အေစီမီလန်အသင်းကို ပြောင်းရန် နီးစပ်နေတဲ့ စပါးနောက်ခံလူ အော်ရီရာ

စပါးအသင်းဟာ ဒိုဟာတီကို ခေါ်ယူလိုက်ပြီဖြစ်လို့ အေစီမီလန်အသင်းက အော်ရီရာကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်ပါတယ်။ စီးရီးအေ ကလပ်အသင်းဟာ ညာနောက်ခံလူ ကို ကာလရှည်ဆက်သွယ်နေတာဖြစ်ပြီး အစောပိုင်းတုန်းက ပေါင် ၁၃ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို စပါးအသင်းက ပယ်ချလိုက်ပြီး ပေါင် ၁၈ သန်း တောင်းဆိုထားပါတယ်။

လန်ဒန်ကလပ်အသင်းဟာ ဒီနေ့မှာပဲ ဒိုဟာတီကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တာဖြစ်လို့ အော်ရီရာဟာ အသင်းကနေ ထွက်ခွာရန် နီးစပ်နေပြီဖြစ်ပါတယ်။ ဒေးလီးစတားက အဆိုအရ နောက်ခံလူဟာ ဝုလ်ဗ်အသင်းကို အပြောင်းအရွှေ့ တစ်စိတ်တစ်ဒေသအဖြစ် ပြောင်းရွှေ့မယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

Football Italia က အဆိုအရ အော်ရီရာဟာ ဆန်စီရိုကို ပြောင်းရွှေ့ကစားဖို့ကိုပဲ အာရုံစိုက်နေတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါကလပ်အသင်း လေဗာကူဆင်ကလည်း ညာနောက်ခံလူကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။ စပါးအသင်းဟာ အိုင်ဗရီကိုစ့်လက်ရွေးစင်ကစားသမားကို ၂၀၁၇ ခုနှစ်တုန်းက ပီအက်စ်ဂျီအသင်းကနေ ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

သို့သော်လည်း အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်မှာ (၈) ပွဲပဲ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ နောက်ခံလူဟာ ပြီးခဲ့တဲ့နွေရာသီကလည်း အသင်းမှ ထွက်ခွာလို့ မရခဲ့ပေမယ့် မော်ရင်ဟိုလက်အောက်မှာ ပုံမှန်ကစားခွင့်ပြန်ရခဲ့ပါတယ်။ အော်ရီရာဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂) ဂိုးသွင်းပြီး (၈) ဂိုးအထိ ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

ေအစီမီလန္အသင္းကို ေျပာင္းရန္ နီးစပ္ေနတဲ့ စပါးေနာက္ခံလူ ေအာ္ရီရာ

စပါးအသင္းဟာ ဒိုဟာတီကို ေခၚယူလိုက္ျပီျဖစ္လို႔ ေအစီမီလန္အသင္းက ေအာ္ရီရာကို ေခၚယူရန္ နီးစပ္ေနျပီျဖစ္ပါတယ္။ စီးရီးေအ ကလပ္အသင္းဟာ ညာေနာက္ခံလူ ကို ကာလရွည္ဆက္သြယ္ေနတာျဖစ္ျပီး အေစာပိုင္းတုန္းက ေပါင္ ၁၃ သန္းနဲ႔ ကမ္းလွမ္းခဲ့တာကို စပါးအသင္းက ပယ္ခ်လိုက္ျပီး ေပါင္ ၁၈ သန္း ေတာင္းဆိုထားပါတယ္။

လန္ဒန္ကလပ္အသင္းဟာ ဒီေန႔မွာပဲ ဒိုဟာတီကို ေပါင္ ၁၅ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္တာျဖစ္လို႔ ေအာ္ရီရာဟာ အသင္းကေန ထြက္ခြာရန္ နီးစပ္ေနျပီျဖစ္ပါတယ္။ ေဒးလီးစတားက အဆိုအရ ေနာက္ခံလူဟာ ၀ုလ္ဗ္အသင္းကို အေျပာင္းအေရႊ႕ တစ္စိတ္တစ္ေဒသအျဖစ္ ေျပာင္းေရႊ႕မယ့္ အခြင့္အေရးကို ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။

Football Italia က အဆိုအရ ေအာ္ရီရာဟာ ဆန္စီရိုကို ေျပာင္းေရႊ႕ကစားဖို႔ကိုပဲ အာရံုစိုက္ေနတယ္လို႔ သိရပါတယ္။ ဘြန္ဒက္စ္လီဂါကလပ္အသင္း ေလဗာကူဆင္ကလည္း ညာေနာက္ခံလူကို ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။ စပါးအသင္းဟာ အိုင္ဗရီကိုစ့္လက္ေရြးစင္ကစားသမားကို ၂၀၁၇ ခုႏွစ္တုန္းက ပီအက္စ္ဂ်ီအသင္းကေန ေပါင္ ၂၃ သန္းနဲ႔ ေခၚယူခဲ့တာပါ။

သို႔ေသာ္လည္း အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ သူ႔ရဲ႕ ပထမဆံုး ပရီးမီးယားလိဂ္မွာ (၈) ပြဲပဲ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ေနာက္ခံလူဟာ ျပီးခဲ့တဲ့ေႏြရာသီကလည္း အသင္းမွ ထြက္ခြာလို႔ မရခဲ့ေပမယ့္ ေမာ္ရင္ဟိုလက္ေအာက္မွာ ပံုမွန္ကစားခြင့္ျပန္ရခဲ့ပါတယ္။ ေအာ္ရီရာဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ စပါးအသင္းအတြက္ ျပိဳင္ပြဲစံု (၂) ဂိုးသြင္းျပီး (၈) ဂိုးအထိ ဖန္တီးေပးခဲ့သူျဖစ္ပါတယ္။