ဘာစီလိုနာ နဲ့ သတင်းထွက်နေတဲ့ ဗန်ဒီဘိခ်ကို ယူနိုက်တက် နဲ့ စပါးအပြိုင်ပစ်မှတ်ထားနေ

ဘာစီလိုနာအသင်း နဲ့ သတင်းထွက်နေတဲ့ အေဂျက်ကြယ်ပွင့် ဗန်ဒီဘိခ်ကို ယူနိုက်တက်နဲ့ စပါးအသင်းက အပြိုင်ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ အေဂျက်က သတ်မှတ်ထားတဲ့ ပေါင်သန်း ၅၀ ကို မပေးနိုင်တဲ့အတွက် အသင်းက ကစားသမားတွေကို အရင်ဆုံးရောင်းချရဦးမယ်လို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ လက်ရှိမှာလည်း အသင်းခေါင်းဆောင် မက်ဆီ ထွက်ခွာမယ့် ကိစ္စနဲ့ နပန်းလုံးနေရပါတယ်။

သို့သော်လည်း စပိန်ဘီလူးအသင်းဟာ မက်ဆီရဲ့ ကိစ္စကို ဖြေရှင်းပြီးတာ နဲ့ ဗန်ဒီဘိခ်ကို ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ဟော်လန်လက်ရွေးစင်အသင်းမှာ သူကိုင်တွယ်ခဲ့တဲ့ (၂) နှစ်ကတည်းက နှစ်သက်ခဲ့သူပါ။ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားလို့ သူ့ကို ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက် နဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေပေမယ့် ဒက်ချ်ကစားသမားက ဘာစီလိုနာကိုပဲ ပြောင်းချင်နေတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ဘာစီလိုနာကို ပြောင်းဖြစ်ခဲ့ရင် အေဂျက်အသင်းဖော်ဟောင်း ဖရန်ကီဒီဂျောင်နဲ့ အတူတူ ပြန်လည်တွဲကစားရမှာပါ။ အပြောင်းအရွှေ့ရာသီက အောက်တိုဘာလ ၅ ရက်နေ့အထိ ဖွင့်သေးတာဖြစ်လို့ ရော်နယ်ကိုးမန်းဟာ အသင်းက ကစားသမားတွေကို အေးဆေး ရောင်းချရန် အချိန်ရှိသေးတာဖြစ်ပါတယ်။ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းအတွက် စုစုပေါင်း (၁၇၅) ပွဲကစားထားပြီး (၄၁) ဂိုးသွင်းကာ (၃၄) ဂိုးဖန်တီးပေးထားပါတယ်။

ဘာစီလိုနာ နဲ႔ သတင္းထြက္ေနတဲ့ ဗန္ဒီဘိခ္ကို ယူႏုိက္တက္ နဲ႔ စပါးအျပိဳင္ပစ္မွတ္ထားေန

ဘာစီလိုနာအသင္း နဲ႔ သတင္းထြက္ေနတဲ့ ေအဂ်က္ၾကယ္ပြင့္ ဗန္ဒီဘိခ္ကို ယူႏိုက္တက္နဲ႔ စပါးအသင္းက အျပိဳင္ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဟာ ေအဂ်က္က သတ္မွတ္ထားတဲ့ ေပါင္သန္း ၅၀ ကို မေပးႏိုင္တဲ့အတြက္ အသင္းက ကစားသမားေတြကို အရင္ဆံုးေရာင္းခ်ရဦးမယ္လို႔ သတင္းထြက္ေပၚလာတာျဖစ္ပါတယ္။ဘာစီလိုနာအသင္းဟာ လက္ရွိမွာလည္း အသင္းေခါင္းေဆာင္ မက္ဆီ ထြက္ခြာမယ့္ ကိစၥနဲ႔ နပန္းလံုးေနရပါတယ္။

သို႔ေသာ္လည္း စပိန္ဘီလူးအသင္းဟာ မက္ဆီရဲ႕ ကိစၥကို ေျဖရွင္းျပီးတာ နဲ႔ ဗန္ဒီဘိခ္ကို ကမ္းလွမ္းသြားမွာ ျဖစ္ပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ေဟာ္လန္လက္ေရြးစင္အသင္းမွာ သူကိုင္တြယ္ခဲ့တဲ့ (၂) ႏွစ္ကတည္းက ႏွစ္သက္ခဲ့သူပါ။ဗန္ဒီဘိခ္ဟာ ေအဂ်က္အသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ေပးထားလို႔ သူ႔ကို ရီးရဲလ္မက္ဒရစ္၊ ယူႏိုက္တက္ နဲ႔ စပါးအသင္းတို႔က စိတ္၀င္စားေနေပမယ့္ ဒက္ခ်္ကစားသမားက ဘာစီလိုနာကိုပဲ ေျပာင္းခ်င္ေနတာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ ဘာစီလိုနာကို ေျပာင္းျဖစ္ခဲ့ရင္ ေအဂ်က္အသင္းေဖာ္ေဟာင္း ဖရန္ကီဒီေဂ်ာင္နဲ႔ အတူတူ ျပန္လည္တြဲကစားရမွာပါ။ အေျပာင္းအေရႊ႕ရာသီက ေအာက္တိုဘာလ ၅ ရက္ေန႔အထိ ဖြင့္ေသးတာျဖစ္လို႔ ေရာ္နယ္ကိုးမန္းဟာ အသင္းက ကစားသမားေတြကို ေအးေဆး ေရာင္းခ်ရန္ အခ်ိန္ရွိေသးတာျဖစ္ပါတယ္။ ဗန္ဒီဘိခ္ဟာ ေအဂ်က္အသင္းအတြက္ စုစုေပါင္း (၁၇၅) ပြဲကစားထားျပီး (၄၁) ဂိုးသြင္းကာ (၃၄) ဂိုးဖန္တီးေပးထားပါတယ္။