အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိတ်ခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ ယူနိုက်တက် သဘောတူမှုရထားပြီး ဒီရက်ပိုင်းအတွင်း အပြီးခေါ်ယူနိုင်မယ်လို့ သိရ

ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီမှာ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိတ်ခ် ကို ခေါ်ယူဖို့ ပေါင်သန်း ၄၀ နဲ့ သဘောတူညီမှုရထားပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်မယ်လို့ လည်း သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကလပ်အသင်းနှစ်သင်းကြား ဗန်ဒီဘိတ်ခ်ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ခဲ့ကြပြီး သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။


Sportsmail သတင်းဌာနကတော့ ဗန်ဒီဘိတ်ခ်နေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သေချာသွားပြီလို့ ဖော်ပြခဲ့ပြီး ငါးနှစ်စာ ချုပ်နဲ့ ပြောင်းရွှေ့ကာ တစ်ပတ်ကိုလုပ်ခလစာပေါင် ၃၀၀၀၀ ရရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဗန်ဒီဘိတ်ခ်က လက်ရှိမှာ အေ ဂျက်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်ခန်းဆင်းနေပေမယ့် ဟာသာဘာလင်နဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ တော့ ပါဝင်ကစားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။


အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း ဗန်ဒီဘိတ်ခ်ရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် အတည်ပြုခဲ့ပြီး သူကို အသင်းမှာ ဆက်ရှိဖို့ အလိုရှိပေမယ့် သူရဲ့ကစားသမားဘဝတိုးတက်ဖို့အတွက် အသင်းပြောင်းမယ့်ကိစ္စကို မတားဆီးခဲ့ဘူး လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ ဗန်ဒီဘိတ်ခ်ဟာ ပြီးခဲ့တဲ့ရာသီကတော့ အေဂျက်အတွက်ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူပေးခဲ့နိုင်သူလည်း ဖြစ်ပါတယ်။


The Mirror သတင်းစာကတော့ ဗန်ဒီဘိတ်ခ်အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ စပါးအသင်းရဲ့ကမ်းလှမ်းမှုကိုရခဲ့ပြီး ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဗန်ဒီဘိတ်ခ်ကို ရီးရဲလ်ကလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေရှိခဲ့ဖူးပြီး ကိုဗစ် ဖြစ်ခဲ့တာကြောင့်သာ မခေါ်ယူဖြစ်ခဲ့ဘူးလို့လည်း သိရပါတယ်။ ဗန်ဒီဘိတ်ခ်ကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဒီနှစ်နွေရာသီမှာ ယူနိုက်တက်အတွက် ပထမဆုံးခေါ်ယူတဲ့ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။

zawgyi version

ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ ယူႏိုက္တက္ သေဘာတူမႈရထားၿပီး ဒီရက္ပိုင္းအတြင္း အၿပီးေခၚယူႏိုင္မယ္လို႔ သိရ
ယူႏိုက္တက္အသင္းအေနနဲ႔ ဒီႏွစ္ေႏြရာသီမွာ ပထမဆံုးကစားသမားေခၚယူမႈအျဖစ္ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္ ကို ေခၚယူဖို႔ ေပါင္သန္း ၄၀ နဲ႔ သေဘာတူညီမႈရထားၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာပဲ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မယ္လို႔ လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ကလပ္အသင္းႏွစ္သင္းၾကား ဗန္ဒီဘိတ္ခ္ရဲ႕ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြး ခဲ့ၾကၿပီး သေဘာတူညီမႈ ရခဲ့တာျဖစ္ပါတယ္။
Sportsmail သတင္းဌာနကေတာ့ ဗန္ဒီဘိတ္ခ္ေနနဲ႔ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ ေသခ်ာသြားၿပီလို႔ ေဖာ္ျပခဲ့ၿပီး ငါးႏွစ္စာ ခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ကာ တစ္ပတ္ကိုလုပ္ခလစာေပါင္ ၃၀၀၀၀ ရရွိမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဗန္ဒီဘိတ္ခ္က လက္ရွိမွာ ေအ ဂ်က္အသင္းနဲ႔ ျပန္လည္ပူးေပါင္းၿပီး ေလ့က်င့္ခန္းဆင္းေနေပမယ့္ ဟာသာဘာလင္နဲ႔ကစားခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ ေတာ့ ပါဝင္ကစားခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။
ေအဂ်က္အသင္းနည္းျပ အဲရစ္တန္ဟတ္ကလည္း ဗန္ဒီဘိတ္ခ္ရဲ႕ အေျပာင္းအေရႊ႕ကိစၥအတြက္ အတည္ျပဳခဲ့ၿပီး သူကို အသင္းမွာ ဆက္ရွိဖို႔ အလိုရွိေပမယ့္ သူရဲ႕ကစားသမားဘဝတိုးတက္ဖို႔အတြက္ အသင္းေျပာင္းမယ့္ကိစၥကို မတားဆီးခဲ့ဘူး လို႔ ေျပာခဲဲ့ပါတယ္။ ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္ဟာ ၿပီးခဲ့တဲ့ရာသီကေတာ့ ေအဂ်က္အတြက္ၿပိဳင္ပြဲစံု ၃၇ ပြဲမွာ ၁၀ ဂိုးအထိ သြင္းယူေပးခဲ့ႏိုင္သူလည္း ျဖစ္ပါတယ္။
The Mirror သတင္းစာကေတာ့ ဗန္ဒီဘိတ္ခ္အေနနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ စပါးအသင္းရဲ႕ကမ္းလွမ္းမႈကိုရခဲ့ၿပီး ျငင္းပယ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဗန္ဒီဘိတ္ခ္ကို ရီးရဲလ္ကလည္း ေခၚယူဖို႔အတြက္ စိတ္ဝင္စားမႈေတြရွိခဲ့ဖူးၿပီး ကိုဗစ္ ျဖစ္ခဲ့တာေၾကာင့္သာ မေခၚယူျဖစ္ခဲ့ဘူးလို႔လည္း သိရပါတယ္။ ဗန္ဒီဘိတ္ခ္ကိုယ္တိုင္ကလည္း ယူႏိုက္တက္မွာ ကစားဖို႔ ဆႏၵရွိေနတာေၾကာင့္ ဒီႏွစ္ေႏြရာသီမွာ ယူႏိုက္တက္အတြက္ ပထမဆံုးေခၚယူတဲ့ကစားသမားျဖစ္လာဖို႔ ရွိေနပါတယ္။