ဟာလန်းကို မရခဲ့ပေမယ့် နောက်ထပ်ဆဲလ်ဘတ်တိုက်စစ်မှူး ဒါကာကို လက်ဦးမှုယူပြီး ခေါ်ဖို့ လုပ်ဆောင်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူဖို့အတွက် လက်လျော့ခဲ့ရပေမယ့် နောက်ထပ်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒါကာ ကိုတော့ လက်ဦးမှုရယူဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဇမ်ဘီယာတိုက်စစ်မှူး ဒါကာအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လီဗာပူးနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့ပြီး ဆဲလ်ဘတ်အတွက် ဦးဆောင်ဂိုး နှစ်ဂိုးကို သွင်း ယူခဲ့ပေမယ့် ပွဲအပြီးမှာတော့ နှစ်ဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၁ နှစ်သာရှိသေးတဲ့ ဒါကာအနေနဲ့ ဟာလန်းမရှိတော့တဲ့ ဆဲလ်ဘတ်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေခဲ့သူ ဖြစ် ပြီး ပြီးခဲ့တဲ့ရာသီက လိဂ်ပြိုင်ပွဲ ၃၁ ပွဲမှာ ၂၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သြစတြေးလျကလပ် ဆဲလ်ဘတ် မှာ ကစားခဲ့ဖူးတဲ့ မာနေး၊ ကီတာနဲ့ မီနာမီနို တို့ဟာ လီဗာပူးမှာ ခြေစွမ်းပြကစားနေတာကြောင့် ဒါကာအနေနဲ့လည်း ခြေစွမ်းပြနိုင်မယ်လို့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ယုံကြည်နေတာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ဆဲလ်ဘတ်အသင်းတာဝန်ရှိသူတွေထံ ဆက်သွယ်ပြီး ဒါကာကို အမြန်ဆုံးရောင်းချနိုင် ဖို့ ဖိအားပေးထားတယ်လို့လည်း သိရပါတယ်။ ဒါကာအနေနဲ့ ပြီးခဲ့တဲ့နှစ်ကမှ ဆဲလ်ဘတ်အသင်းနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆို ထားတာကြောင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး သူရဲ့ ပြောင်းရွှေ့ကြေးကလည်း အနည်းဆုံးပေါင်သန်း ၂၀ နဲ့ အထက်မှာ ရှိနေတာဖြစ်ပါတယ်။


ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေ မယ့် ပြောင်းရွှေ့ကြေးစရိတ်ညှိနှိုင်းမှု အဆင်မပြေတာကြောင့် လက်ရှိအချိန်ထိ မခေါ်ယူနိုင်သေးပေမယ့် အေဂျက်ကွင်း လယ်လူ ဗန်ဒီဘိတ်ခ်ကိုတော့ ပေါင်သန်း ၄၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၈ ခုနှစ်ဇူလိုင်လတုန်းက ဟာလန်းကို ပေါင် ၂.၇ သန်းနဲ့ မိုလ်ဒီကနေခေါ်ယူနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ဖူးတယ် လို့လည်း သိရပါတယ်။

zawgyi version

ဟာလန္းကို မရခဲ့ေပမယ့္ ေနာက္ထပ္ဆဲလ္ဘတ္တိုက္စစ္မွဴး ဒါကာကို လက္ဦးမႈယူၿပီး ေခၚဖို႔ လုပ္ေဆာင္ေနတဲ့ ယူႏိုက္တက္
ယူႏိုက္တက္ဟာ ဆဲလ္ဘတ္တိုက္စစ္မွဴး ဟာလန္းကိုေခၚယူဖို႔အတြက္ လက္ေလ်ာ့ခဲ့ရေပမယ့္ ေနာက္ထပ္တိုက္စစ္မွဴး တစ္ဦးျဖစ္တဲ့ ဒါကာ ကိုေတာ့ လက္ဦးမႈရယူဖို႔လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဇမ္ဘီယာတိုက္စစ္မွဴး ဒါကာအေနနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက လီဗာပူးနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ေျခစြမ္းျပခဲ့ၿပီး ဆဲလ္ဘတ္အတြက္ ဦးေဆာင္ဂိုး ႏွစ္ဂိုးကို သြင္း ယူခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ ႏွစ္ဂိုးစီသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဒါကာအေနနဲ႔ ဟာလန္းမရွိေတာ့တဲ့ ဆဲလ္ဘတ္အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ေနခဲ့သူ ျဖစ္ ၿပီး ၿပီးခဲ့တဲ့ရာသီက လိဂ္ၿပိဳင္ပြဲ ၃၁ ပြဲမွာ ၂၄ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ၾသစေၾတးလ်ကလပ္ ဆဲလ္ဘတ္ မွာ ကစားခဲ့ဖူးတဲ့ မာေနး၊ ကီတာနဲ႔ မီနာမီႏို တို႔ဟာ လီဗာပူးမွာ ေျခစြမ္းျပကစားေနတာေၾကာင့္ ဒါကာအေနနဲ႔လည္း ေျခစြမ္းျပႏိုင္မယ္လို႔ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြက ယံုၾကည္ေနတာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ ဆဲလ္ဘတ္အသင္းတာဝန္ရွိသူေတြထံ ဆက္သြယ္ၿပီး ဒါကာကို အျမန္ဆံုးေရာင္းခ်ႏိုင္ ဖို႔ ဖိအားေပးထားတယ္လို႔လည္း သိရပါတယ္။ ဒါကာအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ကမွ ဆဲလ္ဘတ္အသင္းနဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆို ထားတာေၾကာင့္ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနၿပီး သူရဲ႕ ေျပာင္းေရႊ႕ေၾကးကလည္း အနည္းဆံုးေပါင္သန္း ၂၀ နဲ႔ အထက္မွာ ရွိေနတာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ဦးစားေပးေခၚယူဖို႔ လုပ္ေဆာင္ခဲ့ေပ မယ့္ ေျပာင္းေရႊ႕ေၾကးစရိတ္ညွိႏိႈင္းမႈ အဆင္မေျပတာေၾကာင့္ လက္ရွိအခ်ိန္ထိ မေခၚယူႏိုင္ေသးေပမယ့္ ေအဂ်က္ကြင္း လယ္လူ ဗန္ဒီဘိတ္ခ္ကိုေတာ့ ေပါင္သန္း ၄၀ နဲ႔ေခၚယူဖို႔ သေဘာတူညီမႈရထားတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ဟာ ၂၀၁၈ ခုႏွစ္ဇူလိုင္လတုန္းက ဟာလန္းကို ေပါင္ ၂.၇ သန္းနဲ႔ မိုလ္ဒီကေနေခၚယူႏိုင္မယ့္ အခြင့္အေရးကို ဆံုးရႈံးခဲ့ဖူးတယ္ လို႔လည္း သိရပါတယ္။