ရိုဒရီဂို ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ လိဒ်ယူနိုက်တက်အသင်း

လိဒ်ယူနိုက်တက်အသင်းဟာ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂို ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန်တိုက်စစ်မှူးဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ (၄) နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဘီယယ်ဆာရဲ့ အသင်းမှာ ၂၀၂၄ ခုနှစ်အထိ ရှိနေမှာဖြစ်ပါတယ်။

တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့က ဆေးစစ်မှု ခံယူပြီးနောက် အပြီးသတ် သဘောတူညီမှု ရခဲ့တာပါ။ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာရတာနဲ့ ပတ်သက်ပြီး ရိုဒရီဂိုက “ကျွန်တော် အရမ်းကို ပျော်ပါတယ်။ ပြီးတော့ ဒီလို ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာရတဲ့အသင်းနဲ့ လက်တွဲရတဲ့အတွက် စိတ်လည်း လှုပ်ရှားမိပါတယ်။

လူမှုကွန်ယက်က ပရိသတ် ၊ အသင်း ဥက္ကဌ အန်ဒရေ နဲ့ ဗစ်တာအော်တာ တို့ရဲ့ ကြိုးစားအားထုတ်မှုအတွက်လည်း ကျေးဇူးတင်ချင်ပါတယ်။ ဗစ်တာ နဲ့ စကားလည်းပြောပြီးတော့ ကျွန်တော် လိဒ်အသင်းနဲ့ စိန်ခေါ်ချင်တယ်လို့ သိလိုက်ပါပြီ။ ကျွန်တော့်အတွက်တော့ ဒါဟာ ကျွန်တော့်ကစားသမားဘ၀ အရေးပါတဲ့ ခြေလှမ်းအသစ်ဖြစ်ပြီး အသင်းရဲ့ ရည်မှန်းချက်တွေကို ရရှိအောင် ကူညီသွားချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ရိုဒရီဂိုဟာ ဗလင်စီယာအသင်းအတွက် ပြီးခဲ့တဲ့ရာသီတွေက အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၁၇-၁၈ ဘောလုံးရာသီမှာ (၁၉) ဂိုး နဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ (၁၅) ဂိုးသွင်းပေးခဲ့ပြီး ကိုပါဒဲလ်ရေးဖလား ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ရာသီကတော့ ဒူးဒဏ်ရာတွေနဲ့ အသင်းရဲ့ ပွဲတော်တော်များများကို လွဲချော်ခဲ့ရပြီး (၇) ဂိုးသာ သွင်းပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၃) ရာသီအတွင်း သူ့ရဲ့ ဂိုးဖန်တီးပေးမှုဟာ အထင်ကြီးလောက်စရာ ပြိုင်ပွဲစုံ (၂၈) ကြိမ်အထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းဟာ နောက်ရာသီ ဥရောပ ပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့ရတဲ့အတွက် အသင်းက အကောင်းဆုံး သော ကစားသမားအများစုကို ရောင်းချရမှာဖြစ်ပါတယ်။ ဖာရန်တောရက်စ် က မန်စီးတီး၊ ပါရာဂျို နဲ့ ကိုကွီလင်က ဗီလာရီးရဲလ်ကို အသီးသီး ပြောင်းရွှေ့ပြီးပါပြီ။

တိုက်စစ်မှူး ရိုဒရီဂိုဟာ ၂၀၁၀-၁၁ ဘောလုံးရာသီတုန်းက ပေါ်တူဂီကလပ် ဘင်ဖီကာကနေ ဘော်လ်တန်အသင်းမှာ (၁) နှစ်အငှားနဲ့ ကစားခဲ့ဖူးလို့ အင်္ဂလိပ်ဘောလုံး နဲ့ အတွေ့အကြုံရှိဖူးသူလည်း ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းမှာလည်း ရိုဒရီဂိုဟာ ယူ ၂၁ နှစ် ဥရောပ ဖလား နဲ့ စီနီယာအသင်းကြီးမှာ ၂၀၁၄ ခုနှစ်ကတည်း ကစားခွင့်ရခဲ့ပြီး (၂၂) ပွဲကစား (၈) ဂိုးသွင်းပေးခဲ့ပါတယ်။

ရိုဒရီဂို ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလိုက္ႏိုင္ျပီျဖစ္တဲ့ လိဒ္ယူႏိုက္တက္အသင္း

လိဒ္ယူႏိုက္တက္အသင္းဟာ ဗလင္စီယာတိုက္စစ္မွဴး ရိုဒရီဂို ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေခၚယူလိုက္ျပီလို႔ အတည္ျပဳလုိက္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ စပိန္တုိက္စစ္မွဴးဟာ လိဒ္ယူႏိုက္တက္အသင္းနဲ႔ (၄) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျပီး ဘီယယ္ဆာရဲ႕ အသင္းမွာ ၂၀၂၄ ခုႏွစ္အထိ ရွိေနမွာျဖစ္ပါတယ္။

