အသင်းအတွက် ပါဝင်ကစားခွင့်မရသေးပေမယ့် ကွန်မြူနတီဒိုင်းရခဲ့တဲ့ အသင်းသားတွေကို ဂုဏ်ပြုပေးခဲ့တဲ့ အိုဇေးလ်

အာဆင်နယ်အသင်းကွင်းလယ်ကစားသမား အိုဇေးလ်အနေနဲ့ ခြေစွမ်းမပြနိုင်မှုကြောင့် အသင်းမှာ ပါဝင်ကစားခွင့်မရသေး ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အနိုင်ရအောင်ကစားနိုင်ခဲ့တဲ့ အသင်းသား တွေကို ချီးကျူးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်မှာ တစ်ပတ်လုပ်ခပေါင် သုံးသိန်းခွဲရနေတဲ့ အိုဇေးလ်ဟာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲတုန်းကလည်း အသင်းအတွက် ကစားခွင့်မရခဲ့ပါဘူး။


အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်နေသေးတဲ့ အိုဇေးလ်ကို အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ သတိပေးမှုပြု လုပ်ထားပြီး အသင်းအတွက် ခြေစွမ်းပြကစားနိုင်ဖို့ အာရုံစိုက်လုပ်ဆောင်ပေးဖို့ ပြောထားတယ်လို့လည်း သိရပါတယ်။ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလမှာ ၂နှစ်ခွဲရှိတဲ့စာချုပ်သစ်တစ်ရပ်ကို အာဆင်နယ်နဲ့ လက်မှတ်ရေးထိုးပြီးနောက်မှာ အိုဇေးလ် အနေနဲ့ တစ်နှစ်ကို လုပ်ခလစာ ပေါင် ၄၂ သန်းအထိ ရရှိနေခဲ့တာဖြစ်ပါတယ်။


အိုဇေးလ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သူရဲ့လစာငွေကြောင့် ခေါ်ယူလိုတဲ့အသင်းတွေ အနေနဲ့ အခက်တွေ့နေတာပဲ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ အိုဇေးလ်ဟာ အာဆင်နယ်က လီဗာပူးနဲ့ကစား ဖို့ ရှိနေတဲ့အချိန်မှာ အသင်းနဲ့ လာရောက်ပူးပေါင်းခြင်းမရှိဘဲ တူရကီနိုင်ငံမှာပဲ အပန်းဖြေနေတာဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ကိုဗစ်အတွက် သတ်မှတ်လိုက်တဲ့ စည်းမျဉ်းတွေကြောင့်လည်း အိုဇေးလ်အနေနဲ့ အာဆင်နယ်ရဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။


အာဆင်နယ်နည်းပြ အာတီတာကတော့ အသင်းရဲ့ကွင်းလယ်လူတွေဖြစ်တဲ့ အိုဇေးလ်နဲ့ ဂွမ်ဒူဇီတို့ အနေနဲ့ အသင်းအတွက် ပြန်လည်ကစားခွင့်ရလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ ဂွမ်ဒူဇီကလည်း အစောပိုင်းမှာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ ဂွမ်ဒူဇီဟာ ကိုဗစ်အလွန်ပွဲစဉ်တွေတုန်းက ဘရိုက်တန်တိုက်စစ်မှူး မော်ပေးကို လည်ပင်းညစ်ခဲ့တာကြောင့် အာဆင်နယ်ရဲ့ နောက်ဆုံးပြိုင်ပွဲစုံ ၁၁ ပွဲမှာ နည်းပြအာတီတာအနေနဲ့ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘူး လို့ သိရပါတယ်။

