အပြောင်းအရွှေ့သတင်းတွေကို ပယ်ချပြီး ဦးစားပေးဂိုးသမားအဖြစ် တိုက်ပွဲဝင်သွားမယ့် ချဲလ်ဆီးဂိုးသမား ကီပါ

ဘရိုက်တန်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဦးစားပေးဂိုးသမားအဖြစ် ပြန်ပြီးပွဲထွက်ခွင့်ရခဲ့တဲ့ ချဲလ်ဆီးဂိုးသမား ကီပါအနေနဲ့ အသင်းပြောင်းရွှေ့မယ့်သတင်းတွေကို ပယ်ချသွားခဲ့ပြီး ပထမဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ ပါတယ်။ လီဗာပူးကို ငါးဂိုးသုံးဂိုးနဲ့ ရှုံးတဲ့ပွဲအပြီးကတည်းက ကီပါဟာ အရန်ကစားသမားဖြစ်ခဲ့ပြီး ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှ ပွဲထွက်ခွင့် ပြန်ရခဲ့တာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးအနေနဲ့ ကမ္ဘာ့စံချိန်တင် ဂိုးသမားပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၁.၆ သန်းနဲ့ ကီပါကို ခေါ်ယူခဲ့ပေမယ့် လက်စွမ်း ကျဆင်းမှုတွေကြောင့် မန်ဒီ၊နစ်ပုတ်ခ်၊ ဟန်ဒါဆန်နဲ့ အော့ဘလက်ခ်တို့လို ဂိုးသမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၁၃၆ သန်းကျော်သုံးစွဲ ထားသလို ကိုင်ဟာဗက်ဇ်ကိုလည်း ခေါ်ယူဖို့ ရှိနေတာကြောင့် ဂိုးသမားတစ်ဦးကို ပြောင်းရွှေ့ကြေးအများကြီးသုံးစွဲပြီး ခေါ် ယူဖို့ အခွင့်အရေးနည်းနေတယ်လို့လည်း သိရပါတယ်။


The Sun သတင်းကတော့ ကီပါက အသင်းပြောင်းရွှေ့ဖို့ထက် ချဲလ်ဆီးမှာပဲ ဆက်နေပြီး ပွဲထွက်နေရာအတွက် ယှဉ်ပြိုင် သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ကီပါဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၄နှစ်ကျန်နေသေးတာဖြစ်ပြီး ဘရိုက်တန်နဲ့ ခြေစမ်း ပွဲမှာ နည်းပြလမ်းပတ်အနေနဲ့ ကီပါကို ဦးစားပေးအဖြစ်ရွေးချယ်ခဲ့ပြီး ကာဘယ်လီရိုကိုတော့ ဒုတိယပိုင်းမှ ဝင်ရောက်ကစား စေခဲ့တာ ဖြစ်ပါတယ်။


ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ချဲလ်ဆီးအတွက် ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ကစားသမားတွေ ထဲက တီမိုဝါနာနဲ့ ဇီယက်တို့ ဝင်ကစားခဲ့ကြပါတယ်။ တီမိုဝါနာအနေနဲ့ ပွဲအစ ၄ မိနစ်မှာပဲ ချဲလ်ဆီးအတွက် သူရဲ့ပထမဆုံး ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ဇီယက်ကတော့ ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာ ကြောင့် ဒုတိယပိုင်းမှာ ဂယ်လက်ချာနဲ့ လူစားလဲခဲ့ရပါတယ်။

zawgyi version

အေျပာင္းအေရႊ႕သတင္းေတြကို ပယ္ခ်ၿပီး ဦးစားေပးဂိုးသမားအျဖစ္ တိုက္ပြဲဝင္သြားမယ့္ ခ်ဲလ္ဆီးဂိုးသမား ကီပါ
ဘ႐ိုက္တန္နဲ႔ တစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ ဦးစားေပးဂိုးသမားအျဖစ္ ျပန္ၿပီးပြဲထြက္ခြင့္ရခဲ့တဲ့ ခ်ဲလ္ဆီးဂိုးသမား ကီပါအေနနဲ႔ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြကို ပယ္ခ်သြားခဲ့ၿပီး ပထမဂိုးသမားအျဖစ္ ပြဲထြက္ခြင့္ရဖို႔ တိုက္ပြဲဝင္သြားမယ္လို႔ ေျပာခဲ့ ပါတယ္။ လီဗာပူးကို ငါးဂိုးသံုးဂိုးနဲ႔ ရႈံးတဲ့ပြဲအၿပီးကတည္းက ကီပါဟာ အရန္ကစားသမားျဖစ္ခဲ့ၿပီး ဘ႐ိုက္တန္နဲ႔ ေျခစမ္းပြဲမွ ပြဲထြက္ခြင့္ ျပန္ရခဲ့တာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ကမ႓ာ့စံခ်ိန္တင္ ဂိုးသမားေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၇၁.၆ သန္းနဲ႔ ကီပါကို ေခၚယူခဲ့ေပမယ့္ လက္စြမ္း က်ဆင္းမႈေတြေၾကာင့္ မန္ဒီ၊နစ္ပုတ္ခ္၊ ဟန္ဒါဆန္နဲ႔ ေအာ့ဘလက္ခ္တို႔လို ဂိုးသမားေတြကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ လက္ရွိေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္ ၁၃၆ သန္းေက်ာ္သံုးစြဲ ထားသလို ကိုင္ဟာဗက္ဇ္ကိုလည္း ေခၚယူဖို႔ ရွိေနတာေၾကာင့္ ဂိုးသမားတစ္ဦးကို ေျပာင္းေရႊ႕ေၾကးအမ်ားႀကီးသံုးစြဲၿပီး ေခၚ ယူဖို႔ အခြင့္အေရးနည္းေနတယ္လို႔လည္း သိရပါတယ္။
The Sun သတင္းကေတာ့ ကီပါက အသင္းေျပာင္းေရႊ႕ဖို႔ထက္ ခ်ဲလ္ဆီးမွာပဲ ဆက္ေနၿပီး ပြဲထြက္ေနရာအတြက္ ယွဥ္ၿပိဳင္ သြားမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ကီပါဟာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ၄ႏွစ္က်န္ေနေသးတာျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ ေျခစမ္း ပြဲမွာ နည္းျပလမ္းပတ္အေနနဲ႔ ကီပါကို ဦးစားေပးအျဖစ္ေရြးခ်ယ္ခဲ့ၿပီး ကာဘယ္လီ႐ိုကိုေတာ့ ဒုတိယပိုင္းမွ ဝင္ေရာက္ကစား ေစခဲ့တာ ျဖစ္ပါတယ္။
ဘ႐ိုက္တန္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ခ်ဲလ္ဆီးအတြက္ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ကစားသမားေတြ ထဲက တီမိုဝါနာနဲ႔ ဇီယက္တို႔ ဝင္ကစားခဲ့ၾကပါတယ္။ တီမိုဝါနာအေနနဲ႔ ပြဲအစ ၄ မိနစ္မွာပဲ ခ်ဲလ္ဆီးအတြက္ သူရဲ႕ပထမဆံုး ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္တဲ့ ဇီယက္ကေတာ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တာ ေၾကာင့္ ဒုတိယပိုင္းမွာ ဂယ္လက္ခ်ာနဲ႔ လူစားလဲခဲ့ရပါတယ္။