ယူနိုက်တက်မှာ မျက်နှာသာ မပေးခံရတဲ့ ဂိုးသမား ရိုမဲရိုးကို ခေါ်ယူရန် အဲဗာတန်အသင်း မျက်စိကျနေ

အဲဗာတန်အသင်းဟာ ယူနိုက်တက်မှာ မျက်နှာသာ ပေးခြင်းမခံရတဲ့ ဂိုးသမား ရိုမဲရိုးကို ခေါ်ယူပြီး အသင်းက ဂိုးသမား ပစ်ဖိုဒ့်ကို ဖိအားပေးသွားရန် စဉ်းစားနေတယ်လို့ The Mirror သတင်းဌာနက အဆိုအရ သိရပါတယ်။ နည်းပြ အန်စလော့တီ ဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အောက်နားမှာ ရပ်တည်ခဲ့ရပြီး ပစ်ဖိုဒ့်ရဲ့ လက်စွမ်းကို သိပ်မကြိုက်ခဲ့ဘူး ဖြစ်ပါတယ်။ ရိုမဲရိုးကလည်း ယူနိုက်တက်မှာ ဒုတိယဦးစားပေးအဖြစ်သာ ကစားနေရပြီး အခုထိ ဒီဂီယာက နံပါတ် (၁) နေရာမှာ ပဲ ကစားခွင့်ရနေပါတယ်။

အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်ကို ၂၀၁၅ ခုနှစ်ကတည်းက ရောက်လာခဲ့ပေမယ့် ၆၁ ပွဲပဲ ကစားခွင့်ရထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂီယာရဲ့ နေရာမှာ ရေရှည်အစားထိုးရန်အတွက် အသင်းကို ဟန်ဒါဆန် ရောက်လာပြီဖြစ်လို့ ရိုမဲရိုး အနေနဲ့ အရင်ကထက် ပိုပြီး ကစားခွင့် နည်းပါးရဖွယ်ရှိနေပါတယ်။ ဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ (၂) နှစ် အငှားသွားရောက်ကစားပြီး ပုံစံကောင်းတွေပြသခဲ့သူ ဖြစ်ပါတယ်။လိဒ်ယူနိုက်တက်အသင်းကလည်း ရိုမဲရိုးရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အန်စလော့တီဟာ အမှတ်ပေးဇယားထိပ်ပိုင်း တက်နိုင်ရန်အတွက် အသင်းရဲ့ လူစာရင်းကို ဒီထက်အင်အားတောင့်တင်းအောင် လုပ်ချင်နေတာဖြစ်ပါတယ်။ အဲဗာတန်အသင်းနာပိုလီ ကွင်းလယ်လူ ဂျိုးအလန်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကိုလည်း ထပ်မံခေါ်ယူနိုင်ရန် မျှော်လင့်နေပါတယ်။