zawgyi version

အသင္းအတြက္ ပါဝင္ကစားခြင့္မရေသးေပမယ့္ ကြန္ျမဴနတီဒိုင္းရခဲ့တဲ့ အသင္းသားေတြကို ဂုဏ္ျပဳေပးခဲ့တဲ့ အိုေဇးလ္
အာဆင္နယ္အသင္းကြင္းလယ္ကစားသမား အိုေဇးလ္အေနနဲ႔ ေျခစြမ္းမျပႏိုင္မႈေၾကာင့္ အသင္းမွာ ပါဝင္ကစားခြင့္မရေသး ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးနဲ႔ ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ အႏိုင္ရေအာင္ကစားႏိုင္ခဲ့တဲ့ အသင္းသား ေတြကို ခ်ီးက်ဴးမႈျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ အာဆင္နယ္မွာ တစ္ပတ္လုပ္ခေပါင္ သံုးသိန္းခြဲရေနတဲ့ အိုေဇးလ္ဟာ ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားဗိုလ္လုပြဲတုန္းကလည္း အသင္းအတြက္ ကစားခြင့္မရခဲ့ပါဘူး။
အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ေနေသးတဲ့ အိုေဇးလ္ကို အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ သတိေပးမႈျပဳ လုပ္ထားၿပီး အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ဖို႔ အာရံုစိုက္လုပ္ေဆာင္ေပးဖို႔ ေျပာထားတယ္လို႔လည္း သိရပါတယ္။ ၂၀၁၉ ခုႏွစ္ေဖေဖာ္ဝါရီလမွာ ၂ႏွစ္ခြဲရွိတဲ့စာခ်ဳပ္သစ္တစ္ရပ္ကို အာဆင္နယ္နဲ႔ လက္မွတ္ေရးထိုးၿပီးေနာက္မွာ အိုေဇးလ္ အေနနဲ႔ တစ္ႏွစ္ကို လုပ္ခလစာ ေပါင္ ၄၂ သန္းအထိ ရရွိေနခဲ့တာျဖစ္ပါတယ္။
အိုေဇးလ္အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ သူရဲ႕လစာေငြေၾကာင့္ ေခၚယူလိုတဲ့အသင္းေတြ အေနနဲ႔ အခက္ေတြ႕ေနတာပဲ ျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္ရွိေနၿပီျဖစ္တဲ့ အိုေဇးလ္ဟာ အာဆင္နယ္က လီဗာပူးနဲ႔ကစား ဖို႔ ရွိေနတဲ့အခ်ိန္မွာ အသင္းနဲ႔ လာေရာက္ပူးေပါင္းျခင္းမရွိဘဲ တူရကီႏိုင္ငံမွာပဲ အပန္းေျဖေနတာျဖစ္ပါတယ္။ ၿဗိတိန္ရဲ႕ ကိုဗစ္အတြက္ သတ္မွတ္လိုက္တဲ့ စည္းမ်ဥ္းေတြေၾကာင့္လည္း အိုေဇးလ္အေနနဲ႔ အာဆင္နယ္ရဲ႕ ရာသီအစပြဲစဥ္ေတြကို လြဲေခ်ာ္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
အာဆင္နယ္နည္းျပ အာတီတာကေတာ့ အသင္းရဲ႕ကြင္းလယ္လူေတြျဖစ္တဲ့ အိုေဇးလ္နဲ႔ ဂြမ္ဒူဇီတို႔ အေနနဲ႔ အသင္းအတြက္ ျပန္လည္ကစားခြင့္ရလာႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ ကြင္းလယ္လူ ဂြမ္ဒူဇီကလည္း အေစာပိုင္းမွာ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့သူျဖစ္ပါတယ္။ ဂြမ္ဒူဇီဟာ ကိုဗစ္အလြန္ပြဲစဥ္ေတြတုန္းက ဘ႐ိုက္တန္တိုက္စစ္မွဴး ေမာ္ေပးကို လည္ပင္းညစ္ခဲ့တာေၾကာင့္ အာဆင္နယ္ရဲ႕ ေနာက္ဆံုးၿပိဳင္ပြဲစံု ၁၁ ပြဲမွာ နည္းျပအာတီတာအေနနဲ႔ အသံုးျပဳခဲ့ျခင္း မရွိခဲ့ဘူး လို႔ သိရပါတယ္။