နာပိုလီက ဘရာဇီးကွင်းလယ်လူ အလန်ကို မကြာခင် ခေါ်ယူနိုင်ပြီဖြစ်တယ်လို့ ကြေညာတော့မယ့် အဲဗာတန်အသင်း

နာပိုလီအသင်းဥက္ကဌ ဒီလော်ရတစ်က အဲဗာတန်အသင်းအသင်းဟာ ဘရာဇီးကွင်းလယ်လူ အလန်ကို ခေါ်ယူလိုက်ပြီလို့ မကြာခင် ကြေညာတော့မှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဒေါ့မွန် နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကလည်း စိတ်ဝင်စားနေတဲ့ နာပိုလီကစားသမားကို ပေါင် ၂၄ သန်း နဲ့ ခေါ်ယူရန် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ အဲဗာတန်နည်းပြ အန်စလော့တီ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့တုန်းက အတူတူလက်တွဲခဲ့သူပါ။ အီတလီကသတင်းထော်က ဖေဘရီဇီယိုရိုမန်နိုရဲ့ အဆိုအရ ဒီလော်ရန်တစ်က “အလန်က အဲဗာတန်အသင်းနဲ့ ပူးပေါင်းမှာပါ။ မကြာခင် ကြေညာချက်ထုတ်ပြန်လိမ့်မယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာ နာပိုလီအသင်းကို ၂၀၁၅ ခုနှစ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁၂ ပွဲကစားခဲ့ပါတယ်။ အလန်ဟာ ဒီနှစ် နာပိုလီအသင်း ကိုပါအီတလီယာဖလား ဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိက စွမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။အန်စလော့တီဟာ နောက်ထပ် သူ့ရဲ့ တပည့်ဟောင်း ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကိုလည်း ခေါ်ယူရန်ရည်ရွယ်ထားပါတယ်။ ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ အန်စလော့တီ ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ကိုင်တွယ်ခဲ့စဉ်က အတူတူလက်တွဲခဲ့ပြီး အသက် ၂၉ နှစ်အရွယ်ကို အငှားနဲ့ အရင်ခေါ်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တာသိပေမယ့် ကစားသမားရဲ့ လစာက များနေလို့ အသင်းက လျော့ချချင်နေပါတယ်။ အဲဗာတန်အသင်းက အငှားနဲ့ အရင်ခေါ်ပြီးမှ နောက်နှစ်မှာ စာချုပ်သက်တမ်း (၂) နှစ်ချုပ်မှာဖြစ်ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဇီဒန်းရဲ့ အသင်းအတွက် (၁၄) ပွဲပဲ ကစားခဲ့ရပြီး (၁) ဂိုးသာ သွင်းပေးနိုင်ခဲ့ပါတယ်။

နာပိုလီက ဘရာဇီးကြင္းလယ္လူ အလန္ကို မၾကာခင္ ေခၚယူႏိုင္ျပီျဖစ္တယ္လို႔ ေၾကညာေတာ့မယ့္ အဲဗာတန္အသင္း

နာပိုလီအသင္းဥကၠဌ ဒီေလာ္ရတစ္က အဲဗာတန္အသင္းအသင္းဟာ ဘရာဇီးကြင္းလယ္လူ အလန္ကို ေခၚယူလိုက္ျပီလို႔ မၾကာခင္ ေၾကညာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳသြားခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ ေဒါ့မြန္ နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတုိ႔ကလည္း စိတ္၀င္စားေနတဲ့ နာပိုလီကစားသမားကို ေပါင္ ၂၄ သန္း နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရခဲ့တာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ အဲဗာတန္နည္းျပ အန္စေလာ့တီ နာပိုလီအသင္းကို ကိုင္တြယ္ခဲ့တုန္းက အတူတူလက္တြဲခဲ့သူပါ။ အီတလီကသတင္းေထာ္က ေဖဘရီဇီယိုရိုမန္ႏိုရဲ႕ အဆိုအရ ဒီေလာ္ရန္တစ္က “အလန္က အဲဗာတန္အသင္းနဲ႔ ပူးေပါင္းမွာပါ။ မၾကာခင္ ေၾကညာခ်က္ထုတ္ျပန္လိမ့္မယ္” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလက္ေရြးစင္ကစားသမားဟာ နာပိုလီအသင္းကို ၂၀၁၅ ခုႏွစ္ကတည္းက ေရာက္ရွိခဲ့သူျဖစ္ျပီး ျပိဳင္ပြဲစံု ၂၁၂ ပြဲကစားခဲ့ပါတယ္။ အလန္ဟာ ဒီႏွစ္ နာပိုလီအသင္း ကိုပါအီတလီယာဖလား ဆြတ္ခူးႏိုင္ခဲ့ရာမွာ အဓိက စြမ္းေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။အန္စေလာ့တီဟာ ေနာက္ထပ္ သူ႔ရဲ႕ တပည့္ေဟာင္း ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ကိုလည္း ေခၚယူရန္ရည္ရြယ္ထားပါတယ္။ ကိုလံဘီယာလက္ေရြးစင္ကစားသမားဟာ အန္စေလာ့တီ ရီးရဲလ္မက္ဒရစ္အသင္းကို ၂၀၁၄-၁၅ ေဘာလံုးရာသီမွာ ကိုင္တြယ္ခဲ့စဥ္က အတူတူလက္တြဲခဲ့ျပီး အသက္ ၂၉ ႏွစ္အရြယ္ကို အငွားနဲ႔ အရင္ေခၚရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဘက္ကလည္း ဂ်ိမး္စ္ရိုဒရီဂြတ္ဇ္ရဲ႕ စာခ်ဳပ္သက္တမ္းက တစ္ႏွစ္ပဲ က်န္ေတာ့တာသိေပမယ့္ ကစားသမားရဲ႕ လစာက မ်ားေနလို႔ အသင္းက ေလ်ာ့ခ်ခ်င္ေနပါတယ္။ အဲဗာတန္အသင္းက အငွားနဲ႔ အရင္ေခၚျပီးမွ ေနာက္ႏွစ္မွာ စာခ်ဳပ္သက္တမး္ (၂) ႏွစ္ခ်ဳပ္မွာျဖစ္ပါတယ္။ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ဟာ ျပီးခဲ့တဲ့ရာသီက ဇီဒန္းရဲ႕ အသင္းအတြက္ (၁၄) ပြဲပဲ ကစားခဲ့ရျပီး (၁) ဂိုးသာ သြင္းေပးႏိုင္ခဲ့ပါတယ္။