား ကက္စ္တဂ္နီဟာ အတၱလႏာၱအသင္းနဲ႔ ျပီးခဲ့တဲ့ရာသီက ျပိဳင္ပြဲစံု (၃၃) ပြဲကစားထားျပီး (၂) ဂိုးသြင္းကာ ပံုစံေကာင္းျပထားပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ လက္ေရြးစင္အသင္းအတြက္လည္း (၇) ပြဲအထိ ကစားျပီးပါျပီ။ လက္စတာအသင္းဟာ ကြင္းလယ္ေကာ ဘယ္ေနာက္ခံလူေနရာမွာပါ ကစားႏိုင္တဲ့ ကက္စ္တဂ္နီ ရဲ႕ အသင္းေဖာ္ ရိုဘင္ဂိုဆန္စ္ ကိုလည္း စဥ္းစားေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ေအဂ်က္ဘယ္ေနာက္ခံလူ တာ့ဂ္လီယာဖီကို ကိုလည္း စံုစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ နည္းျပဘရန္ဒန္ေရာ္ဂ်ာဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဗဟိုေနာက္ခံလူတစ္ေယာက္နဲ႕ တိုက္စစ္မွဴးတစ္ေယာက္ကိုလည္း ေခၚယူသြားရန္ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။