ယူနိုက်တက်ကြယ်ပွင့် ဖရက်ဒ်ကို ခေါ်ယူရန် ပြင်ဆင်လာတဲ့ ဂါလာတာစာရေး

ဂါလာတာစာရေးအသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ တူရကီက သတင်းများအရ သိရပါတယ်။ ဘရာဇီး ကစားသမားဟာ ၂၀၁၈ ခုနှစ်တုန်းက ရှက်တာဒိုးနက်အသင်းကနေ ယူနိုက်တက်ကို ပေါင် ၅၂ သန်းနဲ့ ရောက်ရှိလာပြီး ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ပိုင်းမှာ ကွင်းလယ် (၃) ယောက်အတွဲကို မာတစ်၊ ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကိုပဲ အသုံးများခဲ့ပြီး ဖရက်ဒ်ရဲ့ ပွဲကစားခွင့်တွေဟာ ကန့်သတ်ထားခြင်းခံနေရပါတယ်။တူရကီသတင်းစာများရဲ့ ဖော်ပြချက်အရ ဂါလာတာစာရေးအသင်းဟာ ဘရာဇီးကစားသမားကို ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် စုံစမ်းနေပြီး စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဖရက်ဒ်ရဲ့ ယူနိုက်တက်အသင်းနဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိ ရှိနေပြီး အငှားနဲ့ အရင်ခေါ်ယူပြီးမှ အပြီးသတ်ဝယ်ယူသွားမယ်လို့လည်း သိရပါတယ်။ တူရကီကလပ်အသင်းဟာ ကွင်းလယ်အတွက် ဒီနွေရာသီအပြောင်းအရွှေ့မှာ အင်အားဖြည့်တင်းရန် တစ်ကယ်လိုအပ်နေတယ်လို့ သိရပါတယ်။ ဖရက်ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပြီးခဲ့တဲ့ ရာသီက (၄၈) ပွဲကစားခဲ့ပြီး (၂) ဂိုးသွင်းကာ (၄) ဂိုးဖန်တီးပေးခဲ့ပြီး မနှစ်က ပရီးမီးယားလိဂ်ဟာ သူ့အတွက် အကောင်းဆုံးသော ခြေစွမ်းပြခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။

ယူႏိုက္တက္ၾကယ္ပြင့္ ဖရက္ဒ္ကို ေခၚယူရန္ ျပင္ဆင္လာတဲ့ ဂါလာတာစာေရး

ဂါလာတာစာေရးအသင္းဟာ ယူႏိုက္တက္ကြင္းလယ္လူ ဖရက္ဒ္ကို ေခၚယူရန္ ျပင္ဆင္ေနတယ္လို႔ တူရကီက သတင္းမ်ားအရ သိရပါတယ္။ ဘရာဇီး ကစားသမားဟာ ၂၀၁၈ ခုႏွစ္တုန္းက ရွက္တာဒိုးနက္အသင္းကေန ယူႏိုက္တက္ကို ေပါင္ ၅၂ သန္းနဲ႔ ေရာက္ရွိလာျပီး ပံုမွန္ပြဲထြက္ခြင့္ရရန္ ရုန္းကန္ေနရသူျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေနာက္ပိုင္းမွာ ကြင္းလယ္ (၃) ေယာက္အတြဲကို မာတစ္၊ ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္တို႔ကိုပဲ အသံုးမ်ားခဲ့ျပီး ဖရက္ဒ္ရဲ႕ ပြဲကစားခြင့္ေတြဟာ ကန္႔သတ္ထားျခင္းခံေနရပါတယ္။တူရကီသတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ ဂါလာတာစာေရးအသင္းဟာ ဘရာဇီးကစားသမားကို ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ စံုစမ္းေနျပီး စိတ္၀င္စားေနတာျဖစ္ပါတယ္။

ဖရက္ဒ္ရဲ႕ ယူႏိုက္တက္အသင္းနဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္အထိ ရွိေနျပီး အငွားနဲ႔ အရင္ေခၚယူျပီးမွ အျပီးသတ္၀ယ္ယူသြားမယ္လို႔လည္း သိရပါတယ္။ တူရကီကလပ္အသင္းဟာ ကြင္းလယ္အတြက္ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အင္အားျဖည့္တင္းရန္ တစ္ကယ္လိုအပ္ေနတယ္လို႔ သိရပါတယ္။ ဖရက္ဒ္ဟာ ယူႏိုက္တက္အသင္းအတြက္ ျပီးခဲ့တဲ့ ရာသီက (၄၈) ပြဲကစားခဲ့ျပီး (၂) ဂိုးသြင္းကာ (၄) ဂိုးဖန္တီးေပးခဲ့ျပီး မႏွစ္က ပရီးမီးယားလိဂ္ဟာ သူ႔အတြက္ အေကာင္းဆံုးေသာ ေျခစြမ္းျပခဲ့တဲ့ ႏွစ္လည္း ျဖစ္ပါတယ္။