၁၂ နှစ်တာဝေးကွာနေတဲ့ အောင်မြင်မှုကို ပြန်ရဖို့ ခေါ်ယူထားတဲ့ ကစားသမားတွေက စွဲမက်စရာမကောင်းသေးဘူးလို့ ပြောခဲ့တဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုက နွေရာသီအပြောင်းအရွှေ့မှာ ဟော့စ်ဘတ်၊ ဂျိုးဟတ်နဲ့ ဒိုဟာတီတို့လို ပရီးမီးယားလိဂ်အတွေ့ အကြုံရှိတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူထားပေမယ့် အောင်မြင်မှုတွေကို ပြန်လည်ရယူ နိုင်ဖို့အတွက်တော့ ဒီကစား သမားတွေက စွဲမက်စရာမကောင်းသေးဘူးလို့ ပြောခဲ့ပါတယ်။စပါးဟာ ၂၀၀၇-၀၈ ခုနှစ်မှာ လိဂ်ဖလားရပြီးနောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာပဲ ဖြစ်ပါတယ်။


စပါးနည်းပြမော်ရင်ဟိုက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာရဖို့အတွက် အရင်တည်ဆောက်သွားမယ်လို့ ပြောခဲ့ပြီး လက် ရှိနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ကစားသမားတွေအနေနဲ့ အသင်းရဲ့ချန်ပီယံဖြစ်ရေးထက် အသင်းမှာရှိတဲ့ ကစားသမားတွေကို အတွေ့အကြုံရအောင်သာ လုပ်ဆောင်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ မော်ရင်ဟို မကိုင်ခင်က အဆင့်-၁၄ နေရာမှာရှိနေတဲ့ စပါးက ရာသီအကုန်မှာ အဆင့်-၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


နည်းပြတစ်ယောက်အနေနဲ့ ချန်ပီယံဆုဖလား ၂၅ လုံးအထိရယူထားနိုင်တဲ့ မော်ရင်ဟိုက စပါးအသင်းအနေနဲ့ ချန်ပီယံဆု တွေကို ပြန်ရဖို့ဆိုရင် အသင်းရဲ့လူစာရင်းကို လက်ရှိထက်ပိုပြီးတောင့်တင်းအောင် လုပ်ရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ လက်ရှိ စပါးအသင်းမှာ ကစားသမားဘဝ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ကစားသမား ၉ဦးအထိရှိနေပြီး ဒီကစားသမားတွေထဲက ၅ဦးကို မော်ရင်ဟိုက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။


မော်ရင်ဟိုခေါ်ယူခဲ့တဲ့ ကစားသမား ၅ ဦးကတော့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ဂျိုးဟတ်၊ဟော့ဘတ်၊ ဒိုဟာတီတိုအပြင် ဘတ်ချ်ဝင်းနဲ့ ဂတ်ဆွန်ဖာနန်ဒက်စ်တို့ပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ဘတ်ချ်ဝင်းက အသင်းဟောင်း ပီအက်စ်ဗွီနဲ့ အတူ အမှတ်ပေးချန်ပီယံကို ၃ ကြိမ်ရယူနိုင်ခဲ့သလို အသက် ၂၁ နှစ်ပဲ ရှိသေးတဲ့ ဂတ်ဆွန် ဖာနန်ဒက်စ်ကလည်း ဘင်ဖီကာနဲ့အတူ အမှတ်ပေးချန်ပီယံဆုကို ၁ ကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

zawgyi version

၁၂ ႏွစ္တာေဝးကြာေနတဲ့ ေအာင္ျမင္မႈကို ျပန္ရဖို႔ ေခၚယူထားတဲ့ ကစားသမားေတြက စြဲမက္စရာမေကာင္းေသးဘူးလို႔ ေျပာခဲ့တဲ့ စပါးနည္းျပ ေမာ္ရင္ဟို
စပါးနည္းျပ ေမာ္ရင္ဟိုက ေႏြရာသီအေျပာင္းအေရႊ႕မွာ ေဟာ့စ္ဘတ္၊ ဂ်ိဳးဟတ္နဲ႔ ဒိုဟာတီတို႔လို ပရီးမီးယားလိဂ္အေတြ႕ အၾကံဳရွိတဲ့ ကစားသမားေကာင္းေတြကို ေခၚယူထားေပမယ့္ ေအာင္ျမင္မႈေတြကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ေတာ့ ဒီကစား သမားေတြက စြဲမက္စရာမေကာင္းေသးဘူးလို႔ ေျပာခဲ့ပါတယ္။စပါးဟာ ၂၀၀၇-၀၈ ခုႏွစ္မွာ လိဂ္ဖလားရၿပီးေနာက္ပိုင္း ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနခဲ့တာပဲ ျဖစ္ပါတယ္။
စပါးနည္းျပေမာ္ရင္ဟိုက အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာရဖို႔အတြက္ အရင္တည္ေဆာက္သြားမယ္လို႔ ေျပာခဲ့ၿပီး လက္ ရွိေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတဲ့ကစားသမားေတြအေနနဲ႔ အသင္းရဲ႕ခ်န္ပီယံျဖစ္ေရးထက္ အသင္းမွာရွိတဲ့ ကစားသမားေတြကို အေတြ႕အၾကံဳရေအာင္သာ လုပ္ေဆာင္ႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟို မကိုင္ခင္က အဆင့္-၁၄ ေနရာမွာရွိေနတဲ့ စပါးက ရာသီအကုန္မွာ အဆင့္-၆ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
နည္းျပတစ္ေယာက္အေနနဲ႔ ခ်န္ပီယံဆုဖလား ၂၅ လံုးအထိရယူထားႏိုင္တဲ့ ေမာ္ရင္ဟိုက စပါးအသင္းအေနနဲ႔ ခ်န္ပီယံဆု ေတြကို ျပန္ရဖို႔ဆိုရင္ အသင္းရဲ႕လူစာရင္းကို လက္ရွိထက္ပိုၿပီးေတာင့္တင္းေအာင္ လုပ္ရမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ လက္ရွိ စပါးအသင္းမွာ ကစားသမားဘဝ ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့ ကစားသမား ၉ဦးအထိရွိေနၿပီး ဒီကစားသမားေတြထဲက ၅ဦးကို ေမာ္ရင္ဟိုက ေခၚယူခဲ့တာ ျဖစ္ပါတယ္။
ေမာ္ရင္ဟိုေခၚယူခဲ့တဲ့ ကစားသမား ၅ ဦးကေတာ့ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူခဲ့တဲ့ ဂ်ိဳးဟတ္၊ေဟာ့ဘတ္၊ ဒိုဟာတီတိုအျပင္ ဘတ္ခ်္ဝင္းနဲ႔ ဂတ္ဆြန္ဖာနန္ဒက္စ္တို႔ပဲ ျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္ပဲရွိေသးတဲ့ ဘတ္ခ်္ဝင္းက အသင္းေဟာင္း ပီအက္စ္ဗြီနဲ႔ အတူ အမွတ္ေပးခ်န္ပီယံကို ၃ ႀကိမ္ရယူႏိုင္ခဲ့သလို အသက္ ၂၁ ႏွစ္ပဲ ရွိေသးတဲ့ ဂတ္ဆြန္ ဖာနန္ဒက္စ္ကလည္း ဘင္ဖီကာနဲ႔အတူ အမွတ္ေပးခ်န္ပီယံဆုကို ၁ ႀကိမ္ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။