ရာဟင်မ်ဘရူးစတား ပင်နယ်တီ လွဲတာ နည်းပြဖြစ်တဲ့ သူ့မှာပဲ တာဝန်အပြည့်ရှိတယ်လို့ ဆိုလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ အာဆင်နယ်အသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ် ကန်ခဲ့ရတဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ရာဟင်မ်ဘရူးစတားအတွက် နည်းပြဖြစ်တဲ့သူ့ကိုပဲ အပြစ်တင်ရန် ပြောသွားခဲ့ပါတယ်။ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဘရူးစတားဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းအစား လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာ သူ့အလှည့်၌ ဂိုးဘားတန်းကို ထိခဲ့ပြီး လွဲချော်ခဲ့လို့ အာဆင်နယ်အသင်းက (၅-၄) နဲ့ အနိုင်ရသွားပြီး ဖလား သိမ်းပိုက်သွားခဲ့ပါတယ်။ ကလော့ပ်က ဘရူးစတားဟာ လီဗာပူးလ်အသင်းအတွက် ရေရှည်စီမံကိန်းဖြစ်ပြီး အတွေ့အကြုံက သူ့ကို ကူညီသွားပြီး ဒီထက်ပိုပြီးကောင်းလာမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဒါက ဘရူးစတားကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆိုရင် ကျွန်တော့့်ကိုပဲ အပြစ်တင်ပါ။ ကျွန်တော်က သူ့ကို ကန်စေချင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ သူ့က တစ်ကယ့်ကို အဆုံးသတ်ကောင်းပြီး ယုံကြည်မှု လည်း အရမ်းရှိတဲ့သူပါ။ ဒီနေ့တော့ မဟုတ်ပါဘူး။

ဒါက ဘောလုံး နဲ့ ဘဝမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလို ရှုံးပွဲတွေကနေလည်း ကျွန်တော်တို့ သင်ယူသွားရမှာပါ။ သူက ကန်သွင်းလို့ ဝင်သွားပြီး နောက်တစ်ယောက်က လွဲသွားရင်လည်း ဒီလိုပဲ ကျွန်တော်ပြောမှာပါ။ သူဒီလိုမျိုး လွဲတာ ကျွန်တော် တစ်ခါမှ မမြင်ဖူးပေမယ့် ဒါက ဖြစ်တတ်ပါတယ်” လို့ ကလော့ပ်က ပြောသွားခဲ့ပါတယ်။

ရာဟင္မ္ဘ႐ူးစတား ပင္နယ္တီ လြဲတာ နည္းျပျဖစ္တဲ့ သူ႔မွာပဲ တာဝန္အျပည့္ရွိတယ္လို႔ ဆိုလိုက္တဲ့ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ဟာ အာဆင္နယ္အသင္းနဲ႔ ပင္နယ္တီ အဆုံးအျဖတ္ ကန္ခဲ့ရတဲ့ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ ရာဟင္မ္ဘ႐ူးစတားအတြက္ နည္းျပျဖစ္တဲ့သူ႔ကိုပဲ အျပစ္တင္ရန္ ေျပာသြားခဲ့ပါတယ္။ ဝင္ဘေလကြင္းမွာ ကစားခဲ့တဲ့ပြဲမွာ ဘ႐ူးစတားဟာ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ကြင္းလယ္လူ ဝိုင္နယ္လ္ဒမ္းအစား လူစားဝင္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ ပင္နယ္တီ အဆုံးအျဖတ္ကန္သြင္းရာမွာ သူ႔အလွည့္၌ ဂိုးဘားတန္းကို ထိခဲ့ၿပီး လြဲေခ်ာ္ခဲ့လို႔ အာဆင္နယ္အသင္းက (၅-၄) နဲ႔ အႏိုင္ရသြားၿပီး ဖလား သိမ္းပိုက္သြားခဲ့ပါတယ္။ ကေလာ့ပ္က ဘ႐ူးစတားဟာ လီဗာပူးလ္အသင္းအတြက္ ေရရွည္စီမံကိန္းျဖစ္ၿပီး အေတြ႕အႀကဳံက သူ႔ကို ကူညီသြားၿပီး ဒီထက္ပိုၿပီးေကာင္းလာမယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ဒါက ဘ႐ူးစတားကို ထိခိုက္ေစမွာ မဟုတ္ပါဘူး။ တစ္ေယာက္ေယာက္ကို အျပစ္တင္မယ္ဆိုရင္ ကြၽန္ေတာ့့္ကိုပဲ အျပစ္တင္ပါ။ ကြၽန္ေတာ္က သူ႔ကို ကန္ေစခ်င္ေနတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔က တစ္ကယ့္ကို အဆုံးသတ္ေကာင္းၿပီး ယုံၾကည္မႈ လည္း အရမ္းရွိတဲ့သူပါ။ ဒီေန႔ေတာ့ မဟုတ္ပါဘူး။

ဒါက ေဘာလုံး နဲ႔ ဘဝမွာလည္း ျဖစ္တတ္ပါတယ္။ ဒီလို ရႈံးပြဲေတြကေနလည္း ကြၽန္ေတာ္တို႔ သင္ယူသြားရမွာပါ။ သူက ကန္သြင္းလို႔ ဝင္သြားၿပီး ေနာက္တစ္ေယာက္က လြဲသြားရင္လည္း ဒီလိုပဲ ကြၽန္ေတာ္ေျပာမွာပါ။ သူဒီလိုမ်ိဳး လြဲတာ ကြၽန္ေတာ္ တစ္ခါမွ မျမင္ဖူးေပမယ့္ ဒါက ျဖစ္တတ္ပါတယ္” လို႔ ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။