အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေးကို ခေါ်ယူရန် အင်တာမီလန်အသင်းလည်း စိတ်ဝင်စားလာ

အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကြယ်ပွင့် သောမတ်စ်ပါတေးကို ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂါနာလက်ရွေးစင်ကစားသမားကို ဒီအပြောင်းအရွှေ့ရာသီမှာ အက်ဖ်အေဖလား နဲ့ ကွန်မြူနတီဒိုင်းပိုင်ရှင် အာဆင်နယ်အသင်းက ဆက်သွယ်မှုတွေလုပ်ထားတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဝီလီယံကိုချဲလ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး အသင်းခေါင်းဆောင် အူဘာမီးယန်းကိုလည်း စာချုပ်သက်တမ်းတိုးနိုင်တော့မယ်လို့ သိရပါတယ်။ သို့သော်လည်း မြောက်လန်ဒန်ကလပ် အသင်းဟာ သောမတ်စ်ပါတေးကို ခေါ်ယူရန် ပြောင်းရွှေ့အတွက် ရုန်းကန်ရဖွယ်ရှိနေပြီး ယခုအခါ အင်တာမီလန်အသင်းက ပါ စိတ်ဝင်စားလာပြီဖြစ်ပါတယ်။

အင်တာမီလန်နည်းပြ ကွန်တီဟာ သောမတ်စ်ပါတေးကို အသင်းကနေ ထွက်ခွာမယ့် ဘရိုဇိုဗစ်နေရာမှာ အစားထိုးရန် ရည်ရွယ်ထားတာပါ။ ခရိုအေးရှားကွင်းလယ်လူဟာ ဒီနွေရာသီမှာ အသင်းက ထွက်ခွာမှာဖြစ်လို့ ကွန်တီက အက်သလက်တီကိုမက်ဒရစ်အသင်းက ပေါင် ၄၅ သန်းတန် သောမတ်စ်ပါတေးကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ နည်းပြဆီမြွန်နီကတော့ သောမတ်စ်ပါတေးကို အသင်းမှာ ဆက်ထားလိုနေတယ်လို့လည်း သိရပါတယ်။ သောမတ်စ်ပါတေးရဲ့ ဂါနာလက်ရွေးစင်နည်းပြ ကတော့ သူ့ကို အာဆင်နယ်အသင်းကို မပြောင်းရန် သတိပေးထားပါတယ်။

“အရိုးသားဆုံးပြောရရင် ကျွန်တော်သူ့ကို အာဆင်နယ်ကို မပြောင်းစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဆိုရင် သူဟာ ချန်ပီယံလိဂ်ကစားရမှာပါ။ သူ့ရဲ့ ပွဲကစားခွင့်ကလည်း အာမခံချက်ရှိပါတယ်။ အာဆင်နယ်မှာဆိုရင်တော့ သိပ်မသေချာပါဘူး။ ဒီလိုပြောလို့ အာဆင်နယ် ပရိသတ်တွေကတော့ ကျွန်တော့်ကို သတ်လိမ့်မယ်” လို့ သူက ပြောသွားခဲ့တာဖြစ်ပါတယ်။

 

အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ပါေတးကို ေခၚယူရန္ အင္တာမီလန္အသင္းလည္း စိတ္၀င္စားလာ

အင္တာမီလန္အသင္းဟာ အာဆင္နယ္အသင္းက ပစ္မွတ္ထားေနတဲ့ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ၾကယ္ပြင့္ ေသာမတ္စ္ပါေတးကို ေခၚယူရန္ စိတ္၀င္စားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ဂါနာလက္ေရြးစင္ကစားသမားကို ဒီအေျပာင္းအေရႊ႕ရာသီမွာ အက္ဖ္ေအဖလား နဲ႔ ကြန္ျမဴနတီဒိုင္းပိုင္ရွင္ အာဆင္နယ္အသင္းက ဆက္သြယ္မႈေတြလုပ္ထားတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ၀ီလီယံကိုခ်ဲလ္ဆီးအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားျပီး အသင္းေခါင္းေဆာင္ အူဘာမီးယန္းကိုလည္း စာခ်ဳပ္သက္တမ္းတိုးႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း ေျမာက္လန္ဒန္ကလပ္ အသင္းဟာ ေသာမတ္စ္ပါေတးကို ေခၚယူရန္ ေျပာင္းေရႊ႕အတြက္ ရုန္းကန္ရဖြယ္ရွိေနျပီး ယခုအခါ အင္တာမီလန္အသင္းက ပါ စိတ္၀င္စားလာျပီျဖစ္ပါတယ္။

အင္တာမီလန္နည္းျပ ကြန္တီဟာ ေသာမတ္စ္ပါေတးကို အသင္းကေန ထြက္ခြာမယ့္ ဘရိုဇိုဗစ္ေနရာမွာ အစားထုိးရန္ ရည္ရြယ္ထားတာပါ။ ခရိုေအးရွားကြင္းလယ္လူဟာ ဒီေႏြရာသီမွာ အသင္းက ထြက္ခြာမွာျဖစ္လို႔ ကြန္တီက အက္သလက္တီကိုမက္ဒရစ္အသင္းက ေပါင္ ၄၅ သန္းတန္ ေသာမတ္စ္ပါေတးကို ေခၚယူလိုေနတာျဖစ္ပါတယ္။ နည္းျပဆီျမြန္နီကေတာ့ ေသာမတ္စ္ပါေတးကို အသင္းမွာ ဆက္ထားလိုေနတယ္လို႔လည္း သိရပါတယ္။ ေသာမတ္စ္ပါေတးရဲ႕ ဂါနာလက္ေရြးစင္နည္းျပ ကေတာ့ သူ႔ကို အာဆင္နယ္အသင္းကို မေျပာင္းရန္ သတိေပးထားပါတယ္။

“အရိုးသားဆံုးေျပာရရင္ ကၽြန္ေတာ္သူ႔ကို အာဆင္နယ္ကို မေျပာင္းေစခ်င္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ဆိုရင္ သူဟာ ခ်န္ပီယံလိဂ္ကစားရမွာပါ။ သူ႔ရဲ႕ ပြဲကစားခြင့္ကလည္း အာမခံခ်က္ရွိပါတယ္။ အာဆင္နယ္မွာဆိုရင္ေတာ့ သိပ္မေသခ်ာပါဘူး။ ဒီလိုေျပာလို႔ အာဆင္နယ္ ပရိသတ္ေတြကေတာ့ ကၽြန္ေတာ့္ကို သတ္လိမ့္မယ္” လို႔ သူက ေျပာသြားခဲ့တာျဖစ္ပါတယ္။