ဒီဘရူနီကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမှာ ကစားသမားရဲ့အေးဂျင့်က ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းခံထားရတာကြောင့် နှောင့်နှေးနေ

မန်စီးတီးအသင်းအနေနဲ့ ကွင်းလယ်လူဒီဘရူနီကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှုပြုလုပ်ထားပေမယ့် ကစားသမားရဲ့အေး ဂျင့်က သက်ဆိုင်ရာရဲတပ်ဖွဲ့ ထိန်းသိမ်းခြင်းခံထားရတာကြောင့် စာချုပ်သက်တမ်းတိုးနိုင်ဖို့အတွက် နှောင့်နှေးနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာအနေနဲ့ အသင်းခေါင်းဆောင်ဒေးဗစ်ဆေးလ်ဗားမရှိတော့တဲ့ ကွင်းလယ် ပိုင်းအတွက် ဒီဘရူနီကို ဦးဆောင်စေဖို့ အလိုရှိနေတာပဲ ဖြစ်ပါတယ်။


လက်ရှိမှာ တစ်ပတ်ကိုလုပ်ခလစာပေါင် ၂၈၀,၀၀၀ ရရှိနေတဲ့ ဒီဘရူနီအနေနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးပေမယ့် မန်စီးတီးက တစ်ပတ်လုပ်ခလစာပေါင် သုံးသိန်းခွဲနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဘရူနီ ဟာ ၂၀၁၅ ခုနှစ်က မန်စီးတီးကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆု ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။


Mirro သတင်းစာရဲ့ ဖော်ပြချက်အရ ဒီဘရူနီရဲ့ အေးဂျင့်ဖြစ်တဲ့ ပက်ထရစ်ဒီကိုစတာ အနေနဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စ တွေကြောင့် ပြီးခဲ့တဲ့ကြာသပတေးနေ့က ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး နေအိမ်အကျယ်ချုပ်ကျခံနေရတာ ဖြစ်ပါတယ်။ပက်ထရစ်ဒီကိုစတာရဲ့ အမှုကိုတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ စတင်စစ်ဆေးမယ်လို့ သိရပြီး အမှုပြီးဆုံးမှ ဒီဘရူနီ ရဲ့ စာချုပ်သစ်အတွက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဇာဗီက လက်ရှိကွင်းလယ်က စားသမားတွေထဲမှာ ဒီဘရူနီက အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရူနီဟာ မန်စီးတီးအတွက်ပွဲပေါင်း ၂၂၂ ပွဲကစားခဲ့ရာမှာ ၅၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့သူ လည်း ဖြစ်ပါတယ်။

zawgyi version

ဒီဘ႐ူနီကို စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈမွာ ကစားသမားရဲ႕ေအးဂ်င့္က ရဲတပ္ဖြဲ႕ရဲ႕ ထိန္းသိမ္းခံထားရတာေၾကာင့္ ေႏွာင့္ေႏွးေန
မန္စီးတီးအသင္းအေနနဲ႔ ကြင္းလယ္လူဒီဘ႐ူနီကို စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈျပဳလုပ္ထားေပမယ့္ ကစားသမားရဲ႕ေအး ဂ်င့္က သက္ဆိုင္ရာရဲတပ္ဖြဲ႕ ထိန္းသိမ္းျခင္းခံထားရတာေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔အတြက္ ေႏွာင့္ေႏွးေနတယ္လို႔ သိရပါတယ္။ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာအေနနဲ႔ အသင္းေခါင္းေဆာင္ေဒးဗစ္ေဆးလ္ဗားမရွိေတာ့တဲ့ ကြင္းလယ္ ပိုင္းအတြက္ ဒီဘ႐ူနီကို ဦးေဆာင္ေစဖို႔ အလိုရွိေနတာပဲ ျဖစ္ပါတယ္။
လက္ရွိမွာ တစ္ပတ္ကိုလုပ္ခလစာေပါင္ ၂၈၀,၀၀၀ ရရွိေနတဲ့ ဒီဘ႐ူနီအေနနဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ေနေသးေပမယ့္ မန္စီးတီးက တစ္ပတ္လုပ္ခလစာေပါင္ သံုးသိန္းခြဲနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ကမ္းလွမ္းခဲ့တာပဲ ျဖစ္ပါတယ္။ ဒီဘ႐ူနီ ဟာ ၂၀၁၅ ခုႏွစ္က မန္စီးတီးကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးကစားသမားဆု ကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။
Mirro သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဒီဘ႐ူနီရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ပက္ထရစ္ဒီကိုစတာ အေနနဲ႔ ေငြေၾကးအရႈပ္အရွင္းကိစၥ ေတြေၾကာင့္ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရၿပီး ေနအိမ္အက်ယ္ခ်ဳပ္က်ခံေနရတာ ျဖစ္ပါတယ္။ပက္ထရစ္ဒီကိုစတာရဲ႕ အမႈကိုေတာ့ လာမယ့္ဗုဒၶဟူးေန႔မွာ စတင္စစ္ေဆးမယ္လို႔ သိရၿပီး အမႈၿပီးဆံုးမွ ဒီဘ႐ူနီ ရဲ႕ စာခ်ဳပ္သစ္အတြက္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။
ဘာစီလိုနာရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္ၿပီး ကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဇာဗီက လက္ရွိကြင္းလယ္က စားသမားေတြထဲမွာ ဒီဘ႐ူနီက အေကာင္းဆံုးကစားသမားျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဒီဘ႐ူနီဟာ မန္စီးတီးအတြက္ပြဲေပါင္း ၂၂၂ ပြဲကစားခဲ့ရာမွာ ၅၇ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၈၉ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့သူ လည္း ျဖစ္ပါတယ္။