ချဲလ်ဆီးကစားသမားသစ် ဇီယက် ဘရိုက်တန်အသင်းနဲ့ ခြေစွမ်းပွဲမှာ ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခံရ

ဇီယက်ဟာ စနေနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက်မှာ အကောင်းဆုံး ခြေစွမ်းပြပေမယ့် ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခံလိုက်ရပါတယ်။ကိုဗစ်ကြောင့်ပရိသတ်မပါပဲ ကစားလာခဲ့ပေမယ့် ဒီနေ့ပွဲမှာ ပရိသတ် ၂၅၀၀ ကို အစမ်းထည့်သွင်းပြီး ပြန်လည်ကစားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ လမ်းပတ်ဒီနွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ ဇီယက် နဲ့ တီမိုဝါနာ တို့ (၂) ယောက် ပါဝင်ကစားတာကို မြင်တွေ့ခဲ့ရပါတယ်။

သူတို့ (၂) ယောက်စလုံးဟာ အထင်ကြီးလေးစားမှု ခံခဲ့ရပြီး တီမိုဝါနာလည်း ချဲလ်ဆီးအသင်းအတွက် ပထမဆုံးဂိုးကို အေးအေးဆေးဆေး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။သို့သော်လည်း မော်ရိုကို လက်ရွေးစင်ကစားသမားဟာ ဘောလုံးကို ထိန်းသိမ်းရာမှာ ခြေထောက် လည်သွားဟန်ရှိခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ကွင်းထဲကို ပြန်လည်ဝင်ရောက်ကစားခဲ့ပေမယ့် ကြာကြာ မကစားနိုင်ခဲ့လို့ လမ်းပတ်ဟာ သူ့ကို ထုတ်ပြီး အသက် ၂၀ အရွယ် ကော်နာဂါလက်ဟာ ကို အစားထိုးခဲ့တာဖြစ်ပါတယ်။ပွဲအပြီးမှာ လမ်းပတ်က ဇီယက်ဟာ ဒူးနဲနဲ လည်သွားတာဖြစ်ပြီး နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ရဦးမယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ချဲလ်ဆီးပရိသတ်တွေကလည်း ပရီးမီးယားလိဂ်ပြန်စဖို့ နောက် (၂) ပတ်တောင် မလိုတော့တဲ့အချိန်မှာ ယခုလို အသစ်ခေါ်ယူထားတဲ့ ကစားသမား တစ်ယောက် ဒဏ်ရာ မပြင်းထန်ဘူးဆိုတဲ့ သတင်းကို နားစွင့်နေတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဘင်ချီဝဲလ်၊ သီယာဂိုဆေးလ်ဗား နဲ့ မာလန်းဆားတို့ကိုလည်း နောက်ထပ် ခေါ်ယူထားပါတယ်။




