ဆားဘီးယား လက်ရွေးစင်အသင်းမှ အနားယူခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ မာတစ် ယူကေ ကို ပြန်လာရင် ကွာရာတင်း ဝင်ရန် လိုအပ်

ယူနိုက်တက်ကွင်းလယ်လူ မာတစ်ဟာ ဆားဘီးယားလက်ရွေးစင်အသင်းကနေ အနားယူသွားပြီးနောက် ယူကေ ကိုပြန်လာတဲ့အခါ ကွာရာတင်းဝင်ရောက်ရမှာဖြစ်ပါတယ်။ ဆားဘီးယားဘောလုံးအဖွဲ့ချုပ်က မာတစ် လက်ရွေးစင်အသင်းကနေ အနားယူခဲ့ပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆားဘီးယားအားကစားဒါရိုက်တာ Vladimir Matijasevic က “အချို့တွေကတော့ လူငယ်တွေကို အချိန်ပေးဖို့ အချိန်ကြပြီလို့ ပြောကြပါတယ်။ မာတစ်ကလည်း အနားယူတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း တိတိကျကျ မပေးခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ သူဟာ အသက် ၃၂ နှစ်အရွယ်ရှိနေပြီး ကလပ်အသင်းအတွက်လည်း အချိန်ပေးရဦးမှာပါ။ ဥရောပက ကလပ်အသင်းပွဲတွေဟာ ပိုပြီးပင်ပန်းပြီး ပွဲကျပ်တွေများတာကို ကျွန်တော်တို့ သိပါတယ်။ အခုလက်ရွေးစင်အသင်းမှာ သွေးသစ်တွေကို အသုံးပြုရပါမယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ချဲလ်ဆီးကစားသမား ယူကေ ကို ပြန်လာပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းကြောင့် တစ်ဦးတည်းသီးသန့်နေထိုင်ရန် လိုအပ်နေပါတယ်။မာတစ်ဟာ ဆားဘီးယား လက်ရွေးစင်အသင်းရဲ့ ရုရှား နဲ့ တူရကီ ပွဲစဉ်တွေအတွက် ပူးပေါင်းရန် အသင်းဖော်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဆားဘီးယား လက္ေရြးစင္အသင္းမွ အနားယူခဲ့တဲ့ ယူႏိုက္တက္ကြင္းလယ္လူ မာတစ္ ယူေက ကို ျပန္လာရင္ ကြာရာတင္း ၀င္ရန္ လိုအပ္

ယူႏိုက္တက္ကြင္းလယ္လူ မာတစ္ဟာ ဆားဘီးယားလက္ေရြးစင္အသင္းကေန အနားယူသြားျပီးေနာက္ ယူေက ကိုျပန္လာတဲ့အခါ ကြာရာတင္း၀င္ေရာက္ရမွာျဖစ္ပါတယ္။ ဆားဘီးယားေဘာလံုးအဖြဲ႕ခ်ဳပ္က မာတစ္ လက္ေရြးစင္အသင္းကေန အနားယူခဲ့ျပီျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ဆားဘီးယားအားကစားဒါရိုက္တာ Vladimir Matijasevic က “အခ်ိဳ႕ေတြကေတာ့ လူငယ္ေတြကို အခ်ိန္ေပးဖို႔ အခ်ိန္ၾကျပီလို႔ ေျပာၾကပါတယ္။ မာတစ္ကလည္း အနားယူတာနဲ႔ ပတ္သက္ျပီး အေၾကာင္းအရင္း တိတိက်က် မေပးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ သူ႔ဆံုးျဖတ္ခ်က္ကို ေလးစားပါတယ္။ သူဟာ အသက္ ၃၂ ႏွစ္အရြယ္ရွိေနျပီး ကလပ္အသင္းအတြက္လည္း အခ်ိန္ေပးရဦးမွာပါ။ ဥေရာပက ကလပ္အသင္းပြဲေတြဟာ ပိုျပီးပင္ပန္းျပီး ပြဲက်ပ္ေတြမ်ားတာကို ကၽြန္ေတာ္တို႔ သိပါတယ္။ အခုလက္ေရြးစင္အသင္းမွာ ေသြးသစ္ေတြကို အသံုးျပဳရပါမယ္”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ခ်ဲလ္ဆီးကစားသမား ယူေက ကို ျပန္လာပါက ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေၾကာင့္ တစ္ဦးတည္းသီးသန္႔ေနထိုင္ရန္ လိုအပ္ေနပါတယ္။မာတစ္ဟာ ဆားဘီးယား လက္ေရြးစင္အသင္းရဲ႕ ရုရွား နဲ႔ တူရကီ ပြဲစဥ္ေတြအတြက္ ပူးေပါင္းရန္ အသင္းေဖာ္ေတြနဲ႔ ေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။