တိုက္စစ္မွဴးဟာ ဗုဒၶဟူးေန႔က ေဆးစစ္မႈ ခံယူျပီးေနာက္ အျပီးသတ္ သေဘာတူညီမႈ ရခဲ့တာပါ။ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕လာရတာနဲ႕ ပတ္သက္ျပီး ရိုဒရီဂိုက “ကၽြန္ေတာ္ အရမး္ကို ေပ်ာ္ပါတယ္။ ျပီးေတာ့ ဒီလို ပရီးမီးယားလိဂ္ကို ျပန္လည္တန္းတက္လာရတဲ့အသင္းနဲ႔ လက္တြဲရတဲ့အတြက္ စိတ္လည္း လႈပ္ရွားမိပါတယ္။

လူမႈကြန္ယက္က ပရိသတ္ ၊ အသင္း ဥကၠဌ အန္ဒေရ နဲ႔ ဗစ္တာေအာ္တာ တို႔ရဲ႕ ၾကိဳးစားအားထုတ္မႈအတြက္လည္း ေက်းဇူးတင္ခ်င္ပါတယ္။ ဗစ္တာ နဲ႔ စကားလည္းေျပာျပီးေတာ့ ကၽြန္ေတာ္ လိဒ္အသင္းနဲ႔ စိန္ေခၚခ်င္တယ္လို႔ သိလိုက္ပါျပီ။ ကၽြန္ေတာ့္အတြက္ေတာ့ ဒါဟာ ကၽြန္ေတာ့္ကစားသမားဘ၀ အေရးပါတဲ့ ေျခလွမ္းအသစ္ျဖစ္ျပီး အသင္းရဲ႕ ရည္မွန္းခ်က္ေတြကို ရရွိေအာင္ ကူညီသြားခ်င္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

ရိုဒရီဂိုဟာ ဗလင္စီယာအသင္းအတြက္ ျပီးခဲ့တဲ့ရာသီေတြက အဓိက ကစားသမားတစ္ေယာက္ျဖစ္ခဲ့ျပီး ၂၀၁၇-၁၈ ေဘာလံုးရာသီမွာ (၁၉) ဂိုး နဲ႔ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ (၁၅) ဂိုးသြင္းေပးခဲ့ျပီး ကိုပါဒဲလ္ေရးဖလား ကိုလည္း ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။သူဟာ ျပီးခဲ့တဲ့ရာသီကေတာ့ ဒူးဒဏ္ရာေတြနဲ႔ အသင္းရဲ႕ ပြဲေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့ရျပီး (၇) ဂိုးသာ သြင္းေပးႏိုင္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ (၃) ရာသီအတြင္း သူ႔ရဲ႕ ဂိုးဖန္တီးေပးမႈဟာ အထင္ၾကီးေလာက္စရာ ျပိဳင္ပြဲစံု (၂၈) ၾကိမ္အထိ ရွိခဲ့တာလည္းျဖစ္ပါတယ္။ဗလင္စီယာအသင္းဟာ ေနာက္ရာသီ ဥေရာပ ျပိဳင္ပြဲ၀င္ခြင့္ လြဲေခ်ာ္ခဲ့ရတဲ့အတြက္ အသင္းက အေကာင္းဆံုး ေသာ ကစားသမားအမ်ားစုကို ေရာင္းခ်ရမွာျဖစ္ပါတယ္။ ဖာရန္ေတာရက္စ္ က မန္စီးတီး၊ ပါရာဂ်ိဳ နဲ႔ ကိုကြီလင္က ဗီလာရီးရဲလ္ကို အသီးသီး ေျပာင္းေရႊ႕ျပီးပါျပီ။

တိုက္စစ္မွဴး ရိုဒရီဂိုဟာ ၂၀၁၀-၁၁ ေဘာလံုးရာသီတုန္းက ေပၚတူဂီကလပ္ ဘင္ဖီကာကေန ေဘာ္လ္တန္အသင္းမွာ (၁) ႏွစ္အငွားနဲ႔ ကစားခဲ့ဖူးလို႔ အဂၤလိပ္ေဘာလံုး နဲ႔ အေတြ႕အၾကံဳရွိဖူးသူလည္း ျဖစ္ပါတယ္။ လက္ေရြးစင္အသင္းမွာလည္း ရိုဒရီဂိုဟာ ယူ ၂၁ ႏွစ္ ဥေရာပ ဖလား နဲ႔ စီနီယာအသင္းၾကီးမွာ ၂၀၁၄ ခုႏွစ္ကတည္း ကစားခြင့္ရခဲ့ျပီး (၂၂) ပြဲကစား (၈) ဂိုးသြင္းေပးခဲ့ပါတယ္။